အိန္ဒိယကို ရောက်ရှိလာတဲ့ Xiaomi Redmi 5A Rose Gold

0
709

 

ပန်းရောင်စမတ်ဖုန်းရာသီလား။ Xiaomi ကတော့ ပန်းရောင်စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ ဒီကနေ့အစောပိုင်းမှာ Xiaomi Redmi 5A ရဲ့ Rose Gold ဗားရှင်းကိ အိန္ဒိယအတွက် ထုတ်ပေးလိုက်ပါတယ်။

ဒီအရောင်ကို နိုဝင်ဘာကတည်းက ကြေညာခဲ့ပေမယ့် Gold နဲ့ Dark Grey ကိုသာ အိန္ဒိယအတွက် ထုတ်ပေးခဲ့တာပါ။ Rose Gold version ကတော့ သူ့အရင်အရောင်တွေအတိုင်း Rs. 4,999 ပေးရမှာ ဖြစ်ပါတယ်။

February 14 ကို နီးကပ်လာတာနဲ့တစ်ပြိုင်နက် ပန်းရောင်တွေကို စမတ်ဖုန်းထုတ်လုပ်သူတွေက ထုတ်လုပ်လာကြပါတယ်။ LG ကလည်း Raspberry Rose LG V30 နဲ့ LG G6 ကို ထုတ်လုပ်ခဲ့ပြီး Samsung ကလည်း Rose Pink Galaxy S8ကို ယူကေမှာ launch လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Rose Gold Redmi 5A ကတော့ Mi.com ပေါ်မှာ စတင်ရောင်းချနေပြီးတော့ Flipkart မှာလည်း မကြာခင်ရနိုင်တော့မှာပါ။