နံရံအလှဆင်ခြင်းတွေကို ခံစားနိုင်ဖို့ကူညီပေးမယ့် Art.com & Houzz Apps

0
700

Apple ရဲ့ ARKit platform ကို 1.5 update နဲ့ iPhone နဲ့ iPad app တွေအတွက် vertical surface detection ရလာတဲ့အကျိုးကျေးဇူးတစ်ခုကတော့ နံရံပေါ်မှာ အနုပညာဆန်ဆန်အလှအပတွေကို ခံစားနိုင်ခြင်းပါပဲ။

တစ်ချိန်တည်းမှာပဲ developerတွေဟာ Art.com ၊ Houzz တို့လို shortcutတွေနဲ့ ပူးပေါင်းပြီးတော့ ဖန်တီးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

App တွေဟာ သုံးစွဲသူတွေအတွက် သူတို့အိမ်နဲ့ ရုံးခန်းတွေအတွက် ဘယ်လိုပစ္စည်းတွေ ၀ယ်သင့်သလဲဆိုတာကို ကြိုတင်ခံစားနိုင်စေဖို့ ဖြစ်ပါတယ်။ Houzz ကတော့ ပရိဘောဂတွေနဲ့ အခြားသောအလှဆင်ပစ္စည်းတွေကို ခြယ်သပေးထားပါတယ်။ app တိုင်းဟာ အမျိုးမျိုးသောနည်းလမ်းတွေနဲ့ vertical plane recognition issue ကို ဖြေရှင်းထားပါတယ်။

“proprietary” ArtView feature အသစ်နဲ့ Art.com app ဟာ ဘယ်နေရာတွေကို ဆင်ယင်သင့်သလဲဆိုတာ ပြောပြပေးနိုင်ပါတယ်။ အဲဒီ app ဟာ ARKit ကိုအသုံးပြုပြီးတော့ ကြမ်းပြင်ရဲ့တည်နေရာကို scan ဖတ်ပြီးတော့ သုံးစွဲသူကို နံရံရဲ့ အခြေကိုမှတ်သားပေးဖို့ မေးမြန်းပါတယ်။ Occipital  ၊ Pottery Barn တို့လို ဒီနည်းလမ်းကိုအသုံးပြုထားတဲ့ app တွေကို မြင်ဖူးပြီးသားဖြစ်နေပါပြီ။

 

AR art ကို ရှေ့တည့်တည့်ကကြည့်ရင်အဆင်ပြေပေမယ့်လည်း ချို့ယွင်းချက်ကတော့ ဘေးကကြည့်ရင် လေပေါ်မှာ ပျံဝဲနေသလိုပါပဲ။ နံရံနဲ့ နည်းနည်းကွာနေသလိုခံစားရပါတယ်။

Houzz app ကတော့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်ထားပါတယ်။ manual လုပ်ခြင်းအားဖြင့် နံရံရဲ့တည်နေရာကို တွက်ချက်ခြင်းမပြုလုပ်တော့တာမို့ နံရံရဲ့ ဘယ်နေရာလောက်မှာထားမလဲဆိုတာကို built-in sensor တွေအသုံးပြုပြီးတော့ မေးမြန်းခြင်း၊ device ရဲ့ orientation အပေါ်မူတည်ပြီးတော့ နံရံရဲ့တည်နေရာကို ဆုံးဖြတ်ခြင်းတွေ ပြုလုပ်ထားပါတယ်။

ရလဒ်ကတော့ Art.com ထက် ပိုမိုတိကျလာပါတယ်။ ဒါပေမယ့်လည်း တိကျတဲ့ထောက်လှမ်းမှုမရှိတာမို့ app ဟာသူ့ရဲ့နေရာကို ဖယ်ပေးရနိုင်ချေရှိပါတယ်။

iOS မှာ vertical surface tracking ကို band-aid နည်းလမ်းနဲ့ ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့တွေကတော့ ခြောက်ပတ်ဒါမှမဟုတ် ARKit ပြင်ပြီးတဲ့အထိ စောင့်ရမှာပါ။