OnePlus 5T Star Wars edition ကို အိန္ဒိယတွင် ပြန်လည်ရောင်းချမည်

0
1675

OnePlus ဟာ OnePlus 5T Star Wars edition ကို ၀ယ်လိုအားတွေရှိနေတဲ့အတွက် ပြန်လည်ရောင်းချတော့မှာ ဖြစ်ပါတယ်။ OnePlus 5T Star Wars edition ကိုတော့ ဒီဇင်ဘာ ၁၄ရက်နေ့မှာ အိန္ဒိယမှာစတင် launch လုပ်ခဲ့တာဖြစ်ပြီးတော့ Sandstone white ကို အနီနဲ့ တွဲဖက်ပြီးတာ့ Alert Slider လေးကိုလည်းထည့်သွင်းပေးခဲ့ပါသေးတယ်။ ဈေးနှုန်းကတော့ဒေါ်လာ 615 ၊ standard 128GB model ထက် ဒေါ်လာ 15 ပိုခဲ့တာဖြစ်ပြီးတော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ရောင်းကုန်သွားခဲ့တာပါ။ ဒါပေမယ့် OnePlus ဟာ Star Wars edition ကို ၀ယ်လိုအားလိုက်နေတဲ့အတွက်ကြောင့် အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီးတော့ ရောင်းချပေးသွားမှာပါ။

လက်ရှိမှာတော့ OnePlus ရဲ့ ၀က်ဘ်ဆိုက်ကနေ ₹38,999 နဲ့ ရောင်းချပေးနေပြီးတော့ သင့်ဖုန်းကို 5T Star Wars edition နဲ့ လဲလှယ်လိုရင်လည်း ပရိုဂရမ်လေးတွေ ရှိနေပါသေးတယ်။ အသစ်အနေနဲ့ 8GB RAM ၊ 128GB storage ၊ 6-inch Optic AMOLED display ၊ Snapdragon 845 ၊ အနောက်ဘက်မှာ 16MP + 20MP ၊ အရှေ့ဘက်မှာ 16MP ၊ Dash Charge နဲ့သွင်းနိုင်တဲ့ 3300mAh ဘတ်ထရီတို့ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

OnePlus ဟာ Lava Red OnePlus 5T ကို January 20 မှာ launch လုပ်ခဲ့ပြီးတော့ ထွက်ရှိအပြီး ဆယ်ရက်မတိုင်ခင်မှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။ အိန္ဒိယဟာ OnePlus ရဲ့ ထိပ်တန်းဈေးကွက်တစ်ခုဖြစ်တဲ့အတွက် 5T ကို စိတ်ဝင်စားမှုအတော်လေး များနေခဲ့တာပါ။

OnePlus 5T Star Wars edition ကို ဘယ်လောက်စောင့်ရမလဲဆိုတာ မသိရသေးပေမယ့်လည်း စိတ်ဝင်စားမယ်ဆိုရင်တော့ ၀က်ဘ်ဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။