MWC 2018 မှာ launch လုပ်သွားမယ့် အကြမ်းခံဖုန်း Land Rover Explore

0
1334

Jaguar Land Rover နဲ့ Gorillaz တို့ပူးပေါင်းပြီးတော့ အင်ဂျင်နီယာအသစ်တွေကိုလိုက်ရှာနေတဲ့အကြောင်းပြောပြီးတော့ နောက်ပိုင်း Land Rover အကြောင်း မပြောဖြစ်ခဲ့ပါဘူး။ Land Rover ဆီကနေ ဖုန်းတစ်လုံးထွက်လာလိမ့်မယ်ဆိုတာ သင်မှန်းထားပြီးသားလား။ အရမ်းအံ့သြသွားတယ်မလား။ ကားအသစ်မဟုတ်ဘဲ ဖုန်းတစ်လုံးကို မြင်ရမှာပါ။ ဖုန်းခေါ်လို့ရမယ်၊ မက်ဆေ့ခ်ျပို့မယ်၊ အီးမေးလ်စစ်မယ်၊ လူမှုကွန်ရက်တွေအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Land Rover Explore ကတော့ outdoor phone ထက် သာလွန်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ GPS လုပ်ဆောင်မှုတွေကို တွေ့မြင်ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ Land Rover ဆိုတဲ့နာမည်လေးကတော့ အကြမ်းခံပြီးတော့ ဆွဲဆောင်မှုရှိတဲ့ပုံပါပဲ။ အပူချိန်အပြောင်းအလဲများတဲ့အခြေအနေမျိုး၊ မြင့်မားတဲ့အပူချိန်တွေ၊ ဆားငံရေထိတွေ့မှုတွေ၊ ပြုတ်ကျတတ်သူတွေအတွက်ကတော့ အကြိုက်တွေ့စေမယ့်ဖုန်းတစ်လုံးပါပဲ။

Land Rover ကတော့ Bullitt Group နဲ့ ပူးပေါင်းထားပါတယ်။ Bullitt Group ဆိုတာကတော့ အကြမ်းခံ Caterpillar ဖုန်းတွေရဲ့နောက်က ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ Land Rover Explore ကတော့ Discovery vehicle နောက်ပိုင်းထွက်ရှိလာတဲ့ လိုင်းတစ်လိုင်းဖြစ်ပါတယ်။ အနောက်ဘက်နဲ့ အစွန်းသားတွေ၊ ရင်းနှီးနေတဲ့ အရှေ့ဘက်ကမြောင်းဒီဇိုင်းလေးတွေကို ရှုစားကြည့်ပါ။ Land Rover ကားတွေလိုပဲ အကြမ်းခံနိုင်ပါတယ်။ Land Rover Explore မှာ add-on တွေလည်း ပါဝင်ပါသေးတယ်။ Adventure Pack လို့ခေါ်တဲ့ AR navigation ၊ ဘတ်ထရီသက်တမ်း၊ GPS antenna တို့ကိုအရှိန်တင်ပေးနိုင်တဲ့ pack လေးပါဝင်ပါသေးတယ်။  Augmented reality ကိုလည်း ViewRanger Skyline နည်းပညာနဲ့ပေးစွမ်းထားပါသေးတယ်။ အဲဒီဖုန်းကို Mobile World Congress မှာ ကြေညာမယ်လို့လည်း ပြောကြားထားပါသေးတယ်။ ကြိုတင်အမှာစာတွေကိုလည်း ဧပြီလမှာ ယူရို 649/ပေါင်599 နဲ့ လက်ခံမှာဖြစ်ပြီးတော့ ယူအက်စ်ဒေါ်လာ 800 ဖြစ်ပါတယ်။