Google ရဲ့ AI အသုံးပြု Clips ကင်မရာစတင်ရောင်းချ

0
379

Google Store မှာ Clips ကတော့ ရောင်းထွက်ပြီးသားပါ။ ဒါပေမယ့်လည်း နောက်တစ်ကြိမ်ပြန်ရောင်းတဲ့အချိန်မှာ ၀ယ်နိုင်အောင်လို့ waitlist မှာ စာရင်းသွင်းထားဖို့လိုအပ်ပါတယ်။ ထုတ်ပြထားတာကြာပြီဖြစ်တဲ့အတွက် Google Clips ကင်မရာတွေကလည်း စတင်ဝယ်ယူနိုင်နေပါပြီ။ ဒါပေမယ့်လည်း ရောင်းကုန်သွားပြီဆိုတော့ ထပ်စောင့်ရဦးမှာပါ။

Android Police ကလူတွေက အော်ဒါတင်လိုက်တဲ့အချိန်ကို မီလိုက်ပါတယ်။ ဒီတော့ ဖြန့်ချိတဲ့အချိန်မှာ ပါဝင်မှာဖြစ်ပေမယ့်လည်း မတ်လ ၁ရက် ၂ရက်နေ့အထိ စောင့်ရဦးမှာပါ။ Engadget ကတော့ ဖေဖော်ဝါရီ ၂၇ ကနေ မတ်လ  ၅ရက်နေ့အတွင်း ဖြစ်မယ်လို့ ပြောပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အော်ဒါမီရင်တောင်မှ အသုံးပြုနိုင်ဖို့ တစ်လလောက် စောင့်ရဦးမှာပါ။

Google ဟာ အော်ဒါကောက်ခြင်းကို ရပ်တံ့လိုက်ပါပြီ။ အဲဒီအစား ၀ယ်လိုတဲ့သူတွေအနေနဲ့ waitlist မှာ စာရင်းသွင်းပြီးတော့ email ပြန်ရတာနဲ့ Clips ကို ၀ယ်နိုင်မှာပါ။ waitlist ကိုစာရင်းသွင်းရတာက မဆိုးသေးပါဘူး။ သင့်ကို ရမရပြန်ပြောပါလိမ့်မယ်။

Clips ဟာ သေးသေးလေးနဲ့ အထင်ကြီးဖွယ်နည်းပညာတွေကို အသုံးပြုထားပါတယ်။ 12 MP sensor ကို 130-degree field of view နဲ့ပေါင်းစပ်ထားပြီး ဓါတ်ပုံတွေကို အလိုအလျောက်ရိုက်ကူးနိုင်သလို ဗွီဒီယို loop အသေးလေးတွေကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ သူတို့ကို သင့်ရဲ့ Google Images account မှာ သိမ်းဆည်းပေးမှာဖြစ်ပြီးတော့ အခြားသောဝန်ဆောင်မှုတွေထံကိုလည်း မျှဝေနိုင်ဦးမှာပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ machine learning ပါပဲ။ ဘလော့ဂ်ပို့စ်အဆိုအရ Google ဟာ AI ကို ဓါတ်ပုံပိုင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံးရိုက်ချက်တွေကို သိရှိနိုင်အောင် လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဓါတ်ပုံနဲ့ဗွီဒီယိုတွေရိုက်ကူးတဲ့အခါမှာ ပိုမိုစမတ်ကျလာမှာပါ။

ဒေါ်လာ 249 သာရှိတာမို့ ရနိုင်တဲ့ feature တွေနဲ့ တန်မှတန်လို့ ဆိုရမှာပါ။ Google ရဲ့ စမ်းသပ်မှုသမိုင်းကြောင်းကလည်း ရှည်လျားခဲ့ပါတယ်။ Clips အတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမလား၊ ဒီအတိုင်းပြီးသွားမလားဆိုတာကတော့ မပြောနိုင်သေးပါဘူး။