ဈေးသက်သက်သာသာနဲ့ “FullView” experience ကို ခံစားနိုင်မယ့် Huawei ရဲ့ P Smart

0
1816

Huawei P Smart ကတော့ ယူကေမှာ Vodafone နဲ့ ပူးပေါင်းပြီးတော့ ရောက်ရှိလာပါပြီ။ ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်တာမို့ အမျိုးမျိုးသော contract plan ဒါမှမဟုတ် Pay as you go အနေနဲ့ £229 ပေးပြီးဝယ်ယူနိုင်မှာပါ။ ဒီအခွင့်အရေးကတော့ ဖေဖော်ဝါရီ 28ရက်အထိသာ ရနိုင်မှာပါ။

ဒီဖုန်းလေးက ရင်းနှီးနေတယ်လို့ထင်နေရင်တော့ ဒီဇင်ဘာလမှာ launch လုပ်ခဲ့တဲ့ Huawei Enjoy 7S နဲ့ ဆင်တူနေတာပါ။5.65-inch ၊ 18:9 aspect ratio LCD display ၊ 1080 x 2160 resolution တို့ကြောင့် ဈေးသက်သက်သာသာနဲ့ “FullView” experience ကို ခံစားနိုင်မယ့် Huawei ရဲ့ နောက်ဆုံးထွက်ဖုန်းတစ်လုံးဖြစ်လာပါတယ်။

P Smart ရဲ့ 13 MP ၊ 2 MP အနောက် dual-camera ၊ 8 MP selfie snapper တို့ကလည်း စွဲမက်စရာပါပဲ။ ကင်မရာတွေကိုတော့ Huawei ရဲ့ AI software အစွမ်းနဲ့ Bokeh effect ၊ Face Beauty mode ၊ algorithm-based feature တွေလည်း အသုံးပြုခွင့်ပေးထားပါတယ်။

ယူကေမော်ဒယ်လ်ကတော့ octa-core Kirin 659 chipset ကို အသုံးပြုထားပြီးတော့ 3 GB RAM ၊ 32 GB internal storage နဲ့ 3,000 mAh ဘတ်ထရီကို အသုံးပြုထားပါတယ်။ 3.5mm headphone jack ကိုထည့်သွင်းထားပြီးတော့ အနောက်ဘက်က fingerprint sensor ကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ ဘောနပ်စ်အနေနဲ့ P Smart ဟာ EMUI (8.0) out-of-the-box ဖြစ်နေပြီးတော့ Android 8.0 Oreo ရနိုင်မယ့်ဖုန်းလည်း ဖြစ်နေပါသေးတယ်။

Contract ဈေးနှုန်းတွေကတော့ စစချင်းလမှာ  £17ဖြစ်ပြီး နောက်လတွေမှာတော့ £9 ကျသင့်မှာပါ။ ဒါကတော့ ၂၅၀မိနစ်ဖုန်းပြောခြင်း၊ အကန့်အသတ်မဲ့စာပို့ခြင်း၊ 250 MB data တို့ပါဝင်ပါတယ်။ data ပိုသုံးချင်ရင်တော့ Vodafone ဟာ 16 GB plan ကို တစ်လကို £29 ကျသင့်မှာဖြစ်ပါတယ်။ ပုံမှန်အရ 4 GB ကို£29လောက်ပေးနေရတာပါ။