သင့်ဆီကို အလှပဆုံး ယူဆောင်ပေးလာမယ့် AI အသုံးပြုထားတဲ့ Oppo A71 (2018)

0
1678

စမတ်ဖုန်းတွေရဲ့အကြားမှာ တစ်နှစ်ခွာထုတ်ခြင်းကတော့ ပုံမှန်ပါပဲ။ ခြောက်လလောက်ခွာထုတ်တာလည်း အရင်က မြင်ဖူးထားပါတယ်။ လေးလဆိုရင်ရော။ A71 ကို စက်တင်ဘာလမှာထုတ်ခဲ့ပြီးတော့အခုဆိုရင် Oppo ဟာ A71 (2018) ကို ထပ်မံကြေညာလိုက်ပြန်ပါပြီ။

A71 (2018) ကတော့ အရင်ဖုန်းနဲ့အပြင်ပိုင်းကတော့ တူပါတယ်။ ဒါကြောင့် 720p resolution နဲ့ 5.2-inch display ၊ main 13 MP ကင်မရာ ၊ အရှေ့ဘက်က 5 MP ၊ 3,000 mAh ဘတ်ထရီ၊ 16 GB သိုလှောင်မှုပမာဏတို့ ပါဝင်မှာဖြစ်ပါတယ်။ အချိုးအစား၊ အလေးချိန်တွေအားလုံးကလည်း အတူတူပါပဲ။

ကွဲပြားမှုတွေကတော့ A71 (2018) ရဲ့ Snapdragon 450 chipset ကနေစတင်တာပါ။ အရင် A71 မှာတော့ MediaTek ရဲ့ MT6750 chipset ကို အသုံးပြုခဲ့တာပါ။ Qualcomm ပရိုဆက်ဆာကိုအသုံးပြုလိုက်ခြင်းကြောင့် application start-up time မှာ 12.5% တိုးတက်လာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ColorOS 3.2 software skin ကိုလည်း ချောမွေ့စွာ ပြောင်းနိုင်ပြီလို့ဆိုထားပါတယ်။ မူလ A71 ရဲ့ ColorOS 3.1 ထက် နည်းနည်းလေး upgrade လုပ်ထားပြီးတော့ Android 7.1 Nougat ကိုပဲ အခြေခံထားတာပါ။

ColorOS 3.2 ရဲ့ အဓိကဆွဲဆောင်မှုကတော့ Oppo ရဲ့ “AI Beauty Recognition Technology” လို့ခေါ်တဲ့ သင့်ရဲ့အလှကို ဓါတ်ပုံသမားကောင်းတစ်ယောက်က ပြင်ဆင်ခြယ်သပေးနေသလိုမျိုး ခံစားချက်တွေပေးစွမ်းမယ့် နည်းးပညာပါပဲ။ အရောင်အနေနဲ့ကတော့ pinkish-gold နဲ့ black အနေနဲ့ ရနိုင်မှာဖြစြဖ်ပြီးတော့ Oppo A71 (2018) ကို ပါကစ္စတန်မှာ ဒေါ်လာ 179 နီးပါးနဲ့ ရနေပါပြီ။ အိန္ဒိယနိုင်ငံကိုလည်း ဖြန့်ချိပေးဖို့အတွက် မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း အတည်ပြုချက်တော့ မရသေးပါဘူး။