တက်ဘလက်အသုံးပြုပြီး ဒီဂျစ်တယ်အနုပညာဖန်တီးနေသူများအတွက် မရှိမဖြစ်ပစ္စည်း ၁၀မျိုး

0
1643

တက်ဘလက်ပေါ်မှာ ဒီဂျစ်တယ်အနုပညာတွေ ဖန်တီးနိုင်ဖို့အတွက် လိုအပ်သမျှအားလုံးရှိပါတယ်။

တက်ဘလက်နဲ့ တက်ဘလက်ဆော့ဖ်ဝဲလ်တွေ ကောင်းမွန်လာခြင်းက ဒီဂျစ်တယ်အနုပညာရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ မကြာသေးခင်ကလည်း Wacom MobileStudio Pro 13-inch လေးအကြောင်းတင်ပြခဲ့ပါသေးတယ်။ သူဟာ drawing tablet ထက်သာလွန်ပြီးတော့ Windows 10 experience အပြည့်အ၀ကို ခံစားနိုင်ပါတယ်။

သင့်အတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ စိတ်ပူမသွားပါနဲ့။ ကျွန်တော်ဖော်ပြမယ့်အရာတွေက အဲဒီတက်ဘလက်တစ်ခုတည်းကို ရည်ညွှန်းပြောဆိုတာ မဟုတ်ပါဘူး။ ဘယ်လိုတက်ဘလက်နဲ့ဖြစ်ဖြစ် အသုံးပြုနိုင်မယ့် hardware ၊ software နဲ့ add-on တွေ ဖြစ်ပါတယ်။

၁။  Graphiter

  • အခမဲ့ ၊ in-app purchases
  • Windows-only

Apple ecosystem ထဲမှာ အကြာကြီးနစ်မျောခဲ့သူတစ်ယောက်ပါ။ အမှန်အတိုင်းပြောရမယ်ဆိုရင် Windows XP တုန်းကစလို့ အခုအချိန်အထိ Windows PC မသုံးခဲ့ပါဘူး။ ဒါပေမယ့် MobileStudio Pro ကို Windows 10 မှာ ရပြီဆိုတာနဲ့ Windows လောကကို ဒီဂျစ်တယ်အနုပညာရှင်အတွက် ကိုယ်စားဝင်ကြည့်ဖြစ်ခဲ့ပါတယ်။

ထိပ်ဆုံးကနေ အကြိုက်ဆုံးကတော့ Graphiter ပါ။ ဒီ sketching app လေးနဲ့ဖမ်းစားခံလိုက်ရပြီး အတော်လေးကို လှပစွာဒီဇိုင်းဆင်ထားတာပါ။ Graphiter မှာ တကယ့်စာရွက်ပေါ်မှာဆွဲနေရသလို ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ blend tool ၊ eraser နဲ့ graphite pencil တို့လိုရိုးရှင်းတဲ့ tool လေးတွေက ကျွန်တော့်ရဲ့ ဒီဂျစ်တယ် ပုံရိပ်တွေကို သာမန်tool တွေနဲ့ဆွဲသားနေရတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

၂။  Mischief Infinite Canvas

  • $25
  • Mac/Windows

infinite canvas လို့များပြောလိုက်သလားလို့။ ဟုတ်ပါတယ်။ Mischief ဆိုတာကတော့ သင့်ရဲ့ canvas ကို အဆင်ပြေအောင်လုပ်ဆောင်ပေးမယ့် cross-platform app လေးပါ။ canvas အရွယ်အစား၊ resolution ကို စိတ်မပူပါနဲ့။ app ကိုဖွင့်ပြီးသား ဆွဲသားလိုက်ပါ။

Mischief နဲ့အချောသတ်ပုံတွေကို မလုပ်နိုင်သေးပေမယ့်လည်း သင့်ခေါင်းထဲကအိုင်ဒီယာတွေကို ဒီဂျစ်တယ်စာမျက်နှာပေါ်မှာ ချဆွဲဖို့အတွက် အဆင်ပြေပါတယ်။

၃။ Boxy SVG

  • $9.99
  • Mac/Windows/Chrome OS/Web app

အလွယ်ကူဆုံး SVG tool လို့တင်စားရမှာမို့ Boxy SVG ဟာ ကျွန်တော့်အကြိုက်ဆုံး ဖြစ်လာပါတော့တယ်။ Clip Studio Paint နဲ့ Photoshop တို့နဲ့အတူ docking ၊ taskbar space တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ အဲဒီ app မှာ SVG ကို ထောက်ပံ့ပေးထားတာမို့ image တွေကို import ၊ export လုပ်စရာမလိုအပ်တော့ပါဘူး။ အေးဆေးပဲ အလုပ်ဖြစ်ပါတယ်။

ကြိုက်တဲ့နောက်တစ်ခုကို ပြောပြပါဆိုရင်တော့ Developer Tool လေးပါပဲ။ Developer Tools ကိုအသုံးပြုပြီးတော့ ၀က်ဘ်ဆိုက်တွေအလုပ်လုပ်ရာမှာ ကူညီပေးနေတဲ့ SVG နဲ့ CSS code တွေကိုလည်း ကြည့်နိုင်ပြီးတော့ ပြင်ဆင်နိုင်ပါတယ်။

၎။ Pixel Art Studio

  • အခမဲ့ ၊ in-app purchases
  • Windows-only

ကျွန်တော့အလုပ်အရ ဂိမ်းထဲကအနုပညာဖန်တီးချက်တွေနဲ့ ဂရပ်ဖစ်တွေကို လုပ်ဆောင်ရတာများပါတယ်။ ဒါကြောင့် MobileStudio Pro ကို အသုံးပြုနိုင်မယ့်အရာကို ရှာခဲ့ပါတယ်။ Pixel Art Studio ကို တွေ့ခဲ့ပါတယ်။

Pixel Art Studio ဟာ စွမ်းဆောင်ရည်မြင့်ပြီးတော့ အသုံးပြုရလွယ်ကူပါတယ်။ တကယ်လို့ သင်ဟာ pixel artgraphics တွေလုပ်ဆောင်ဖို့ရှာနေရင်၊ Windows သုံးနေရင် ဒီကောင်လေးကိုသုံးကြည့်လိုက်ပါ။ သင့်ရဲ့ ဆွဲသားမှုတိုင်းကို ထိန်းချုပ်နိုင်စေမှာပါ။

၅။ Microsoft Universal Foldable Keyboard

Wacom MobileStudio Pro မှာ သတိထားမိတဲ့အချက်ကတော့ external keyboard လိုအပ်တာပါပဲ။ကျွန်တော့မှာ iPad Pro အတွက်သုံးတဲ့ external mini keyboard လေးရှိနေပေမယ့်လည်း တစ်ခုနဲ့တစ်ခုပြောင်းမသုံးချင်ပါဘူး။

ဒီကောင်လေးကတော့ iPad ၊ iPhone နဲ့ Android ၊ Windows တက်ဘလက်တွေမှာလည်း အဆင်ပြေပါတယ်။ ဒါ့အပြင် ခေါက်နိုင်တဲ့ကီးဘုတ်လေးပါ။ ဒါကြောင့် အသုံးမလိုရင် ခေါက်ထားပြီး သိမ်းလိုက်ရုံပါပဲ။ အရည်တွေဖိတ်ရင်လည်း မစိုးရိမ်ရပါဘူး။

နောက်ထပ် feature ကောင်းတစ်ခုကတော့ device အများစုနဲ့ ချိတ်ဆက်အသုံးပြုနိုင်ခြင်းပါပဲ။  ခလုတ်ကလေးဖိပြီးတော့ တစ်ခုပြီးတစ်ခုပြောင်းလိုက်ပါ။

၆။ Wacom soft tablet case

သင့်မှာ ကြောင်ရှစ်ကောင်လောက်ရှိတဲ့ home studio ရှိမယ်ဆိုရင်တော့ သူတို့ခြေထောက်တွေနဲ့ ကိုယ့်ပစ္စည်းလေးတွေပေါ် မတက်အောင် တားလို့တော့ရမှာမဟုတ်ပါဘူး။ ဒီတော့ ရွေးချယ်စရာလေးတွေကို စဉ်းစားရပါပြီ။ ဘူးထဲမှာပဲထည့်ထားမလား၊ အိတ်ကလေးနဲ့ ထည့်ထားမလားပေါ့။ အရိုးသားဆုံးပြောရရင် Wacom MobileStudio Pro ကတော့ မလှမပဘူးထဲထည့်ရမှာထက်စာရင် လှလှပပလေး ထိန်းသိမ်းပေးထားနိုင်တယ်လို့ မြင်မိပါတယ်။

Wacom Soft Case လေးကတော့ Intuos Pro ၊ Cintiq Pro နဲ့ MobileStudio Pro တို့အတွက် ကွက်တိပါပဲ။ သူဟာ ပေါ့ပါးပြီး ရိုးရှင်းတဲ့ဒီဇိုင်းလေးက သင့်ရဲ့သက်ရှိလေးတွေထံကနေ ကာကွယ်ပေးနိုင်ပါတယ်။ အလုပ်သွားတဲ့အချိန်မှာ ကောက်ယူသွားရတာ ဘယ်လောက်အဆင်ပြေလိုက်လဲ။

သတိပေးချက် – ခရီးသွားမယ်ဆိုရင်တော့ အတွင်းပိုင်းက storage pocket မှာ အပိတ်မပါတာကို သတိထားပါ။ ဒါကြောင့် အတော်လေးရမ်းခါမယ်ဆိုရင်တော့ ခြစ်ရာတွေ ထင်နိုင်ပါတယ်။

၇။ Kensington SmartFit laptop cooling stand

မိုဘိုင်းလ်တွေအတွက် stand ကို အသုံးပြုလေ့မရှိပေမယ့်လည်း Wacom Cintiq ကို အချိန်အကြာကြီးအသုံးပြုတဲ့အခါမှာ stand က သုံးသင့်ကြောင်း သိလာပါတယ်။

အဲဒီအချိန်မှာ Wacom ဟာ MobileStudio Pro အတွက်ကိုက်ညီတာမျိုး ထုတ်မထားပါဘူး။ အဆင်ပြေပါတယ်။ Kensington SmartFit Stand က ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ အရမ်းကိုသယ်ရအဆင်ပြေပြီးတော့ ၅၀ဒီဂရီစောင်းနိုင်ပါသေးတယ်။

၈။ MEKO artist glove

အနုပညာရှင်ဆန်ဆန်လက်အိတ်တွေကို ကြိုက်တဲ့သူတစ်ယောက်တော့ မဟုတ်ပေမယ့်လည်း သင့်လက်ဖ၀ါးက taskbar ကို ထိမိသွားပြီး random command တွေ ရိုက်မိသွားတာမျိုးအတွက်ကတော့ အသုံးဝင်လာပါတယ်။

MEKO glove ကတော့ လက်ချောင်းတစ်ချောင်းပဲ ကာထားတာမို့ ကြိုက်ပါတယ်။ အခြားသောလက်အိတ်တွေဆိုရင် လက်နှစ်ချောင်းစွပ်ရပါတယ်။ ကျွန်တော့အတွက်ကတော့အဆင်မပြေပါဘူး။ MEKO glove ကတော့ ခံစားရတာကောင်းမွန်ပါတယ်။

၉။ Adobe Creative Cloud

macOS ကနေ Windows ကိုပြောင်းလိုက်တာမို့ ကျွန်တော့အတွက် နှစ်ခုစလုံးအတွက် အဆင်ပြေမယ့် software က ကျွန်တော့အတွက် အရေးပါနေပါတယ်။ Adobe ရဲ့ Creative Cloud suite ကတော့ ပြိုင်ဘက်ကင်းပါတယ်။

Clip Studio Paint ကို ကြိုက်တာခဏထားပြီးတော့ Photoshop ကို နေ့စဉ်သုံးဖြစ်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ Photoshop နဲ့ အခြားဆော့ဝဲလ်တွေမှာ မလုပ်နိုင်ခဲ့တာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Creative Cloud ဟာ MobileStudio Pro ပေါ်မှာ ဘယ်လိုအလုပ်လုပ်သလဲ၊ ကောင်းမွန်ပါတယ်။ Mobile Studio Proဟဟာ Windows computer အတွက် အတော်လေးကောင်းမွန်ပါတယ်။ ကျွန်တော့အတွက် Adobe Audition လိုမျိုးကိုလည်း အသုံးပြုနိုင်စေခဲ့ပါတယ်။

၁၀။ Clip Studio Paint EX

  • $219/£168
  • Mac/Windows/Wacom/iPad/Surface Pro

Clip Studio Paint EX ကတော့ MobileStudio Pro ပေါ်မှာ အရမ်းသဘောကျမိတဲ့အရာတစ်ခုပါ။ သဘာဝဆန်ဆန် ကောက်ကြောင်းတွေဆွဲသား၊ ရေးခြယ်နိုင်မယ့် app ကို ရှာနေတယ်ဆိုရင်တော့၊ Manga art ၊ comic အတွက်လုပ်ဆောင်နေသူတစ်ယောက်ဆိုရင်တော့ စိတ်ကျေနပ်မှာပါ။

သူ့ကိုမကြိုက်တဲ့အချက်က တစ်ချက်မှ မရှိပါဘူး။