Silicon Valley ရဲ့ အပြင်မှာ လုပ်ငန်းတစ်ခုစတင်ဖို့ စဉ်းစားသင့်တဲ့အချက်များ

0
1684

Silicon Valley မှာ စီးပွားရေးလုပ်ငန်းအသေးတစ်ခု စတင်မယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ဒါတွေကတော့ ရင်းနှီးသူတွေနဲ့ နီးကပ်စွာရှိနေခြင်း၊ talent တွေ ရရှိနိုင်ခြင်း၊ ဖန်တီးမှုတွေရဲ့ သမိုင်းကြောင်းတွေကို အရံသင့်လေ့လာနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဒါပေမယ့် Silicon Valley မှာစတင်တဲ့ စီးပွားရေးလုပ်ငန်းအသေးစားတိုင်း အောင်မြင်တာတော့ မဟုတ်ပါဘူး။ အဲဒီနေရာမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အရမ်းကြေးမြင့်လို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် Valley အပြင်မှာတည်ရှိနေတဲ့ ပြဿနာaတွေကို ရှင်းနေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီထက်ရှင်းရှင်းပြောရမယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ပြီဆိုတာနဲ့ တခြားနေရာအတွက်လည်း စဉ်းစားထားသင့်ပါတယ်။ ဒီအကြောင်းရင်းတွေကြောင့် Austin ၊ Seattle ၊ Toronto နဲ့ မကြာသေးခင်ကထွက်ပေါ်လာတဲ့ Phoenix စတဲ့ တီထွင်ဖန်တီးမှုနည်းပညာ ကုမ္ပဏီတွေက စီးပွားရေးလုပ်ငန်းစတင်မယ့်သူတွေအတွက် ပေါင်းကူးအနေနဲ့ လုပ်ဆောင်ပေးနေပါပြီ။

ကျွန်တော့ရဲ့ Varsity Tutors ဆိုတဲ့ ကိုယ်ပိုင်လုပ်ငန်းလေးကလည်း ကျွန်တော်နေထိုင်ရာ St. Louis ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပါတယ်။ St. Louis မှာရှိတဲ့ Washington University ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့သင်ခန်းစာတွေအတွက် အရည်အသွေးမြင့်ကျူတာတစ်ယောက်ကို ရှာဖွေဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်စဉ်းစားမိလိုက်တာက လူအတော်များများကလည်း ဒီလိုကျူတာရှာတဲ့နေရာမှာ အဆင်မပြေလောက်ဘူးလို့ တွေးလိုက်မိပါတယ်။ ဒါကြောင့်ပဲ Varsity Tutor ဆိုတဲ့လုပ်ငန်းလေးက မွေးဖွားလာတာ ဖြစ်ပါတယ်။

အခြားသော စီးပွားရေးလုပ်ငန်းအသေးစားလေးတွေလိုပဲ ကျွန်တော်တို့ဟာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ တချို့ကတော့ Silicon Valley ရဲ့ အပြင်ဘက်က လွှမ်းမိုးမှုတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းက တခြားနေရာမှာ လုပ်ငန်းကိုစတင်ခဲ့ဖို့ ဆုံးဖြတ်လိုက်တာမို့ အကျိုးအမြတ်ရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ကျွန်တော်ဟာ အကြံတူတဲ့ လုပ်ငန်းရှင်တွေဆီကနေ အကူအညီတွေ ရခဲ့သလို သင်ယူမှုတွေလည်း အများကြီး လုပ်ဆောင်ခဲ့ပါတယ်။

Silicon Valley မှာ အနှောင့်အယှက်တွေများခြင်း

လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ဆိုရင် ရည်ရွယ်ချက်ပန်းတိုင်ကို မမှိတ်မသုန်လုပ်ဆောင်ဖို့က အတော်လေး အရေးပါနေပါတယ်။ ပြီးတော့ Silicon Valley မှာ အနှောင့်အယှက်တွေများပါတယ်။ တည်ထောင်သူတစ်ယောက်အနေနဲ့ သင့်ရဲ့နေ့ရက်တွေကို ကွန်ရက်တည်ဆောက်ခြင်း၊ ကော်ဖီမီတင် လုပ်ဆောင်ခြင်း၊ ကော့တေးပွဲတွေတက်ရောက်ပြီးတော့ မှန်ကန်သင့်တော်တဲ့သူတွေနဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမီတင်အချိန်တွေက တန်ဖိုးရှိတဲ့အချိန်တွေကို ယူဆောင်သွားမှာပါ။ နောက်တစ်ခုကတော့ သင့်ရဲ့အလုပ်လုပ်စရာနေရာကို မျှဝေသုံးစွဲရတာဖြစ်တာတွေရှိသလို တစ်ခါတစ်လေ နေရာမရတာတောင် ဖြစ်နိုင်ပါတယ်။

ဈေးကွက်ဦးဆောင်သူဖြစ်အောင်ကြိုးစားဖို့အတွက် Silicon Valley နည်းပညာ ကုမ္ပဏီတွေက အတော်ဆုံးသူတွေကို ငှားရမ်းဖို့ တက်ကြွလွန်းနေပြီး စည်းကမ်းကျင့်ဝတ်တွေတောင် မစောင့်နိုင်တော့ပါဘူး။ Facebook နဲ့ Google ပူးပေါင်းပြီးတော့ ၀န်ထမ်းတွေအတွက် အိမ်ရာပေးအပ်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။ Valley အပြင်ဘက်မှာဆိုရင် သင့်အနေနဲ့ အနှောင့်အယှက်အနည်းငယ်သာ တွေ့နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တည်ဆောက်ခြင်းကို အာရုံစိုက်ပြီးတော့ ကြံ့ခိုင်အောင်မြင်ဖို့သာ လုပ်ဆောင်လိုက်ပါ။

Silicon Valley အပြင်ဘက်မှာ အောင်မြင်ဖို့ အလွယ်လေးပါ

Silicon Valley ထဲမှာ စတင်နေတဲ့ စီးပွားရေးလုပ်ငန်းအသေးလေးတွေဟာ ၃၁၀၀၀ ရှိတယ်လို့ AngelList က တင်ပြထားပါတယ်။ အဲဒီထဲက ၁၀ ခုမှာ ၉ခုလောက်က လုံးဝကို ကျရှုံးမှာပါ။ အဲဒီနေရာမှာရှိတဲ့လုပ်ငန်းတွေအတွက်ကတော့ စိတ်ဓါတ်ကျစရာ၊ အားငယ်စရာဖြစ်နိုင်ပေမယ့် အဲဒီနေရာမှာ ရပ်တည်နိုင်ဖို့က အတော်လေးကို ခက်ခဲပါတယ်။

St. Louis နဲ့ အခြားသောမြို့ပြတွေမှာ စတင်နေတဲ့လုပ်ငန်းတွေက အတော်လေးနည်းပါးပါတယ်။ ကျွန်တော်တို့တွေ့ရှိတာကတော့ ဒေသခံလူတွေက ကျွန်တော်တို့ စတင်ဖို့အတွက် ကျွန်တော်တို့နောက်မှာ ရှိနေမှာပါ။ အစောပိုင်းနေ့တွေတုန်းက ဒေသတီဗွီလွှင့်ရုံနဲ့ သတင်းစာတွေက ကျွန်တော်တို့ရဲ့ သတင်းတွေကို တင်ပေးထားပါတယ်။ လုပ်ငန်း သေးတာ၊ ကြီးတာ မဆိုင်ပါဘူး။ ဒေသခံ မြို့ပြဦးဆောင်သူတွေကတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို သိရှိအောင်လုပ်ဆောင်လျက်ရှိပြီး St. Louis ကို နည်းပညာပေါင်းကူးမြို့လေးတစ်ခုအဖြစ် စကားဝိုင်းတွေထဲကို ထည့်ပေးလိုက်ပါတယ်။ ကျွန်တော့ရဲ့ Varsity Tutors ဟာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုအဖြစ်နဲ့တည်ရှိနေရာ Washington University မှာ ဆက်လက်ရှိနေဦးမှာပါ။

အဲဒီလိုအောင်မြင်ဖို့အတွက်ကတော့ Valley မှာ မလွယ်ကူပါဘူး။ ဒါကို စစချင်းလုပ်သူတွေအနေနဲ့ မြင်ဖို့မလွယ်ပါဘူး။ Valley ထဲမှာရှိတဲ့ လုပ်ငန်းတွေအနေနဲ့လည်း သူတို့ရဲ့လုပ်ငန်းအဆင့်မကြီးထွားခင်မှာ (တစ်ခါတစ်ရံ ဈေးကွက်ဦးဆောင်သူ မဖြစ်ခင်အထိ) ကျွန်တော်တို့လို စိတ်အားထက်သန်မှုတွေနဲ့ ထုတ်ကုန်၊ ရည်မှန်းချက်၊ ဦးဆောင်မှု စတာတွေကို ထောက်ပံ့ပေးနိုင်ဖို့ လိုက်ရှာရတာပဲ ဖြစ်ပါတယ်။

Valley အပြင်ဘက်ကလူတွေက သင့်ရဲ့ ရေရှည်အမြင်ကို နားမလည်ကြ

Silicon Valley မှာရှိတဲ့လူတိုင်းဟာ လုပ်ငန်းရဲ့ပြောင်းလဲမှုတွေကို အမြဲမပြတ်လေ့လာနေတာဖြစ်တဲ့အတွက် concept အသစ်တွေကို လက်ခံဖို့၊ ပြောင်းလဲဖို့ စိတ်ကူးရပါတယ်။ Airbnb ဆိုတဲ့ သူတို့ရဲ့ ဘေလ်ကိုပေးဖို့အတွက် စုဆောင်းနိုင်တဲ့ ကောက်ပဲသီးနှံတွေကို ရောင်းခဲ့ရတဲ့လုပ်ငန်းကို စဉ်းစားကြည့်ပါ။ နောက်ပြီး သူစိမ်းတွေရဲ့အိမ်မှာ အိပ်ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေက ကြိုးစားခဲ့ရပါတယ်။ မသင့်တော်ဘူးလို့ ထင်ရပေမယ့် Silicon Valley မှာရှိတဲ့သူတိုင်းကတော့ ဒါဟာစွန့်စားမှုတစ်ခု ပြုလုပ်လိုက်တာပဲလို့ နားလည်ကြပါတယ်။ အဲဒီစွန့်စားမှု အောင်မြင်သွားတာမို့ အခုဆို Airbnt ဟာ ဒေါ်လာ၃၁ဘီလျံ တန်ကြေးရှိနေပါပြီ။

အနောက်အလယ်ပိုင်းမှာဆိုရင်တော့ စွန့်စားရတာကို သိပ်မကြိုက်ကြပါဘူး။ သူတို့ဟာ ရှေးဟောင်းစိတ်ကူးတွေနဲ့ လုပ်ဆောင်ကြပါတယ်။ Varsity Tutors အတွက် စိတ်ကူးရတုန်းက လူအများစုက ကျရှုံးမယ်လို့ တွေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂျစ်တယ်ဈေးကွက်ကို တည်ဆောက်ဖို့အတွက် မမြင်ဖူးကြတာမျိုး ဖြစ်လို့ပါပဲ။

နည်းပညာဟာ ကျွန်တော်တို့ဘ၀နေထိုင်မှုပုံစံကို အခြေခံကစပြီး ပြောင်းလဲနိုင်တယ်လို့ ဒေသခံလူတွေကို ယုံကြည်အောင်လုပ်ဖို့က စိန်ခေါ်မှုတစ်ရပ်ပါပဲ။ Silicon Valley မှာရှိတဲ့လူတွေ ကျွန်တော်တို့ရဲ့ မစ်ရှင်နဲ့ ကျွန်တော်တို့လုပ်ငန်းစဉ်ကို နားလည်ဖို့ကြာတဲ့အချိန်ထက် ပိုပြီးတော့ အချိန်ယူရမှာပါ။

မြို့ပြနေထိုင်စရိတ်ကလည်း လုပ်ငန်းလည်ပတ်စရိတ်ကို တိုက်ရိုက်သက်ရောက်

ကုမ္ပဏီတစ်ခုကို စတင်တဲ့အချိန်မှာ ငွေကြေးကိုထိန်းထိန်းသိမ်းသိမ်းသုံးစွဲခြင်းက စိတ်ထဲမှာ နံပါတ်တစ် ဖြစ်နေရပါမယ်။ လုပ်ငန်းလည်ပတ်စရိတ်က မြို့မှာနေထိုင်စရိတ်နဲ့ အတော်လေး သက်ရောက်နေတယ်ဆိုတာ သိထားရမှာပါ။ San Francisco ကို ဥပမာကြည့်လိုက်ပါ။ San Francisco မှာ ငှားရမ်းတာနဲ့ အခြားနိုင်ငံတွေမှာ ငှားရမ်းတာကို ယှဉ်လိုက်မယ်ဆိုရင် သိသာပါတယ်။ San Francisco မှာ သာမန်အခန်းတစ်ခန်းငှားရမ်းခဟာ တစ်လကို ဒေါ်လာ ၂၈၀၀ ကုန်ကျပါတယ်။ St. Louis မှာဆိုရင်တော့ အဲဒီအခန်းလောက်ကို ဒေါ်လာ ၇၂၀ ရနိုင်ပါတယ်။ လေ့လာမှုတွေအရ ဒီလိုငှားရမ်းစရိတ်ကို အများကြီး ကုန်ကျခြင်းဟာ လုပ်ငန်းအတွက် မကောင်းဘူးလို့ ဆိုထားပါတယ်။ လုပ်စရာလည်း မလိုအပ်ပါဘူး။

လုပ်ငန်းနေရာငှားရမ်းခြင်းကစလို့ ၀န်ထမ်းလစာအထိ မြို့ပြနေထိုင်စရိတ်က အတော်လေးစဉ်းစားရမယ့်အချက်ပါပဲ။ Silicon Valley အပြင်မှာ လုပ်ငန်းတည်ဆောက်ခြင်းက ကနဦးကုန်ကျစရိတ်ကို အတော်လေး သက်သာစေနိုင်မှာမို့ လုပ်ငန်းဖွံ့ဖြိုးအောင်လုပ်ဖို့ ငွေပိုထွက်လာမှာပါ။

တည်နေရာက အရေးမကြီးပါဘူး။ စတင်တည်ထောင်ခြင်းဟာ မလွယ်ကူပါဘူး။ Silicon Valley ဟာ အောင်မြင်ဖို့အတွက် စိတ်ကျေနပ်မှုကို ပေးနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဖန်တီးမှုစိတ်ကူးတွေ ရရှိနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ဒါဟာ ရွေးချယ်စရာတစ်ခုတည်း မဟုတ်ပါဘူး။ စိန်ခေါ်မှု ကင်းမဲ့ဇုန်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စဉ်ဆက်မပြတ် အခြားလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နေရမှာဖြစ်ပြီး သင့်ကိုယ်သင် အခြားသူတွေနဲ့ ကွဲထွက်နေအောင် လုပ်ဆောင်ရမှာပါ။ ဒီတော့ အခြားနေရာမှာ ယှဉ်ပြိုင်မှုက သူတို့လောက် မများပါဘူး။ မှန်ကန်တဲ့ ဦးဆောင်မှု၊ အသင်းအဖွဲ့၊ စိတ်ထား၊ သုံးစွဲသူဦးတည်ချက်မှန်မှန်နဲ့သာဆို နေရာက အရေးမကြီးတော့ပါဘူး။

ဒီဆောင်းပါးကို ရေးသားသူကတော့ Varsty Tutors ဆိုတဲ့ ကျောင်းသားတွေနဲ့ ညွှန်ကြားမှုအပိုင်းမှာ ဆရာကျတဲ့သူတွေနဲ့ ချိတ်ဆက်ပေးနေတဲ့ platform တစ်ခုရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်ပါတယ်။ သူ့နာမည်ကတော့ Chuck Cohn ဖြစ်ပါတယ်။ သူဟာ အွန်လိုင်းပေါ်ကနေပြီး ကျောင်းသားတွေကို ညွှန်ကြားချက်ပေးခြင်း၊ ဖုန်းပေါ်ကတစ်ဆင့် ညွှန်ကြားခြင်း၊ လူတွေ့ညွှန်ကြားခြင်းတွေမှာ expert တစ်ယောက် ဖြစ်ပါတယ်။