2018 အတွက် Samsung OLED ခေါက်ဖုန်း အတည်ပြု

0
1265

ဒီနေ့ဖုန်းလောကမှာ Samsung ကတော့ ထိပ်တန်း brand တစ်ခုပါပဲ။ အိမ်သုံးဈေးကွက်မှာ နေရာယူထားသလို လူနေမှုအဆင့်အတန်းတိုးတက်ဖို့ အသုံးပြုမယ့် brand တွေမှာလည်း ကမ္ဘာအနှံ့သုံးစွဲနေကြတာပါ။ သူ့ကိုနည်းပညာဂုရုကြီးအနေနဲ့စဉ်းစားနိုင်ပေမယ့် ကျရှုံးမှုတွေရှိကြောင်းကိုလည်း ၀န်ခံရမှာပါ။ Note 7 တုန်းကတော့ အတော်လေးစိတ်ဓါတ်ကျစရာအချိန်တွေပေါ့လေ။ ရောင်းအားတွေက ထိုးကျသားခဲ့ပေမယ့်လည်း Samsung ကတော့ လက်မလျှော့ခဲ့ပါဘူး။ Galaxy S8 နဲ့ S8+ ထွက်ရှိပြီးတော့ ရောင်းအားတွေတက်လာအောင် ဖန်တီးခဲ့ပါတယ်။

Samsung Electronics ဟာ ဇန်န၀ါရီလနီးလာတော့ သူ့ရဲ့ Q4နဲ့ F7 2017 ရလဒ်တွေကို ကြေညာခဲ့ပါတယ်။ 2017 Q4 ကတော့ KRW 15.15 trillion ဖြစ်ပြီးတော့ ၀င်ငွေကတော့ KRW 65.98 trillion အထိ ရရှိခဲ့ပါတယ်။ ၀င်ငွေအများစုကတော့ အပိုပစ္စည်းကနေ ရရှိခဲ့တာဖြစ်ပြီးတော့ တိတိကျကျပြောရရင် မမ်မိုရီကနေ ရခဲ့တာပါ။ DRAM နဲ့ NAND တို့ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ ဆာဗာတွေအတွက် high-performance memory တွေလိုအပ်ချက်များနေခြင်းကလည်း ရောင်းအားတက်စေတဲ့အကြောင်းရင်းတစ်ခု ဖြစ်လာပါတယ်။

Display Panel လုပ်ငန်းကလည်း ပရီမီယမ်ဖုန်းတွေအတွက် OLED panel တွေ အော်ဒါတက်နေပါတယ်။ LCD panel နဲ့ System LSI ၊ Foundry လုပ်ငန်းတွေကတော့ သိပ်အလုပ်မဖြစ်ပါဘူး။

ဒီနှစ်မှာတော့ OLED panel လုပ်ငန်းဟာ ပိုကောင်းလာမယ်လို့မျှော်လင့်ပြီးတော့ OEM တွေကို သူ့ရဲကိုယ်ပိုင်ခေါက်ဖုန်းတွေမှာ တပ်ဆင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ Samsung ဟာ ခေါက်ဖုန်းထုတ်လုပ်တဲ့နေရာမှာ အရှေ့ကပြေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ 2018 မှာတော့ စိတ်ကူးကနေ လက်တွေ့ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ခေါက်နိုင်တဲ့panel တွေကတော့ Samsung ဆီကနေ OLED panel လုပ်ငန်းမှ မိတ်ဆက်တဲ့အနေနဲ့ ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ မိုဘိုင်းလ်ခေတ်ကနေ app အသစ်တွေကို တိုးချဲ့နိုင်ဖို့အတွက် ခေတ်ပြောင်းလာနိုင်ပါတယ်။

Samsung ဟာ ခေါက်နိုင်တဲ့ OLED display နဲ့ ဖုန်းအသစ်ကို ဖန်တီးနေပါတယ်။ ဒီနည်းပညာဟာ ဖွံ့ဖြိုးဆဲဖြစ်သော်လည်း Samsung ကတော့ဒီနှစ်အတွင်း ရနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ AI နဲ့ IoT ecosystem တို့ပေါင်းစပ်ပြီး ထုတ်ကုန်အသစ်၊ application နဲ့ ၀န်ဆောင်မှုတွေ လုပ်ဆောင်သွားဖို့ စိတ်ကူးထားပါတယ်။

နောက်ပြီး 5G နည်းပညာကိုလည်း မေ့မထားလိုက်ပါနဲ့။