ဝယ်ဖို့မစဉ်းစားရဲတဲ့ 18K Gold Special Edition Bentley iPhone X

0
1689

ကောလဟာလတွေသာမှန်မယ်ဆိုရင်တော့ Apple iPhone X ရောင်းအားကတော့ အတော်လေးနည်းပါးနေပါတယ်။ ဖြစ်နိုင်တာကတော့ ဈေးနှုန်းမြင့်မားမှုကြောင့်ပါပဲ။ ဒေါ်လာ 999 ဆိုတာကတော့ ဈေးအတော်လေးကြီးနေပြီးတော့ iPhone X ကို ဈေးသက်သာတယ်လို့ ဘယ်သူကမှ မတွေးနိုင်အောင် ဖြစ်သွားစေပါတယ်။

ဒီငွေပမာဏဟာ အသေးအမွှားပါလို့ထင်နေတဲ့ ၁ရာခိုင်နှုန်းသောလူတွေထဲမှာ ပါနေတုန်းဆိုရင်တော့ iPhone နောက်ထပ်တစ်မျိုးထွက်လာတာကို ကြည့်စေချင်ပါသေးတယ်။ Bentley iPhone X ကို ရှုစားလိုက်ပါဦး။ ငွေကြေးကို အဓိကမထားတဲ့သူတွေအတွက်တော့ special edition iPhone X က အထက်တန်းကျစေဦးမှာပါ။

Bentley iPhone X အကြောင်း အများကြီးမသိရသေးပေမယ့်လည်း အလုံးရေ 100 သာ ထုတ်လုပ်ထားတယ်ဆိုတာတော့ သိထားပါတယ်။ ဈေးဘယ်လောက်ကျမလဲဆိုတာ မသိရသေးတာကတော့ Bentley ၀က်ဘ်ဆိုက်၊ Apple ထံကနေ မကြားရသေးပါဘူး။ Bentley ကားကို ၀ယ်လိုက်မယ်ဆိုရင်တော့ လက်ဆောင်ရတာမျိုးလည်း ဖြစ်နိုင်လောက်ပါတယ်။ Bentley ကသင့်ကို ဘာတွေများ ပေးစွမ်းနိုင်စေမှာလဲ။ အခြားသော iPhone Xတွေနဲ့ကွဲပြားနေစေတာကတော့ ကျောဘက်မှာ 18K gold ပါဝင်နေခြင်းပါပဲ။ Bentley logo ကို ထည့်သွင်းထားပြီးတော့ ကင်မရာကို ရွှေကွပ်ထားရုံသာမက အလှဆင်ဖို့အတွက်လည်း အသုံးပြုထားပါသေးတယ်။

အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ဒီဖုန်းကိုကျွန်တော်တို့ ၀ယ်နိုင်မယ်မထင်ပါဘူး။ ၀ယ်ဖို့လည်း မစဉ်းစားရဲသေးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့လို လူမဟုတ်တဲ့သူတွေ အများကြီးရှိနေသေးတယ်မဟုတ်လား။