ကမ္ဘာကြီးကို ပြောင်းလဲတော့မယ့် တီထွင်မှုအသစ် (၁၀) ခု

0
1031

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ gadget လေးတွေဆိုရင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက မပေါ်သေးပါဘူး။ အဲဒီအချိန်တုန်းက မဖြစ်နိုင်ဘူးလို့တောင် ထင်ခဲ့ကြမှာပါ။ ဒါပေမယ့်လည်း တချို့တီထွင်မှုတွေက သမားရိုးကျမဟုတ်လွန်းလို့ အနာဂတ်ကလူတွေ လာပြီးထွင်ပေးသွားသလားတောင် ထင်မှတ်ရပါတယ်။

ကျွန်တော်တို့ရဲ့ ဘ၀ကို ထူးထူးခြားခြားပြောင်းလဲသွားနိုင်စေမယ့် အံ့အားသင့်စရာ ပစ္စည်းလေးတွေအကြောင်းကို ကျွန်တော်တို့ စုစည်းထားတာလေး တင်ပြပေးလိုက်ပါတယ်။

ရေကို ၀ိုင်အဖြစ်ပြောင်းပေမယ့် ခွက်

Vocktail ကိုတော့ စင်္ကာပူကပညာရှင်တွေ ဖန်တီးခဲ့တာဖြစ်ပြီး အထဲမှာရှိတဲ့ ရေရဲ့အရသာနဲ့ အရောင်ကို ပြောင်းလဲပေးနိုင်တဲ့ ခွက်ကလေးဖြစ်ပါတယ်။ သူ့ကိုတော့ မိုဘိုင်းလ်app နဲ့ ချိတ်ဆက်ထားပြီး သင်လိုချင်တဲ့ အရည်ကိုထိန်းချုပ်ခိုင်းစေခွင့်ပြုထားပါတယ်။

“Smart” မျက်မှန်များ

Vue မျက်မှန်နဲ့ဆို ဖုန်းခေါ်ခြင်း၊ သီချင်းကူးခြင်း၊ အကွာအဝေးတိုင်းခြင်း၊ ကယ်လိုရီတိုင်းခြင်းတွေ လုပ်လို့ရနေပါပြီ။ အဓိကအချက်တစ်ခုကတော့ “Find my glasses” လုပ်ဆောင်ချက် ပါဝင်ခြင်းပါပဲ။ ဒါကြောင့် မျက်မှန်ရှာနေစရာ မလိုတော့ဘူးပေါ့။ Vue မျက်မှန်တွေဟာ သာမန်မျက်မှန်တွေနဲ့ ဆင်တူပါတယ်။ နေကာအတွက်ဆိုလည်း ရှိပါသေးတယ်။ သူတို့တွေကို touch နဲ့ ထိန်းချုပ်နိုင်ပြီးတော့ ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်ပါတယ်။

အလိုအလျောက် သွားတိုက်စက်

Amabrush ကတော့ သင့်ရဲ့သွားတွေကို သွားပွတ်တံနဲ့တိုက်နေတာထက် စင်ကြယ်အောင် တိုက်ပေးမှာပါ။ အချိန်ကလည်း ၁၀ စက္ကန့်ပဲ ကြာမှာပါ။ လုပ်ရမှာကတော့ ပါးစပ်ထဲကို စက်ကလေးထည့်ပြီးတော့ Bluetooth ကတစ်ဆင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။

စကားသံကို စာသားအဖြစ်ပြောင်းပေးမယ့် ကိရိယာ

Senstone ကတော့ အ၀တ်မှာတွယ်ထား ဒါမှမဟုတ် လည်တိုင်မှာဆွဲထားနိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ တစ်ချက်နှိပ်လိုက်တာနဲ့ စကားသံကို စာသားအဖြစ်ပြောင်းပေးမှာပါ။ တိကျမှုကတော့ ၉၇% ရှိပါတယ်။ ဒါကတော့ ကျောင်းသားအားလုံးရဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ လက်ချာတွေကို လက်နဲ့လိုက်မှတ်စရာ မလိုတော့တာပေါ့။ ဘာသာစကား ၁၂ မျိုးအထိ နားလည်နိုင်တယ်လို့ သိရပါတယ်။

နှိုးစက်နာရီပါဝင်တဲ့ ကော်ဇော

Ruggie ကတော့ ပုံမှန်နှိုးစက်တွေနဲ့ မနိုးတဲ့သူတွေအတွက်ပါ။ နှိုးစက်ကိုပိတ်ဖို့အတွက် ကော်ဇော်ပေါ်မှာ ခြေထောက်ကို သုံးစက္ကန့်တင်ထားပေးရမှာပါ။ ဒါဟာ သင့်ဦးဏှောက်ကို နိုးထစေနိုင်တဲ့ အချိန်လုံလုံလောက်လောက်ပါပဲ။ နေ့သစ်တစ်ခုကို စတင်လို့ရပါပြီ။

ပန်ကိတ်ပရင်တာ

PancakeBot ဆိုတာကတော့ ပန်ကိတ်တွေကို ကြိုက်တဲ့ပုံစံ ထုတ်နိုင်အောင် လုပ်ဆောင်ထားပါတယ်။ ပန်းပုံက အစပြုလို့ သင်ကြိုက်တဲ့ကာတွန်းဇာတ်ကောင်အထိ ထုတ်နိုင်ပါတယ်။ ကလေးတွေဆိုရင်လည်း သူတို့စိတ်ကြိုက်ဆွဲထားတဲ့ပန်ကိတ်လေးတွေကို ကျွေးနိုင်ပါပြီ။ ဒီတော့ မနက်စာကျွေးရတာ မခက်ခဲတော့ဘူးပေါ့။ ဒီနေရာလေးမှာ  ဗွီဒီယိုလေး ကြည့်နိုင်ပါတယ်။

ရေစစ်ပိုက်

LifeStraw ရေစစ်လေးကတော့ ဘတ်တီးရီးယား ၉၉.၉% နဲ့ ဗိုင်းရပ်စ် ၉၆.၂% အထိ စစ်ပေးနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရေသန့်မရနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံကလူတွေအတွက် ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပစ္စည်းလေးဟာ ကမ္ဘာအနှံ့ခရီးသွားလာသူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ ဒါကြောင့် ရေကန်၊ မြစ်ထဲကရေကိုလည်း သောက်နိုင်ပါပြီ။ ဒီပစ္စည်းလေးကို ကိုယ်သောက်မယ့်ရေရဲ့ အရည်အသွေးကို စိတ်မသန့်ရင်လည်း အသုံးပြုနိုင်ပါသေးတယ်။

ထုတ်ကုန်တစ်ခုဒိတ်အောက်ပြီဆိုအရောင်းပြောင်းပေးမယ့်ကိရိယာ

Braskem ကနေပြီးတော့ အမေရိကန်၊ ဘရားဇီးက ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ pH အဆင့်ပေါ်မူတည်ပြီးတော့ အရောင်ပြောင်းနိုင်တဲ့ ပလတ်စတစ်ကို ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ပုပ်သိုးလွယ်တဲ့ပစ္စည်းတွေကို ထုတ်ပိုးတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ မကြာခင် စူပါမားကတ်တွေမှာ တွေ့မြင်လာရနိုင်ပါတယ်။

လေကာ display

Carloudy ဟာ သင့်ရဲ့ စမတ်ဖုန်းက ဒါမှမဟုတ် Bluetooth ပစ္စည်းက အချက်အလက်တွေကို မှန်ပေါ်တင်ပေးမှာပါ။ ဒီအချက်အလက်တွေကို ကားမောင်းသူရဲ့ အာရုံပျက်အောင် မလုပ်ဘဲ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကိုတော့ အသံနဲ့ထိန်းချုပ်နိုင်မှာ ဖြစ်တဲ့အတွက် စတီယာတိုင်ကို လွှတ်စရာမလိုတော့ဘူးပေါ့။

စမတ် ကုတ်အင်္ကျီ

Smart Parka ဆိုတာကတော့ လက်အိတ်ပျောက်တတ်တဲ့သူတွေအတွက်ပါ။ ဒီပစ္စည်းလေးမှာ မာဖလာနဲ့ ဦးထုတ်တောင် တွဲလျက်ပါလာတာကို တွေ့ရပါတယ်။ ကုတ်ရဲ့ အရှည်ကိုလည်း ပြောင်းလဲနိုင်ပြီးတော့ အတွင်းထဲမှာလည်း အသုံးဝင်တဲ့ ပစ္စည်းလေးတွေ အများကြီး ထည့်ပေးထားပါတယ်။ နောက်ပြီး ကုတ်ပျောက်သွားတာမျိုး၊ အခိုးခံရတာမျိုးအတွက်လည်း geotag ပါဝင်တာမို့ စိတ်ချရပါတယ်။ ဒီကုတ်လေးက ကနေဒါဆောင်းရာသီအတွက် ဖန်တီးထားတာမို့ အတော်လေး နွေးပါတယ်။