ဒီဇိုင်းနာများအတွက် အကောင်းဆုံး ကီးဘုတ်များ

0
1451

ကြိုးမဲ့လား၊ ကြွက်သားတွေမနာကျင်အောင်အထူးပြင်ဆင်ထားတဲ့ကီးဘုတ်လား။ အိမ်သုံးအတွက်ရှာနေတာပဲဖြစ်ဖြစ် ၊ စတူရီယိုတစ်ခုလုံးစာအတွက် ၀ယ်ဖို့စိတ်ကူးနေတာပဲဖြစ်ဖြစ် ကွန်ပျူတာကီးဘုတ်တွေကတော့ သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ မရှိလောက်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးကီးဘုတ်တစ်ခုကို အသုံးပြုခြင်းဟာ အရေးမပါဘူးလို့လည်း မဆိုလိုပြန်ပါဘူး။။

မောက်စ်ကောင်းကောင်းတစ်လုံးနဲ့မှန်ကန်တဲ့ကီးဘုတ်က သင့်ကိုလုပ်ရည်ကိုင်ရည်တိုးတက်စေပြီးတော့ အသုံးပြုရလွယ်စေသလို built-in shortcut တွေကိုလည်း အလွယ်တကူအသုံးပြုနိုင်မှာပါ။ လက်ကောက်ဝတ်နာကျင်ခြင်း ဒါမှမဟုတ် RSI  ကိုခံစားနေရမယ်ဆိုရင်တော့ ဖန်တီးမှုပေါင်းများစွာကို အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ပစ္စည်းလေးတွေကို အသုံးပြုခြင်းက ကူညီပေးနိုင်ပါတယ်။ ဒါမှမဟုတ် တစ်ခုမှမဟုတ်ဘူးဆိုရင်တောင် အနုပညာဖန်တီးတဲ့ခန်းမထဲမှာ စတိုင်လ်ကျကျကိုင်ဖို့ စဉ်းစားရမှာပါ။

ဒီတော့ သင့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အကောင်းဆုံးကီးဘုတ်ကို ဘယ်လိုရွေးကြမလဲ။ mechanical ကီးဘုတ်ကိုရွေးရမလား၊ ကြိုးမဲ့လား၊ ကြွက်သားတွေမနာကျင်အောင်အထူးပြင်ဆင်ထားတဲ့ကီးဘုတ်လား။ အဲဒီထဲကတစ်ခုကိုရော ၀ယ်နိုင်လား။ ဘတ်ဂျက်မလောက်ရင်ရော။

ကီးဘုတ်အသစ်ကိုရှာနေပေမယ့် အကြောင်းအရင်းအတိအကျမရှိတာမျိုး ဒါမှမဟုတ် သတ်သတ်မှတ်မှတ်လိုအပ်ချက်တစ်ခုကြောင့် ရှာနေတာမျိုးဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးရွေးချယ်ပေးထားတဲ့ ရှစ်ခုကို ဖတ်ကြည့်လိုက်ပါ။

၁။ Logitech Craft

ဒီဇိုင်းနာအတွက် အကောင်းဆုံးကီးဘုတ်ပါပဲ။

အရွယ်အစား – 43×14.9×3.2cm ၊ အလေးချိန် – 960g ၊ အကွာအဝေး – ၁၀မီတာအထိ ကြိုးမဲ့အသုံးပြုနိုင် ၊ ပါဝါ – အားပြန်သွင်းနိုင် (USB-C)

Multi-function Creative Input Dial

Works with Adobe/Microsoft apps များအသုံးပြုနိုင်

‘hand-detection’ ပါဝင်တဲ့ Backlit

ဈေးအရမ်းကြီး

ညာသန်တွေအတွက်ကောင်း

Logitech ရဲ့ လေးထောင့်ပုံစံလေးကတော့ ဒီဇိုင်းနာ၊ illustrator သမားတွေနဲ့ဒီဂျစ်တယ်ဖန်တီးရှင်တွေအတွက် ကြိုးမဲ့ကီးဘုတ်အလန်းစားလေးဖြစ်ပြီး ဈေးနှုန်းကိုတတ်နိုင်မယ်ဆိုရင်တော့ သင့်ရဲဖန်တီးနိုင်စွမ်းနဲ့ လုပ်ဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒီကီးဘုတ်ရဲ့ တကယ့်အသုံးဝင်ချက်ကတောာ့ ဘယ်ဘက်အပေါ်မှာရှိတဲ့ multi-function dial လေးပါပဲ။ သူဟာ Photoshop ၊ Illustrator ၊ InDesign နဲ့ Premiere Pro စတဲ့ Adobe application တွေကို အလွယ်တကူထိန်းချုပ်နိုင်စေပြီး Microsoft Office တွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

မြင်ကွင်းချုံ့ချဲ့၊ fine-tune tool တွေကို မြန်ဆန်လွယ်ကူစွာ အသုံးပြုနိုင်ပြီးတော့ အရာဝတ္ထုတွေရဲ့ ထိုးဖောက်မြင်နိုင်မှုကိုလည်း ချိန်ညှိနိုင်သလို စာသားတွေကိုလည်း လမ်းကြောင်းရှာနိုင်ပါတယ်။

၂။ Consair K95 RGB Platinum

RGB mechanical ကီးဘုတ်ကတော့ ဂိမ်းသမားတွေအတွက်သက်သက်ပဲ မဟုတ်တော့ပါဘူး။

အရွယ်အစား – 46.5×17.1×3.6cm ၊ အလေးချိန် – 1324g ၊ အကွာအဝေး – ၂မီတာအထိ USBကြိုးနဲ့ချိတ်ဆက်နိုင် ၊ Switches – Cherry MX switches

အရည်အသွေးမြင့် အလူမီနီယမ်ဖရိန်

RGB backlighting

macros များကိုသိမ်းဆည်းရန် Onboard မမ်မိုရီ

ဈေးအလွန်ကြီး

မြန်ဆန်စွာအသုံးပြုနိုင်

ရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲလ်

အရည်အသွေးမြင့် mechanical ကီးဘုတ်လို့တော့ မခံစားရပါဘူး။ လတ်ဆတ်မှု၊ အထိအတွေ့ခံစားမှုကောင်းကောင်းတွေကို ကီးတစ်ချက်နှိပ်လိုက်တိုင်းမှာ ချိတ်ခွက်လေးတွေကလ်း ခံစားမှုတစ်မျိုးကို ရရှိမှာပါ။ ဒီခံစားမှုတွေကတော့ Cherry MX အမျိုးအစားတွေမှာ အမြဲတွေ့ရပါမယ်။

ကြာလာတာနဲ့အမျှ mechanical ကီးဘုတ်တွေဟာ ပိုမိုမြန်ဆန်လာပြီးတော့ ရိုက်တဲ့အခါမှာလည်း ပိုမိုတိကျလာပါတယ်။ Corsair K95 RGB Platinum ကို သုံးလိုက်ပါတော့။ ဂိမ်းကီးဘုတ်ဖြစ်တဲ့အတွက်ကြောင့် RGB backlighting တွေပါဝင်ပြီးတော့ သီးသန့်ကီးခြောက်ခုကို macro function တွေနဲ့ဒီဇိုင်းလုပ်ထားပါတယ်။ ဥပမာ အများဆုံးသုံးဖြစ်တာက Adobe ဆိုရင် ကီးတစ်ခုနဲ့ သတ်မှတ်ထားနိုင်ပါတယ်။

သူ့ရဲ့ onboard မမ်မိုရီက 8MB ဖြစ်တဲ့အတွက်ကြောင့် အဲဒီ macro တွေဟာ ကီးဘုတ်ထဲမှာ သူ့ဘာသာသိမ်းဆည်းထားနိုင်ပါတယ်။ ဒါကြောင့် တစ်ကြိမ်သတ်မှတ်ပေးထားလိုက်တာနဲ့ ရှုပ်ထွေးတဲ့ဆော့ဖ်ဝဲလ်တွေကိုလည်း အနည်းငယ်လှည့်စားချက်ကလေးတွေ အသုံးပြုပြီး သုံးနိုင်မှာပါ။ Logitech Craft လိုပါပဲ ဈေးချိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လုပ်ဆောင်အားလုံးကို အပြည့်သုံးနိုင်မယ်ဆိုရင်တော့ တန်ပါတယ်။

၃။ Kinesis Advantage2 LF

RSI ကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး ကျန်းမာရေးကီးဘုတ်ပါပဲ။

အရွယ်အစား – 41.9×20.3×7.3cm ၊ အလေးချိန် – 998g ၊ Switches – Cherry MX switches

အားစိုက်ထုတ်မှုကိုလျှော့ချပေးထားတဲ့ဒီဇိုင်း

စာရိုက်ရတာအဆင်ပြေစေမယ့် Cherry MX switch

macro ၄၈မျိုးအထိ အသုံးပြုနိုင်

ဈေးအလွန်ကြီး

ထူပြီး ကြီးမား

ဒီဇိုင်းနာအများစုကတော့ RSI ၊ လက်ကောက်ဝတ်ကြွက်သားနာကျင်ခြင်းတွေလည်း ခံစားနေရတာမို့ ကီးဘုတ် shortcut အချို့က နှိပ်ဖို့အဆင်မပြေတတ်သလို၊ ထပ်ကာထပ်ကာနှိပ်ရတဲ့ ကီးဘုတ်ရိုက်ချက်တွေကိုလည်း မနှစ်သက်ကြတော့ပါဘူး။ ဒါကြောင့် ဒီကီးဘုတ်လေးက ဖြေရှင်းပေးမှာပါ။

Kinesis ရဲ့ Advantage2 LFကတော့ သူ့ရဲ့ကြွရွနေတဲ့ဒီဇိုင်းကြောင့် အခုစာရင်းထဲကကီးဘုတ်တွေနဲ့ မတူညီဘဲကွဲထွက်နေပါတယ်။ ခွက်နေတဲ့ကီးနံရံတွေက လက်မောင်းနဲ့လက်ချောင်းတို့ရဲ့ ရိုက်အားကို လျှော့ချပေးပြီးတော့ mechanical Cherry MX Red linear switch တွေဟာ လွယ်ကူချောမွေ့ပြီးတော့ စိတ်ကျေနပ်စေပါတယ်။

တကယ်လို့ ကီးဘုတ် shortcut တွေက သင့်အတွက် အခက်အခဲဖြစ်နေမယ်ဆိုရင်တော့ Advantage2 LF ဟာ Corsair K95 RGB Platinum ကို အရှက်ရစေမယ့် 48 programmable macro ကို ထည့်ပေးထားတာဆိုတော့ အေးဆေးမှတ်လို့ရပါတယ်။

၎။ Penclic KB3 Mini Keyboard

သင့်ရဲ့ device တွေမှာရော တွဲဖက်အလုပ်လုပ်နိုင်မယ့် အကောင်းဆုံးကြိုးမဲ့ကီးဘုတ်

အရွယ်အစား – 28.6×13.5x1cm ၊ အလေးချိန် – 340g ၊ ပါဝါ – Lithium-polymer ပါဝင်တဲ့ အားပြန်သွင်းနိုင်တဲ့ ဘတ်ထရီ၊ Range – ၁၀မီတာအထိ ကြိုးမဲ့ချိတ်ဆက်နိုင်

RSI လျှော့ချနိုင်တဲ့ဒီဇိုင်း

secondary function များအတွက် colour highlight

Lightning connector မဟုတ်ဘဲ Micro USB

ဒီစာရင်းထဲကီးဘုတ်အများစုကတော့ ကြိုးမဲ့ပါ။ ဒါပမယ့် Penclic KB3 ကို ဖော်ပြဖို့အကြောင်းကတော့ device compatibility လို့ခေါ်တဲ့ MacOS ၊ iOS ၊ Windows နဲ့ Android တွေမှာလည်း ချိတ်ဆက်နိုင်ခြင်းပါ။

Penclic ကတော့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေကို RSI လျှော့ချဖို့နဲ့ အလုပ်စားပွဲအတွက် ချိန်ညှိနိုင်မှုတွေကိုပါ စဉ်းစားပြီးဒီဇိုင်းဆင်ပါတယ်။ ဒါကြောင့် light key travel ၊ အဆင်ပြေတဲ့ နေရာချဲမှုများ၊ အလူမီနီယမ်ကိုယ်ထည်ရဲ့ သိမ်မွေ့တဲ့ကာလာအနေအထားတို့ကို လုပ်ဆောင်နိုင်ခဲ့တာပေါ့။

အနက်ရောင်ဗားရှင်းမှာတော့ functionတွေကိုသိနိုင်စေဖို့အတွက် လိမ္မော်ရောင်နဲ့ အလင်းပြထားပြီးတော့ ပန်းရောင်၊ ရွှေရောင်တွေအတွက်လည်း လိုက်ဖက်အောင် ထုတ်ပေးထားပါသေးတယ်။

၅။ Anker Universal Bluetooth Wireless Keyboard

ဘတ်ဂျက်အတွက်ဆိုရင်တော့ အဆင်ပြေမှာပါ။

အရွယ်အစား – 28.7×12.7×1.3cm ၊ အလေးချိန် – 321g ၊ Range – ၁၀မီတာအထိ ကြိုးမဲ့ချိတ်ဆက်နိုင်

တန်ဖိုးကောင်းမွန်ခြင်း

ကောင်းမွန်သောဒီဇိုင်း

Apple-style ရှိသော်လည်း PC အတွက်တော့အဆင်မပြေ

မျက်စိကျစရာဈေးရှိပေမယ့်လည်း တန်ဖိုးကတော့ ရိုးရိုးပါပဲ။

Bluetooth မှတစ်ဆင့် Android ၊ iOS ၊ Windows ၊ MacOS တွေကိုချိတ်ဆက်နိုင်ပြီး ဈေးသက်သာခြင်း၊ matte-finish ကီးတွေက အဲဒီဈေးမှာ စာရိုက်တဲ့ခံစားမှုကို ကျေနပ်စေမှာပါ။

Apple ရဲ့ အငွေ့အသက်တွေပါဝင်နေတယ်လို့ ခံစားမိတာသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အလူမီနီယမ်မဟုတ်ဘဲ ဈေးသက်သာတဲ့ ပလတ်စတစ်နဲ့ဖန်တီးထားတာဖြစ်တဲ့အတွက် PC သုံးစွဲသူတွေကတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဈေးသက်သာတာကို တွေးရမှာပါ။

၆။ Razer Mechanical Keyboard Case

iPad Pro ကို လက်ပ်တော့ပြောင်းချင်နေတာလား

အရွယ်အစား – 31.2×24.1×2.3cm ၊ အလေးချိန် – 980g ၊ ပါဝါ – brightness အဆုံးတင်ထားရင်တောင် ၁၀နာရီ ၊ backlight မပါရင် နာရီ ၆၀၀

ကျေနပ်ဖွယ် mechanical ကီးများ

ချိန်ညှိလို့ရတဲ့ backlight

Bluetooth ချိတ်ဆက်နိုင်စွမ်း

အနည်းငယ်ဈေးကြီး

iPad Pro သုံးစွဲသူတွေအတွက်ကတော့အကောင်းဆုံးကီးဘုတ်ပါပဲ။ iPad ကောင်းကောင်းတစ်လုံးကိုင်ထားမယ်ဆိုရင်တော့ ဒီကီးဘုတ်က အသာလေးပါပဲ။ ဒီကီးဘုတ်မှာပါဝင်တဲ့ mechanical ကီးတွေက သင့်ကို စိတ်မပျက်စေရပါဘူး။

ခရီးတွေဘာတွေသွားရင်းနဲ့ အလုပ်လုပ်ရမယ်ဆိုရင်တော့ ဆိုဒ်အပြည့် mechanical ကီးဘုတ်နဲ့လုပ်နေရသလို ခံစားရမှာပါ။ ပြီးတော့ Razer ရဲ့ ကိုယ်ပိုင် ultra-low-profile mechanical switch တွေလည်း ပါသေးတယ်နော်။

ချိန်ညှိလို့ရတဲ့ backlightတွေကြောင့် ဘတ်ထရီကို အချိန်ကြာမြင့်သွားစေပါတယ်။ metal kickstand ကလည်း အရမ်းမိုက်ပါတယ်။

၇။ Logitech K780

စမတ်ဖုန်း၊ တက်ဘလက်တွေအတွက်အသုံးဝင်မယ့် ကီးဘုတ်ကောင်းကောင်းလေး

အရွယ်အစား – 38×15.8×2.2cm ၊ အလေးချိန် – 875g ၊ ပါဝါ – AAA ဘတ်ထရီနှစ်လုံး ၊ power-saving idle mode  နဲ့ဆို ၂၄လအထိ ၊ Range – ၁၀မီတာအထိ ကြိုးမဲ့ချိတ်ဆက်နိုင်ပြီး တစ်ပြိုင်တည်း device သုံးခုအသုံးပြုနိုင်၊ Bluetooth ကနေလည်းချိတ်ဆက်နိုင်

စမတ်ဖုန်းနဲ့ တက်ဘလက်တပ်ဆင်ဖို့နေရာလည်းပါ

AAA ကိုအားသွင်းနိုင်တဲ့ဘတ်ထရီများအစားအသုံးပြုထား

စမတ်ဖုန်းနဲ့ တက်ဘလက်ပိုင်ရှင်တွေကို ဦးတည်ထားတဲ့ Logitech K780 ကီးဘုတ်ကတော့ K380 ထက် လက်စွမ်းပြထားပါတယ်။ အနည်းငယ်ပိုရှည်လာပြီးတော့ Number pad ကလည်း အသုံးပြုရအဆင်ပြေလာပါတယ်။

K780 ဟာ Bluetooth ဒါမှမဟုတ် ကြိုးမဲ့ချိတ်ဆက်တဲ့နေရာမှာ တစ်ပြိုင်တည်း device သုံးခုအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာပဲ ပြောင်းနိုင်ပါပြီ။

ကီးဘုတ်ရဲ့အခြေမှာ iPhone ၊ iPad ၊ Android တွေကို တပ်ဆင်နိုင်ပါတယ်။ အထူ 11.3mm အထိ ထောက်ပံ့ပေးထားတာမို့ သုံးရအဆင်ပြေ၊ ကြည့်ရအဆင်ပြေပါတယ်။

၈။ Microsoft Universal Foldable Keyboard

ချစ်စရာကီးဘုတ်လေးကတော့ Android သမားတွေအတွက် အကောင်းဆုံးပါပဲ။

အရွယ်အစား – 29.5×12.5×1.2cm ၊ အလေးချိန် – 340g ၊ ပါဝါ – Lithium ion ဘတ်ထရီ ၊ Range – ကြိုးမဲ့ ၊ Bluetooth 4.0

ခေါက်နိုင်တဲ့ဒီဇိုင်း

USB အားသွင်းစနစ်

လက်ပ်တော့များအတွက် အဆင်မပြေ

Microsoft ကတော့ တစ်ဝက်ခေါက်လိုက်မယ်ဆိုရင် 15cm လောက်သာရှိတာမို့ အိတ်ဆောင်အရွယ်အစားလေးဖြစ်ပြီး ခရီးသွားတဲ့အခါထည့်သွားဖို့ နေရာစိတ်မပူရတာပေါ့။

Android ၊ Windows Phone  ၊ iOS တို့ကို Bluetooth ကနေ ချိတ်ဆက်နိုင်ပြီး USB နဲ့အားသွင်းပါတယ်။ အတော်လေးသယ်ရလွယ်ပေမယ့်လည်း ပြားကပ်ပြီးတော့ စာရိုက်ရအဆင်ပြေစေဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် လက်ပ်တော့နဲ့တော့အဆင်မပြေသေးပါဘူး။

ဈေးနှုန်းများ

Logitech Craft – ပေါင် 82.23
Consair K95 RGB Platinum – ပေါင် 77.64
Kinesis Advantage2 LF – ဒေါ်လာ 339
Penclic KB3 Mini Keyboard – ဒေါ်လာ 80.79
Anker Universal Bluetooth Wireless Keyboard – ပေါင် 16.99
Razer Mechanical Keyboard Case – ဒေါ်လာ 169.99
Logitech K780 – ပေါင် 82.23
Microsoft Universal Foldable Keyboard – ပေါင်  7985