စမတ်ဖုန်းကင်မရာ တစ်လုံးမှာ ရှိသင့်တဲ့ အရည်အသွေး (၇)မျိုး

0
1721

Design

ဘော်ဒီကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပါတယ်။ အနက်ရောင်၊ ရွှေရောင် နဲ့ Aurora အပြာရောင် (၃) မျိုး ထုတ်လုပ်ထားပြီး အပြာရောင်ဖုန်းဗားရှင်းက အရမ်းကို လှပပါတယ်။ ညာဘက်မှာ မှာ ပါဝါခလုတ်၊ အသံအတိုးအချဲ့ခလုတ်တို့ကို ထည့်သွင်းထားပါတယ်။ အဓိက အားဖြင့်တော့ HUAWEI nova 2i မှာ Home ခလုတ်ကို ဖယ်ရှားထားတဲ့အတွက် ဘောင်ပျောက်ပြီး သပ်ရပ်လှပစေနေတာ ဖြစ်ပါတယ်။ လက်ဗွေစနစ်၊ Full View display စသဖြင့် အမိုက်စား ပုံဖော်ထားတာမို့လို့ ကိုင်ဆောင် အသုံးပြုတဲ့အခါမှာ စတိုင်ကျလှပစေပါလိမ့်မယ်။

Display

Huawei Nova 2i ဟာ မျက်နှာပြင်အပြည့် ရုပ်ထွက် သုံးထားပါတယ်။ မျက်နှာပြင်က ၅ လက်မ ခွဲကျော်ကျော် ဖြစ်ပါတယ်။ 18:9 သုံးထားတာကြောင့် ၅.၅ လက်မလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်အပြည့် ရုပ်ထွက် သုံးထားတာနဲ့အညီ လက်ဗွေရာစနစ်ကို ကျောဘက်သို့ ပို့ထားပါတယ်။

Huawei Nova 2i ရဲ့ မျက်နှာပြင် ၅.၉၃ လက်မကို FHD+ ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ အရောင်ပေးစွမ်းနိုင်မှု ကောင်းမွန်ပါတယ်။ FHD+ အသုံးပြုထားတဲ့အတွက် တခြားဖုန်းတွေလို ထစ်အ ထစ်အ ဖြစ်တာတွေ၊ ရုပ်ရှင်ကြည့်နေရင်း ဖိုင်အပြင်ဘက်ကို ပြန်ထွက်သွားတာတွေ လုံးလုံး မရှိတော့ပါဘူး။

Performance

Huawei Nova 2i ဟာ ကုမ္ပဏီပိုင် Kirin 659 Processor သုံစွဲထားပြီး အမြန်နှုန်း 2.36GHz ရှိပါတယ်။ RAM4GB+64GB သုံးထားပါတယ်။ Kirin 659 Processor ဟာ Mobile Legend အပါအ၀င် ပါဖောမင့် မြင့်မြင့်ကို တောင်းဆိုတတ်တဲ့ 3D ဂိမ်းတွေကို လွယ်ကူ ချောမွေ့စွာ ကစားနိုင်ပါတယ်။ Display အတွက် ထောက်ပံ့ပေးထားတဲ့pixels ပမာဏက 1080 x 2160 ဖြစ်တဲ့အတွက် စိတ်ကြည်နှုးစေနိုင်တဲ့ ရုပ်ထွက်အလန်းစားတွေ ရရှိမှာပါ။

 

Software/Hardware

Huawei Nova 2i မှာ Android Nougat အခြေခံ EMUl 5.1 အသုံးပြုထားပါတယ်။ ဟွာဝေး ရဲ့ နာမည်ကျော် P10 မှာ သုံးစွဲထားတဲ့ OS ကိုပဲ သုံးစွဲထားတာ ဖြစ်ပါတယ်။ Kirin 659 chipset ကို  8 core ထည့်သွင်းပေးထားတဲ့အပြင် RAM 4GB နဲ့ ချိတ်ဆက်ထားတဲ့အတွက် Application အများအပြားကို အသုံးပြုနေစဉ်အတွင်း မှာ Multitasking အကောင်းဆုံး လုပ်နိုင်စွမ်းရှိပါတယ်။

Nova 2i ရဲ့ ပရိုဆက်ဆာ Kirin 659 ရဲ့ စွမ်းဆောင်ရည် ဟာ Snapdragon 810 ၊ Snapdragon 625 တွေနဲ့ တန်းတူရှိပါတယ်။ ဆမ်ဆောင်း ပရိုဆက်ဆာ Exynos 7420 နဲ့ မတိမ်းမယိမ်းလောက်ထိ စွမ်းရည်မြင့်ပါတယ်။

 

Camera

ကျောဘက်မှာ ကင်မရာနှစ်ခုပါရှိပါတယ်။ အဲဒီအောက်မှာ လက်ဗွေရာစနစ် ထည့်သွင်းထားပါတယ်။ အောက်ခြေမှာ စပီကာပေါက်၊ USB ပေါက်၊ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ မျက်နှာပြင်ထိပ်မှာ ဖုန်းခေါ်ဆိုမှု စပီကာ ပါဝင်ပါတယ်။

Huawei Nova 2i ရဲ့ကင်မရာပိုင်းကလည်း အတော့်ကို ထူးခြားလှပြီး ပထမဆုံးကင်မရာလေးလုံးပါ ဖုန်းဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

ရှေ့ကင်မရာနှစ်ခုက 13MP+2MP ဖြစ်ပြီး ကျောဘက်ကင်မရာနှစ်ခုက 16MP+2MP ဖြစ်ပါတယ်။ 2MP ဆင်ဆာက ဟွာဝေးရဲ့ Bokeh Effect တွေ ရိုက်ကူးနိုင်အောင် ကူညီထောက်ပံ့ပေးမှာပါ။ အဓိက ကင်မရာ 16MP နှင့် ဓာတ်ပုံရိုက်ကူးမှုကို 16:9 နှင့် ပြုလုပ်နိုင်သလို 18:9 နှင့်လည်း ရိုက်ကူးနိုင်ပါတယ်။ RAW လည်း ရိုက်ကူးနိုင်ပါသေးတယ်။

Selfie ကင်မရာက 13MP+2MP ဖြစ်ပါတယ်။ 2MP က Selfie ချစ်သူတွေ အကြိုက်တွေ့စေမယ့် စိတ်ကြိုက် Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

 

Battery

Battery Performance က အထူးကောင်းမွန်လှပါတယ်။ စိတ်ကြိုက် Browsing/Surfing လုပ်တဲ့သူတွေတောင်မှ ၂၄နာရီစာ တစ်နေ့တာအေးအေးဆေးဆေး အသုံးပြုနိုင်ပါတယ်။ မဟုတ်တော့ပါဘူး။ အားအပြည့်သွင်းထားရင် Standby (၂)ရက်တိတိ အသုံးခံနိုင်ပါတယ်။ ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ဖို့အတွက် 3340mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။


Price

ဈေးနှုန်းက ၃၃၉၀၀၀ မျှသာ ဖြစ်ပါတယ်။ ကင်မရာ ၄ လုံး၊ 4GB RAM, 8 core Processor, Full HD+, 4G network, Huawei Histen Audio စနစ် စတဲ့  အလန်းစား လုပ်ဆောင်ချက်တွေကို ပေးအပ်ခဲ့ပေမယ့် ဈေးနှုန်းကတော့ သင့်တင့်မျှတမှု ရှိလွန်းပါတယ်။

စမတ်ဖုန်းကင်မရာ တစ်လုံးမှာ ရှိသင့်တဲ့ အရည်အသွေး (၇) မျိုး စလုံးကို Huawei Nova 2i မှာ တွေ့ရှိနိုင်ပါတယ်။