Samsung Galaxy S9 နဲ့ Galaxy S9+တို့မှာ Intelligent Scan ပါဝင်မယ်

0
1712

Samsung Galaxy S9 နဲ့ Galaxy S9+တို့ဟာ MWC 2018 မှာပြသနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီ flagship အသစ်နှစ်လုံးကနေ မျှော်လင့်ထားတဲ့ feature တွေကတော့ ကင်မရာကောင်းမွန်ဖို့နဲ့ အသစ်အဆန်း feature တွေပဲ ဖြစ်ပါတယ်။ Galaxy S9 နဲ့ S9+ တို့ကတော့ ဒီဇိုင်းပိုင်းမှာ များများစားစားပြောင်းလဲထားမယ်လို့ မမျှော်လင့်ရပါဘူး။ Samsung ဟာ ကျွန်တော်တို့ကို launch event မှာ အံ့သြအောင်လုပ်ဆောင်မယ့်အရာတစ်ခုကတော့ biometric စနစ်ကို လုပ်ဆောင်ထားပါတယ်။

Galaxy Note8 အတွက် Android Oreo beta ကို စစ်ဆေးကြည့်တဲ့အခါမှာ XDA member တစ်ယောက်ဖြစ်တဲ့ ‘mweinbach’ ကတော့ ‘Intelligent Scan’ နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို တွေ့ခဲ့ပါတယ်။ အဲဒါကြောင့် Galaxy S9 feature ဖြစ်နိုင်ပြီးတော့ Galaxy S8 ၊ Galaxy Note8 တို့မှာတော့မရနိုင်လောက်ပါဘူး။

Intelligent Scan ဆိုတာ ဘာများလဲ

ဒါကိုတော့ သိပ်မသိသေးပါဘူး။ Samsung help graphic တစ်ခုကိုတော့ တင်ပေးခဲ့ပါတယ်။ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုတော့ သိရပါတယ်။ ၇စက္ကန့်စာ ဂရပ်ဖစ်လေးက feature အသစ်အကြောင်းကိုတော့ ကုန်စင်အောင်မပြပေးနိုင်ပါဘူး။ ‘Intelligent Scan’ ဟာ အလင်းရောင်အခြေအနေအားလုံးမှာ အလုပ်ဖြစ်ကြောင်းသာ ပြနိုင်ခဲ့ပါတယ်။

Feature အသစ်ကတော့ မျက်နှာနဲ့ iris တို့ပူးပေါင်းပြီးတော့ scan ဖတ်တဲ့နည်းပါ။ အဲဒီလိုထပ်ပေါင်းထည့်လိုက်ခြင်းအားဖြင့် လုံခြုံရေးအတွက်ပိုမိုကောင်းမွန်စေပြီး အတော်လေးမှောင်တဲ့အချိန်မှာတောင် တိကျမှန်ကန်ပါတယ်။ ဒီလိုမှောင်တဲ့အချိန်ကြောင့် iris scanning နဲ့ facial recognition တို့မှားယွင်းသွားတာ ဖြစ်ပါတယ်။ Samsung Galaxy S9 တွေမှာ biometrics တွေ ကောင်းမွန်စေဖို့အတွက် အရှေ့ကင်မရာမှာ 3D sensor တွေကိုလည်း တပ်ဆင်ထားလိမ့်မယ်လို့ သတင်းထွက်နေပါတယ်။

ဒီလိုfeature ကတော့ အဆင်ပြေပေမယ့်လည်း အရှေ့ဖက် fingerprint sensor ကို မကြိုက်တဲ့သူတွေ ရှိနေဆဲပါ။ အဓိကကတော့ authentication system ဟာ third-party ဖြစ်နေခြင်းပါပဲ။ standard Android API ကို အသုံးပြုထားတဲ့ fingerprint sensor နဲ့မတူတာကတော့ Samsung-specific authentication system မှာကိုယ်ပိုင် APIs တွေကို အသုံးပြုထားခြင်းပါ။ ဒါကြောင့် Intelligent Scanning မှာလည်း unlock အတွက်သာ အသုံးပြုနိုင်ပေမယ့် ဘဏ်လိုမျိုးအရာအတွက်တော့ support မပေးလောက်ပါဘူး။ iPhone X ရဲ့ Face ID ကတော့ ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။