Mac Software အရည်အသွေးမြှင့်တင်ဖို့အတွက် feature အသစ်တွေကို ဆိုင်းငံ့မည့် Apple

0
1627

Apple ရဲ့အစီအစဉ်ကတော့ iOS 12အတွက်တချို့သော feature တွေကို နောက်နှစ်လောက်အထိ ဆိုင်းငံထားဖို့ပါ။ ဒီသတင်းကိုတော့ Bloomberg News မှ Mark Gurman က တင်ပြခဲ့တာပါ။

Apple ရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာခေါင်းဆောင် Craig Federighi ဟာ ဒီလအစောပိုင်းမှာကျင်းပခဲ့တဲ့ ၀န်ထမ်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

macOS ကို အဆင့်မြှင့်တင်သွားမှာဖြစ်ပေမယ့်လည်း  watchOS ၊ tvOS တို့ရဲ့ဖွံ့ဖြိုးမှုစက်ဝန်းကိုတော့ မထိခိုက်ပါဘူး။

ဒီလမှာပြောင်းလဲသွားမယ်လို့ ၀န်ထမ်းတစ်ဦးကပြောခဲ့တာပါ။ ဒီလိုပြောင်းလဲမှုဟာ Mac computer software update ကို သက်ရောက်မှုရှိမှာဖြစ်ပြီးတော့ Apple Watch နဲ့ Apple TV software တို့ကတော့ မသက်ရောက်ပါဘူး။

လက်ရှိ software platform တွေရဲ့အရည်အသွေးတွေကို အာရုံစိုက်ဖို့အတွက် bug တွေကိုပြင်ဆင်ဖို့ အလေးပေးထားပါတယ်။ performance ပိုင်းနဲ့stable ဖြစ်အောင်လုပ်ဆောင်တာဖြစ်ပါတယ်။

macOS High Sierra version 10.13.1 မှာတွေ့ကြုံခဲ့ရတဲ့ password မထည့်ဘဲအကောင့်ဝင်လိုက်ခြင်းအားဖြင့် root superuser ဖြစ်သွားတဲ့ ယိုပေါက်တွေကြုံခဲ့ပြီးနောက်မှာ ဒီဗျူဟာကို စတင်လိုက်တာပါ။ security update အမြန်ထုတ်ပြီးတော့ ကာကွယ်ခဲ့ရပါသေးတယ်။

macOS High Sierra version 10.13.2 ရဲ့ ယိုပေါက်တစ်ခုကြောင့် System Preferences  ထဲက App Store menu ကို password မလိုဘဲ unlock လုပ်နိုင်ကြောင်း MacRumors က တင်ပြခဲ့ပါတယ်။ ဒါဟာ သိပ်တော့မစိုးရိမ်ရပေမယ့်လည်း မဖြစ်သင့်တဲ့အရာတစ်ခုပါ။

iOS 9 ထုတ်ချိန် ၂၀၁၅ မှာလည်း အဲဒီလိုဗျူဟာသုံးဖူးပါတယ်။ ဒါကြောင့် ဒါဟာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

Apple ဟာ iOS 12 မှာ home screen ပေါ်က icon လေးတွေကို ပြန်ဒီဇိုင်းလုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၉အထိ ကြန့်ကြာနိုင်ပါတယ်။ augmented reality game တွေအတွက် multiplayer mode ကလည်း ရနိုင်မလားဆိုတာ မသိရသေးပါဘူး။

၂၀၁၈ မှာ Photos app နဲ့ပတ်သတ်ပြီး အနည်းငယ်တိုးတက်လာဖို့တော့ Gurman က မျှော်လင့်နေပါသေးတယ်။ Health app နဲ့ parental controls တွေကိုလည်း ဒီနှစ်ထဲမှာ ပြင်ဆင်ပေးမယ်လို့ သတင်းကြားထားပါသေးတယ်။