Lomography ရဲ့ ၂၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ရောင်းမယ့် limited edition ကင်မရာသုံးလုံး

0
464

၂၅နှစ်ပြည့်အခမ်းအနားကိုကျင်းပဖို့အတွက် Lomography  ဟာ လူကြိုက်များခဲ့တဲ့ Lomo ကင်မရာသုံးလုံးရဲ့ limited edition များကို launch လုပ်ခဲ့ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ The Lomo LC-A+ ပဲ ဖြစ်ပါတယ်။

Lomography ရဲ့ အရင်ဗားရှင်း ကို zone-focus 35mm နဲ့ auto exposure တို့အပြင် LC-A 120 medium format ဗားရှင်း၊ LC-Wide 35mm ကင်မရာမှာလည်း 17mm wide-angle lens တို့ကို ရနိုင်ဦးမှာပါ။ ကင်မရာသုံးလုံးမှာ အညိုရောင်လယ်သာနဲ့ အလှဆင်ထားပြီးတော့ Lomography ရဲ့ ဆောင်ပုဒ်လေးကိုလည်း အနောက်ဘက်မှာ ရေးသားထားပါတယ်။

LC-A+ နဲ့ LC-Wide တို့မှာတော့ အညိုရောင်လယ်သာအိတ်လေးကိုလည်း ရနိုင်ပါသေးတယ်။

ဒီပစ္စည်းအားလုံးကို Lomography ဆိုင်မှာ အော်ဒါယူနိုင်ပြီးတော့ ယူအက်စ်နဲ့ ကနေဒါကို ဇန်န၀ါရီ ၂၉ရက်နေ့ကတည်းက ဖြန့်ချိပေးနေတာပါ။ LC-A+ ကတော့ ဒေါ်လာ ၃၀၀ ၊ LC-Wide ကတော့ ဒေါ်လာ၄၄၀ ဖြစ်ပြီး medium format LC-120 ကတော့ ဒေါ်လာ၄၈၀ ဖြစ်ပါတယ်။ ထည့်တဲ့အိတ်လေးကိုတော့ ဒေါ်လာ၈၀နဲ့ ၀ယ်ယူနိုင်ပါတယ်။

ပြည့်ပြည့်စုံစုံသိချင်ရင်ော့ Lomography website ဒါမှမဟုတ် Lomography ဆိုင်ကို သွားကြည့်နိုင်ပါတယ်။