ဘစ်ကွိုင်၊ ခရစ်ပတိုငွေကြေး၊ အိုင်စီအိုကြော်ငြာများကို ပိတ်ပင်လိုက်တဲ့ Facebook

0
1728

ခရစ်ပတိုငွေကြေး တွေကတော့ အတော်လေးနယ်ချဲ့နေကြတာဖြစ်ပြီး Facebook အတွက်ကတော့ လုံလောက်သွားပြီလို့ ထင်ပုံရပါတယ်။

သူတို့ဟာ ဘစ်ကွိုင်၊ ခရစ်ပတိုငွေကြေး၊ အိုင်စီအိုကြော်ငြာများကို ပိတ်ပင်လိုက်ကြောင်း မနေ့က ပြောကြားလိုက်ပါ။ ဒီလုပ်ရပ်ဟာ အလွဲသုံးစားပြုမှုတွေနဲ့၊ စိတ်ညစ်စရာကြော်ငြာများကို တိုက်ခိုက်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ။

ငွေကြေးနဲ့ဆိုင်တဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေဟာ အလွဲသုံးစားမှု၊ နားလည်လွဲမှုတွေကို ဖြစ်စေနိုင်တဲ့အတွက် ဒီလိုမျိုးအရာတွေကို ပိတ်ပင်ခဲ့တာပါ။

ဒီလိုပေါ်လစီကို Facebook က ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

(အိုင်စီအိုလို့ခေါ်တဲ့ ကွိုင်တွေပေးအပ်ခြင်းဟာ ရင်းနှီးဖို့အတွက်စိတ်ဝင်စားအောင် ဆွဲခေါ်ခြင်းတစ်မျိုးပါပဲ။)

ဘစ်ကွိုင်နဲ့အခြားသော ခရစ်ပတိုငွေကြေးတွေဟာ အတော်လေးကို ဟော့ဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း အလွဲသုံးစားမှု၊ စွန့်စားမှုတွေအဖြစ်နဲ့လည်း ထွက်ပေါ်နေဆဲပါ။

ဒီတစ်ပတ်မှာ SEC ဟာ ဒေါ်လာ၆၀၀မီလျံလောက်ပေးမယ်လို့ ကြွေးကြော်ထားတဲ့ အိုင်စီအိုကို ပိတ်သိမ်းခဲ့ပြီးတော့ ဟက်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

ဖေ့စ်ဘွတ်တာဝန်ရှိသူတစ်ဦးကတော့ စည်းမျဉ်းအသစ်ဟာ ခရစ်ပတိုငွေကြေးနဲ့ပတ်သတ်သမျှကို ပိတ်သိမ်းခဲ့တာဖြစ်ပြီးတော့ ရောင်းချခြင်း၊ token ထုတ်ခြင်းတွေကိုသာ ပိတ်ပင်တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဘစ်ကွိုင်အတွက် ကြော်ငြာတွေကိုသာ ပိတ်ပင်ခြင်းသာမက ကွိုင်ရှာတဲ့ hardware တွေကိုပါ ပိတ်ခဲ့တာပါ။

ဖေ့စ်ဘွတ်ထုတ်ကုန်စီမံဌာနရဲ့ ဒါရိုက်တာ Rob Leathern ကတော့ အနာဂတ်မှာတော့ ခရစ်ပတိုငွေကြေးတွေနဲ့ပတ်သတ်တဲ့ကြော်ငြာကို တရားဝင်အနေနဲ့စီစဉ်ပေးဖို့ရှိကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော်တို့လိုချင်တာက ဖေ့စ်ဘွတ်ပေါ်က ထုတ်ကုန်နဲ့ ၀န်ဆောင်မှုအသစ်တွေကို လေ့လာပြီးတော့ စိုးရိမ်ကင်းစွာနဲ့ စမ်းသပ်စေချင်တာပါ”

“ကြော်ငြာလုပ်ဆောင်နေကြတဲ့ အိုင်စီအိုတွေနဲ့ခရစ်ပတိုငွေကြေးတွေအနေနဲ့လက်ရှိမှာ မယုံကြည်လောက်တဲ့အတွက်ကြောင့် အခုလိုလုပ်ဆောင်ခြင်းဖြစ်ပါတယ်”

“ဒီပေါ်လစီကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ ကြော်ငြာတလွဲဖြစ်နေမှုတွေကိုလည်း ပိုမိုသိရှိသွားအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Facebook ၊ Audience Network နဲ့  Instagram တို့မှာလည်း အင်တိုက်အားတိုက်လုပ်ဆောင်သွားမှာပါ။ ပေါ်လစီကို ပြန်လည်ပြင်ဆင်ပြီးတော့ တိုးတက်အောင်လည်း လုပ်ဆောင်သွားမှာပါ။”