Enterprise Gadget Trending

ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူ ဖြစ်လာတဲ့ ဆမ်ဆောင်း

Intel ပရိုဆက်ဆာတွေကတော့ ဆမ်ဆောင်းမမ်မိုရီကို အရှုံးပေးလိုက်ရတော့မလိုပါပဲ

Intel ဟာ chip ထုတ်လုပ်မှုအပိုင်းမှာ လွှမ်းမိုးထားခဲ့တာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပါပြီ။ ဒါပေမယ့် ၂၀၁၇မှာတော့ သူဟာ ဆမ်ဆောင်းကို သရဖူလွှဲပေးခဲ့ရပါတယ်။ နှစ်ဦးစလုံးရဲ့ ငွေကြေးအစီရင်ခံစာတွေက သက်သေထူနေပါတယ်။ ခေါင်းဆောင်အပြောင်းအလဲကိုတော့ Intel က နှစ်စဉ်ဝင်ငွေ ဒေါ်လာ၆၂.၈ဘီလျံ ၊ ဆမ်ဆောင်းက ဒေါ်လာ၆၉.၁ဘီလျံတို့နဲ့ အပြတ်အသတ်ပြောင်းလဲတာဖြစ်ကြောင်း Bloomberg က တင်ပြခဲ့ပါတယ်။ နှိုင်းယှဉ်ရတာကတော့ မကောင်းပါဘူး။

 

Intel က x86 ပရိုဆက်ဆာတွေကို အထူးပြုပြီး ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် ဆမ်ဆောင်းကတော့ မမ်မိုရီနဲ့ flash တွေကို ထုတ်လုပ်တဲ့နေရာမှာ အားသန်တာပါ။ ဒါပေမယ့် ငွေကြေးအရတော့ ဆမ်ဆောင်းက ပိုကြီးမားပါတယ်။ ငွေကြေးအပြင ဆမ်ဆောင်းရဲ့ မမ်မိုရီစီးပွားရေးဟာ Intel ရဲ့သမားရိုးကျ CPUတွေထက် အနာဂတ်နည်းပညာအတွက် အခြေခံကျပြီးအရေးပါတဲ့အခြေအနေ ရှိနေပါတယ်။ ဒီနေ့ခေတ်တွေမှာ ဆမ်ဆောင်း RAM မပါဘဲ စမတ်ဖုန်း၊ တက်ဘလက်ကိုရှာဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။

drive ဈေးကွက်ရဲ့ သုံးပုံတစ်ပုံကိုရရှိထားတယ်လို့သိရပါတယ်။ နောက်ဆုံးထွက်အစီရင်ခံစာအရ ဆမ်ဆောင်းဟာ cloud ဆာဗာတွေနဲ့ AI ၊ အလိုအလျောက်ပြုလုပ်မယ့်လျှပ်စစ်ပစ္စည်းများအတွက် လိုအပ်တဲ့ chipset တွေအတွက် မမ်မိုရီပမာဏများပြားတဲ့ ထုတ်ကုန်တွေဖန်တီးဖို့ လိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်စည်းပေးနိုင်တယ်လို့ သိရပါတယ်။ ဆမ်ဆောင်းဟာ ဒီကနေ့ခေတ်စ္စည်းတွေမှာ လွှမ်းမိုးတည်ရှိနေရုံသာမက hardware နဲ့ ၀န်ဆောင်မှုလောကကိုလည်း ၀င်ရောက်ချဉ်းကပ်နေပြီ ဖြစ်ပါတယ်။

ဆမ်ဆောင်းရဲ့ chip ထုတ်လုပ်မှုစီးပွားရေးကို မြင်သာအောင်ကြည့်မယ်ဆိုရင် သူ့ကို TV ထုတ်လုပ်တဲ့နေရာမှာလည်းဦးဆောင်နေသူ၊ အိမ်သုံးပစ္စည်း၊ စမတ်ဖုန်းမျက်နှာပြင်၊ နောက်ဆုံးပြောရရင် စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ပါ ထည့်သွင်းစဉ်းစားရမှာပါ။  ၂၀၁၇ နောက်ဆုံးသုံးလ၀င်ငွေဟာ အပိုပစ္စည်းလေးတွေထုတ်လုပ်တဲ့လုပ်ငန်းက အများဆုံးဖြစ်နေပါတယ်။ DRAM နဲ့ NAND တို့ထုတ်လုပ်မှုမှာ အကြီးမားဆုံးဖြစ်လာပါတယ်။ ၀ယ်လိုအားများတဲ့အတွက် မမ်မိုရီဈေးတွေကလည်း နှစ်ဆလောက်တက်လာတာဆိုတော့ ဆမ်ဆောင်းအတွက် ၀င်ငွေအပုံလိုက် ရစေတာပါ။ မကြာခင်မှာလည်း ဒီထက်ချဲ့ထွင်သွားနိုင်တာကို မြင်ရမှာပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org