Google ရဲ့ဈေးကွက်ကိုယှဉ်ပြိုင်မယ့် smart contact lenses ကို ကိုရီးယားသုတေသီများ တီထွင်

0
454

လူနာကို အပ်နဲ့ဖောက်မစစ်ဘဲ ဂလူးကို့စ်ပမာဏကိုတိုင်းတာခြင်းကတော့ ယနေ့ခေတ်ဆေးပညာရဲ့ အံ့မခန်းတိုးတက်မှုပါပဲ။ ယနေ့ခေတ်ကမ္ဘာကြီးမှာ ဆီးချိုရောဂါခံစားနေရတဲ့သူတွေ များပြားနေပါပြီ။ ဒီလိုအပ်မဖောက်ဘဲတိုင်းတာဖို့အတွက် sensor တပ်ဆင်ထားတဲ့ ကိရိယာလေးကိုအသုံးပြုပြီးတော့ မျက်ရည်မှတစ်ဆင့် သကြားလယ်ဗယ်ကို တိုင်းတာခြင်းဖြစ်ပါတယ်။ Googl ဟာ ဒီပရောဂျက်ကိုလုပ်ဆောင်နေခဲ့ပြီးတော့ Novartis နဲ့ တွဲဖက်ပြီးတော့ နောက်ဆက်တွဲလေ့လာချက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အခြားသောသုတေသီတွေကတော့ ဈေးကွက်ဝင်နိုင်တဲ့ လက်တွေ့ပစ္စည်းတစ်ခုအဖြစ် လုပ်ဆောင်မယ့်နည်းလမ်းကို ရှာဖွေနေကြပါတယ်။

Novartis ရဲ့ ဥက္ကဌဖြစ်သူ Joerg Reinhardt ကတော့ နောက်ထပ်လေးနှစ်လောက်အကြာမှာတောင် မမြင်ရနိုင်သေးကြောင်း ပြောဆိုထားပါတယ်။ ဒီပရိုဂရမ်ဟာ အတော်လေးစွန့်စားမှု များနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်ကစလို့ ကိုရီးယားမှ သုတေသီတစ်ဖွဲ့ကလည်း အလားတူထုတ်ကုန်တစ်ခုအကြောင်း စာတမ်းထုတ်ခဲ့ပါတယ်။

Google လိုပဲ ကိုရီးယားနိုင်ငံ Ulsan National Institute of Science and Technology မှ သုတေသီတွေဟာ မှန်ဘီလူးလေးမှာ လျှပ်စစ်ပစ္စည်းလေးတစ်ခု တပ်ဆင်လိုက်ပါတယ်။ အဲဒီထဲက glucose sensor လေးကတော့ တပ်ဆင်လိုက်တဲ့သူရဲ့ မျက်ရည်ကိုလေ့လာဆန်းစစ်ပြီး ဂလူးကို့စ်အခြေအနေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုသွားမှာ ဖြစ်ပါတယ်။ LED မီးရောင်လေးတွေကလည်း ဂလူးကို့စ်အခြေအနေအလိုက် ပြသနေမှာဖြစ်ပါတယ်။

သူတို့ရဲ့ထုတ်ကုန်ကို သုတေသီတွေဟာ ယုန်နဲ့ စမ်းသပ်ခဲ့ရာ အောင်မြင်မှုရခဲ့ပါတယ်။ LEDမီးရောင်လေးတွေဟာ သုတေသီတွေ သကြားဓါတ်လျှော့သွားအောင် မပြုလုပ်မခြင်း လင်းနေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပစ္စည်းလေးကို launch လုပ်တော့မယ်လို့ မထင်လိုက်ပါနဲ့။ အခက်အခဲတစ်ခုရှိနေတာက ဒေါက်တာတွေအနေနဲ့ မျက်ရည်ထဲက ဂလူးကို့စ်နဲ့ သွေးထဲကသကြားဓါတ် ဆက်နွယ်မှုကို သိရှိဖို့လိုအပ်နေဆဲပါ။ မျက်ရည်ထဲကသွေးကို တိုင်းတာခြင်းဟာ ဆီးချိုသမားတွေအတွက် စိတ်ချရတဲ့စမ်းသပ်မှုတစ်ခု မဖြစ်လာသေးပါဘူး။

ကိုရီးယားပညာရှင်တွေကတော့ ဆေးခန်းမှာစမ်းသပ်ဖို့ လုပ်ဆောင်နေပေမယ့်လည်း ဆိုင်တွေမှာ ၀ယ်ယူလို့ရမယ့်အချိန်အထိတော့ စောင့်ဆိုင်းရမှာပါ။ သူတို့ကတော့ အဲဒီပစ္စည်းလေးဟာ Google ထက် ဈေးကွက်ကိုထိုးဖောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ အမှတ်ရဖို့ပြောလိုက်ပါဦးမယ်။ Google smart contact lenses တွေ တကယ်ဖြစ်မလာဘူးလို့ သတင်းတွေထွက်နေပါတယ်။