Ferrari 812 Superfast Review

0
500

Ferrari 812 Superfast ကတော့ ဆွဲဆောင်မှုအရှိဆုံးနာမည်မဖြစ်နိုင်ပေမယ့်လည်း V12ကို inspireယူထားတဲ့သူ့ကိုတော့ ပြောစရာတွေ အများကြီးရှိပါတယ်။

Ferrari 812 Superfast လိုကားမျိုးမှာ အချိန်အများကြီး အတူမရှိနိုင်ပေမယ့်လည်း အချိန်ခဏလေးတော့ မနေချင်လောက်ပါဘူး။ ဒါကတော့ အီတလီ၊ Maranello ကိုလေ့လာရေးလာရောက်တဲ့ Carfection အဖွဲ့ဟာ Ferrari ရဲ့အမိုက်စားစူပါကားတွေကို မောင်းနှင်ခွင့်ရတုန်းက ကြုံခဲ့တဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။

အဲဒီကားကတော့ အရှေ့အင်ဂျင်နဲ့အနောက်ဘီးမောင်းနှင်မှုကို ပေါင်းစပ်ထားတဲ့ မောင်းနှင်သူတွေရဲ့အိပ်မက်ကို လက်တွေ့ဖြစ်အောင်လုပ်ပေးထားတာပါ။ Ferrari 550 ကနေ 599 ၊ F12 Berlinetta တို့အထိ ဒီထက်ကောင်းတာမရှိလောက်တော့ဘူးလို့ ခံစားရလောက်တဲ့အထိ ကျွန်တော်တို့ကို ရသပေးစွမ်းနိုင်ပါတယ်။

Superfast ဆိုတဲ့နာမည်အတိုင်းပဲ ကြွရွနေတာထက်ကို ပိုလွန်းပါတယ်။ ဒါပေမယ့် အားလုံးပျော်ရွှင်မယ့်နေရာကိုပြောရမယ်ဆိုရင်တော့ အင်ဂျင်ဖွဲ့စည်းမှုပါပဲ။ turbocharged V8s နဲ့ Maranello ရဲ့ အကောင်းဆုံး hybrid drivetrains တို့ပေါင်းစပ်မှုကြောင့် V12 ရဲ့အသံကို ကျယ်လောင်သွားစေပါတယ်။

ဒီနေ့မှာတော့ 812 Superfast ရှိနေပါပြီ။ Carfection မှ Henry Catchpole က မောင်းနှင်ခွင့်ရခဲ့ပါတယ်။ အချိန်ကတော့သိတဲ့အတိုင်း နည်းပါးပါတယ်။

ခြောက်နာရီအကြာမောင်းနှင်ပြီးတော့ ဗွီဒီယိုလေးရိုက်ကူးခွင့်ရခဲ့တာပါ။ Superfast အကြောင်းပြည့်စုံစွာတင်ပြဖို့ကတော့ နည်းလွန်းပါတယ်။ Henry ဟာ ရတဲ့အချိန်လေးမှာ စိတ်နှစ်ပြီးမောင်းနှင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကားကိုဝယ်ဖို့ စိတ်တောင်မကူးရဲတဲ့အနေအထားမလား။

Manettino switch ကတော့ Ferraris မှာရှိနေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ “Wet” ဆိုတဲ့ ချော်နိုင်တဲ့အခြေအနေမျိုးတွေမှာ လမ်းမှန်ကိုထိန်းပေးနိုင်တဲ့ mode ၊ “ESC Off” ဆိုတဲ့ အကူအညီအားလုံးကိုဖွင့်ပေးတဲ့ mode  တွေကိုလည်းပြောင်းနိုင်ပါတယ်။ mode တစ်လျှောက်မှာလည်း မောင်းနှင်မှုစွမ်းရည်ကို လေ့လာနိုင်ပါသေးတယ်။ တာဝန်ယူမှုများများရှိလေ ပျော်စရာပိုကောင်းနိုင်လေဖြစ်ပါတယ်။

အချိန်အနည်းငယ်သာရတာမို့  driving mode လေးတွေရဲ့ teaser ကိုကြည့်ပြီးတော့ mode တွေရဲ့ အသုံးဝင်ပုံ၊ 812 Superfast ရဲ့ခံစားမှုတွေကို ခံစားကြည့်တာက အကောင်းဆုံးပါ။

Carfection film ရဲ့အဆုံးမျာတော့ 812 ကို စကားပြောခွင့်ပေးထားပါတယ်။ ဒီကားအကြောင်း ပြောစရာအများကြီးရှိပါတယ်။ ဘယ်လိုကိုင်တွယ်သွားသလဲ၊ ဘာတွေကန့်သတ်ချက်ရှိသလဲ။ board ပေါ်ကအရာတွေက ဘာတွေလုပ်ပေးသလဲ။ အခုတော့ V12 ကနေ ဘယ်လိုကောင်းသွားသလဲဆိုတာကိုပဲပြောလိုက်နိုင်ပါတယ်။