Mercedes-Benz ကားဟာ A-class မော်ဒယ်အသစ် နဲ့ မကြာခင်မှာ ထွက်ရှိလာပါတော့မယ်။ ဒီတခေါက်မှာတော့ U.S မှာပါ တားမြစ်ခြင်းမရှိတော့ပဲ နောက်တပတ်ထဲ ဖြန့်ချိခွင့်ရမှာပါ။
Mercedes-Benz ဟာ နယ်သာလန် အမ်စတာဒမ်မြို့မှာ February 2 ရက်နေ့ ည 12 နာရီ အချိန် 2019 A-class မော်ဒယ်အသစ်ကို စာနယ်ဇင်းစတင်မိတ်ဆက်သွားမှာဖြစ်ပြီး အမ်စတာဒမ်မြို့မှာ ရှိမနေရင်လည်း online ကနေ Mercedes-Benz website မှာ live ကြည့်ရှူနိုင်မှာပါ။
ကြိုတင်ပြီး စိတ်ကူးနဲ့ရင်ခုန်လို့ရအောင် ကားကုမ္ပဏီကနေ Teaser တခုထွက်လာခဲ့ပါတယ်။ ဒီ Teaser မှာ A-class မော်ဒယ်ရဲ့ ကားရှေ့ပိုင်းပုံစံကို လှစ်ဟပေးခဲ့ပါတယ်။ CLS-class လိုပဲ ကားရှေ့မီးခွက်တွေဟာ တြိဂံပုံစံဖြစ်ပြီး ဒီဇိုင်းသစ်ဖြစ်တာနဲ့အညီ M-B ရဲ့ စိတ်ကူးနဲ့ စိတ်လှုပ်ရှားစရာပုံစံတွေ ပါဝင်နေခဲ့တာပါ။ အခုကတော့ ကားအတွင်းပိုင်း နဲ့ ကားနောက်ပိုင်းပုံစံတွေကို သိလိုစိတ်နဲ့ အားလုံး တနုံ့နုံ့ဖြစ်နေကြပါပြီ။ အပြည့်အဝမြင်ရဖို့ သိပ်မကြာတော့ပါဘူး။
အရေးကြီးဆုံးအပိုင်းကတော့ Mercedes ရဲ့ new infotainment system ဖြစ်တဲ့ MBUX ပါ။ system ဟောင်း Comand တုန်းက ချွတ်ချော်မှုတွေကိုအထူးပြင်ဆင်ခြယ်သပေးထားပါတယ်။ ရှေ့ခန်းကနေ နောက်ခန်းထိ Touchscreen စွမ်းဆောင်ရည်တွေ ပါလာမယ်။ ပိုပြီးဆန်းသစ်လာမှာဖြစ်ပေမယ့် Menu Structure ကတော့ ပိုပြီးရိုးရှင်းလာမှာပါ။ “Hey Mercedes” လို့ ခေါ်ပြီး ကားကိုခိုင်းစေနိုင်စေမယ့် Digital Assistant စနစ်အသစ်လည်း ပါဝင်လာတော့မှာဖြစ်ပါတယ်။
အခုဆို ဒီ A-class မော်ဒယ်ကို U.S မှာပါ ခွင့်ပြုချက်အရ ဖြန့်ဖြူးသွားနိုင်တော့မှာပါ။ Europe မှာတော့ hatchback type ကိုမြင်ရမှာဖြစ်ပြီး U.S မှာတော့ Sedan type ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။