Gadget Trending

ဖေ့စ်ဘွတ်ရဲ့ဘာသာပြန်နည်းလမ်းက မြန်ဆန်လာရုံမက အကြမ်းဖက်မှုတွေကိုလည်း သိရှိလာနိုင်

Facebook ဟာ ဘာသာစကားပေါင်း ၁၀၀ အထိ ချဲ့ထွင်နိုင်နေပြီးတော့ အခုဆိုရင် ဘာသာစကားပေါင်းများစွာအတွက်မြန်ဆန်စေမယ့် feature ကိုယူဆောင်လာပါတယ်။ artificial intelligence ရဲ့ ကျေးဇူးနဲ့လုပ်ဆောင်နိုင်တော့မှာပါ။ ဖေ့စ်ဘွတ်သုံးစွဲသူတွေအတွက်တော့ ဒီ update မြန်ဆန်တိကျတဲ့ ဘာသာပြန်ဆိုမှုတွေကို ရရှိမှာပါ။

Neural language processing ဆိုတာကတော့ ဘာသာစကားတွေကို လုပ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ AIအမျိုးအစားတစ်ခုဖြစ်ပေမယ့် ပရိုဂရမ်အသစ်ကိုတည်ဆောက်ပြီးတော့ ဘာသာစကားအသစ်တွေကိုယူဆောင်ပေးမယ့် tool လေးကိုယူဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်အင်ဂျင်နီယာတွေဟာ multilingual embeddings တွေကို ဖန်တီးခဲ့ကြတာပါ။ ဒီနည်းပညာကတော့ တူညီတဲ့သဘောရှိတဲ့ စကားလုံးတွေကို စုပေးပြီးတော့ နေရာတကျထားပေးပါတယ်။

စကားလုံးတွေကိုအဲဒီလိုစုလိုက်ခြင်းအားဖြင့် ပရိုဂရမ်ရိုးရိုးလေးက ဘာသာစကားပေါင်းများစွာကို လေ့ကျင့်နိုင်သွားပါတယ်။ ဖေ့စ်ဘွတ် developerတွေကတော့ AI ကိုလေ့ကျင့်နေတဲ့ချိန်မှာ အသုံးမပြုခဲ့တဲ့ ဘာသာစကားဆိုရင်တောင်မှ သိရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ အုပ်စုဖွဲ့ထားခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ ဖေ့စ်ဘွတ်ကတော့ ဒီလိုUpdate လုပ်လိုက်ခြင်းဟာ ဘာသာစကားပြန်ဆိုခြင်းကို ၉၅%အထိ မှန်ကန်သွားစေတယ်လို့ ပြောပါတယ်။ မြန်ဆန်မှုကတော့ ၂၀ကနေ၃၀ဆ မြန်ပါတယ်။

multilingual embeddings မတိုင်ခင်မှာတောာ့ ဖေ့စ်ဘွတ်ဟာ နည်းလမ်းနှစ်ခုကို အသုံးပြုခဲ့တာပါ။ တစ်ခုကတော့ ဘာသာစကားတိုင်းအတွက် လေ့ကျင့်ပေးမယ့်အချက်အလက်တွေကို စုစည်းထားပြီးတော့ ဘာသာစကားတစ်ခုအသစ်ထပ်ထည့်ပေးဖို့ကြံတိုင်း တစ်ခေါက်လေ့ကျင့်ပေးရပါတယ်။ နောက်တစ်ခုကတော့ ဖေ့စ်ဘွတ်ဟာ ဘာသာပြန်မှုအတွက် စာသားတစ်ခုလုံးကို run ပြီးတော့ English စာသားနဲ့တွဲဖက်ပြီးတော့ ဘာသာပြန်တာပါ။ ဘာသာပြန်အမှားတွေ၊ တိကျမှုနည်းပါးခြင်း၊ နှေးကွေးခြင်းတွေကြောင့် အားနည်းချက်တွေ ဖြစ်လာစေခဲ့ပါတယ်။

ပြောင်းလဲလာမှုတွေနဲ့အတူ ကမ္ဘာတစ်လွှားက ဖေ့စ်ဘွတ်သုံးစွဲသူတွေဟာ သူတို့ရဲ့ဘာသာစကားတွေကို မြန်မြန်ဆန်ဆန် တွေ့မြင်ရတော့မှာပါ။ Messenger နဲ့ Recommendations ထဲက M Suggestions တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်ဖေ့စ်ဘွတ်ကိုဘာသာစကားမျိုးစုံနဲ့ အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီပရိုဂရမ်ဟာ ဖေ့စ်ဘွတ်ရဲ့ပေါ်လစီတွေနဲ့မကိုက်ညီတဲ့ ပို့စ်တွေကို သိရှိနိုင်ပြီးတော့ ဘာသာစကားအမျိုးမျိုးအတွက်ပါ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဒီလုပ်ရပ်ဟာ အမုန်းစကားတွေ၊ အကြမ်းဖက်မှုတွေ၊ သတင်းအမှားတွေကိုလည်း ကာကွယ်တားဆီးဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

ဖေ့စ်ဘွတ်အင်ဂျင်နီယာကတွေကတော့ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ စပိန်တို့မှာ အတော်လေးတိုးတက်လာပြီးတော့ အခြားသောဘာသာစကားတွေကိုလည်း တိုးတက်အောင်လုပ်ဆောင်သွားဦးမယ်လို့ ပြောကြားထားပါတယ်။ ဒီလိုချဲ့ထွင်မှုဟာ software ကိုပိုကောင်းလာစေပြီးတော့ စကားစုတွေကိုလည်း ပိုမိုနားလည်စေနိုင်ပြီးတော့ raining cats and dogs လိုမျိုး စာပေအသုံးအနှုန်းတွေကိုလည်း နားလည်လာစေမှာပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org