Zhong Zhong နဲ့ Hua Hua မျောက်ကိုယ်ပွားလေးတွေကို သာမန်မျောက်လေးတွေပဲ ထင်ကြမှာပါ။ တကယ်တမ်းထူးခြားချက်ကတော့ တရုတ်ပြည်မှာ ကိုယ်ပွားဖန်တီးထားတဲ့ မျောက် Clone တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀က သိုးကိုယ်ပွား Dolly လေးဖန်တီးခဲ့တဲ့ နည်းပညာကိုသုံးပြီး ဖန်တီးခဲ့တာပါ။ မျောက်တွေလို ခက်ခဲရှုပ်ထွေးတဲ့ တိရစ္ဆာန်တွေကို ပုံတူပွားနိုင်ခဲ့ပါပြီ။
ဒီကိုယ်ပွားမျောက်လေးနှစ်ကောင် မွေးဖွားလာတာ ဆယ်ပတ်ဝန်းကျင်လောက်ရှိပါပြီ။ ကျန်းမာဆဲပါ။ မောက်ပိုင်း ဆေးသိပ္ပံ သုတေသနတွေအတွက်လည်း အခုဖန်တီးခဲ့တဲ့ နည်းပညာကိုသုံးပြီး မျိုးရိုးဗီဇတူမျောက်တွေကို အုပ်လိုက် ကိုယ်ပွားဖန်တီးသွားကြဖို့ မျှော်မှန်းထားကြပါတယ်။ ဘာဆက်ဖြစ်မလဲတော့ စောင့်ကြည့်ရမှာပါ။ U.S မှာ မျောက်တွေကို စမ်းသပ်လေ့လာကြတာဟာ အမြဲအငြင်းပွားစရာဖြစ်နေပါတယ်။ Cloning နည်းပညာဟာ အကုန်အကျများသလောက် ထိရောက်မှုနည်းတယ်လို့ ယူဆကြလို့ပါ။ ကိုယ်စား(ကိုယ်ဝန်ဆောင်)မိခင် ၂၁ ကောင်ဆီမှာ သန္ဓေသားလောင်းလေး ၇၀ ကို ဆဲလ်တစ်ရှူးထည့်သွင်း ကိုယ်ဝန်ဆောင်စေခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဖြစ်မြောက်မှုက ၆ခုသာ ရှိပြီး မျောက်နှစ်ကောင်သာ မွေးဖွားရရှိခဲ့ပါတယ်။
လူမဟုတ်တဲ့ နို့တိုက်သတ္တဝါတွေဟာ လူတွေနဲ့ အတော်ဆင်တူပ်ါတယ်။ ဒါကြောင့်လည်း ဆေးဝါး နဲ့ ရောဂါကုထုံးတွေအတွက် စမ်းသပ်လေ့လာကြရာမှာ အဓိက အသုံးပြုကြတာပါ။ မျောက်တွေရဲ့ မျိုးရိုးဗီဇကွာခြားမှုကြောင့် ရလဒ်တွေ အတိမ်းအစောင်းရှိစေနိုင်မှာပါ။ ဒါပေမယ့် အုပ်စုလိုက်ကိုယ်ပွားဖန်တီးထားတဲ့မျောက်တွေနဲ့ဆို ပိုအဆင်ပြေချောမွေ့မှာပါ်။ “စရိတ်ကြီးပေမယ့် တန်ဖိုးရှိပါတယ်။” လို့ မျိုးရိုးဗီဇပညာရှင် Pablo Ross က ဆိုပါတယ်။
နွားတွေ မြင်းတွေ ခွေးတွေကိုလည်း အားကစားရေးအစ ဆေးပညာဘက်အဆုံး သုတေသနပြုလို့ရအောင် ကိုယ်ပွားဖန်တီးကြပါတယ်။ အရင်းမူလအစကတော့ Dolly ဆိုတဲ့ သိုးကိုယ်ပွားဖန်တီးမှုပဲ။ Somatic cell nuclear transfer နည်း ကို အသုံးပြုပြီး 1996 မှာ ဖန်တီးခဲ့တာပါ။ ဖန်တီးဖြစ်မြောက်စေပုံကတော့ ဒီလိုပါ။ အရွယ်ရောက်ပြီးသား သိုးတကောင်ဆီက cell ကိုယူမယ်။ ဒုတိယသိုးဆီကနေ မျိုးဥ egg ကို ယူပြီး သူ့ရဲ့DNA ကို ဖယ်ဖျောက်စမယ်။ ပထမသိုးဆီက cell နဲ့ ဒုတိယသိုးဆီက DNA ဖျောက်ပြီးသား မျိုးဥ egg ကို သန္ဓေသားလောင်းလေးရအောင် ပေါင်းစပ်ပြီး ကိုယ်စား(ကိုယ်ဝန်ဆောင်ပေးမယ့်)မိခင်ရဲ့ သားအိမ်ထဲကိုထည့်သွင်းကာ သိုးအသစ်တကောင်ဖြစ်မြောက်စေတာပဲဖြစ်ပါတယ်။ ဒီမွေးလာတဲ့ သိုးလေးဟာ ပထမသိုးရဲ့ DNA နဲ့ အတူတူပဲဖြစ်နေမှာပါ။ သိုး Clone ကို ဖန်တီးခဲ့ကြပုံပါ။
တရုတ်သုတေသနပညာရှင်တွေဟာ Dolly ဖန်တီးခဲ့တဲ့ နည်းပညာကို မျောက် Clone ဖန်တီးရာမှာ အသုံးပြုဖို့ သုံးနှစ်ကျော်ကြာ လေ့လာစမ်းသပ်လုပ်ဆောင်ခဲ့ရပါတယ်။ ကျရှူံးမှုတွေလည်း အတော်ကြုံတွေ့ခဲ့ရပါတယ်။
Cloning နည်းပညာဟာ ကျွမ်းကျင်ပါရဂူပညာရှင်တွေ၊ ပစ္စည်းကိရိယာတွေ နဲ့ စမ်းသပ်ရမယ့် တိရစ္ဆာန်အများအပြားလိုအပ်ပါတယ်။ ကိုယ်စားမိခင်များစွာကိုလည်း ဒီလေ့လာမှုမှာ အသုံးချခဲ့ရပ်ါတယ်။ ပုံတူဖန်တီးအောင်မြင်တဲ့ ကိုယ်ပွား Clone တကောင်အတွက် $50000 ကုန်ကျပါတယ်။ သို့ပေမယ့် အယ်လ်ဇိုင်းမား၊ Huntington နဲ့ အော်တစ်ဇင်မ် ရောဂါတွေကို လေ့လာရာမှာ အလွန်သုံးဝင်မှာပါ။
Zhong Zhong နဲ့ Hua Hua လေး ကြီးလာရင်လည်း တရုတ်ပြည်က သုတေသနပညာရှင်တွေဟာ သူတို့ ကျန်းမာရေး နဲ့ လုပ်ဆောင်ပုံတွေကို စောင့်ကြည့်သွားမှာပါ။ ကြီးလာတဲ့အခါ် ပိုချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေမြင်ရဦးမှာပါ။
video