ရုတ်တရက် မထင်မှတ်ပဲ Bitcoin မီလျံနာဖြစ်လာခဲ့တဲ့ 50 cents

0
1715

ပြီးခဲ့တဲ့ နှစ်​ပိုင်း​လောက်​ကတည်းက ​ဈေး​ပေါ​နေ​သေးတဲ့ Bitcoin ​တွေသာ များများစားစား ဝယ်​ခြမ်းစုထား​ဆောင်းထားမိမယ်​ဆိုရင်​ သင်​ဟာ သိပ်​​ကို​ကံ​ကောင်းမယ့်​သူပါပဲ။ အခု​ပေါက်​​ဈေးနှုန်းနဲ့ဆို သူ​ဌေးဖြစ်​နိုင်​လို့ပါ။

ဒီလိုလူတ​ယောက်​​ပေါ်လာပြီ။ သူက 50 cents။ ကြွယ်​ဝပြီးသား ရက်​ပ်​ပါတဦး။ ကိုယ့်​မှာ Bitcoin ​တွေရှိ​နေတာကို ခမျာမှာ ​မေ့​နေရှာတယ်​။ အခုဆို သူက Bitcoin ​ဘောစိထပ်​ဖြစ်​ပြီဗျား။

2014 မှာ သူ့ရဲ့ Animal Ambition album ထွက်​​တော့ Fan ​တွေကို Bitcoin ​တွေနဲ့​ပေးဝယ်​ဖို့ သူကခွင့်​ပြုခဲ့ပါတယ်​။ အဲ့ဒီတုန်းက Bitcoin ​ဈေးက ​ဒေါ်လာ 700 ဖြစ်​ပြီး ပရိသတ်​​တွေက တကယ်​​ပေးပြီး ဝယ်​ယူခဲ့ကြပါတယ်​။ ​Bitcoin နဲ့ ဝယ်​ချင်​တဲ့သူကများလှ​တော့ ​ဒေါ်လာ ​လေးသိန်းဖိုး ​ရောင်းချခဲ့ရပါတယ်​။ နှစ်​အတန်​ကြာ ဒီ Bitcoin ​တွေကို 50cent က ထုတ်​မသုံးခဲ့ပါဘူး။ Account မှာသာ သိမ်း​ထားခဲ့ပါတယ်​။ ဒါကို သူ​သတိ​မေ့​နေခဲ့ပါတယ်​။

အခုက ရုတ်​တရက်​ကြီးဆိုသလို Bitcoin ​ဈေးက $11000 အထိ​ဈေးရှိ​နေပြီး သူဟာ Bitcoin မီလျံနာလို့ဆိုလို့ရ​နေပါပြီ​။ $19000 အထိ​ဈေးအမြင့်ဆုံး​တက်​သွားတုန်းကလည်း သူထုတ်​မ​ရောင်းခဲ့ပါဘူး။ အမြင့်​ဆုံး​ဈေးထက်​ ထက်​ဝက်​​လောက်​နည်းတဲ့ $11000 ​ဈေးနဲ့​တောင်​ 50 cent ရဲ့ Bitcoin ပိုင်​ဆိုင်​မှုတန်​​ကြေးက $8.5 million ပါ။

သူက Twitter မှာ တင်​ခဲ့ပုံက ဒီလိုပါ။

” ​တောင်​ပိုင်းက ​ကောင်​​လေးတ​ကောင်​​တော့ ပွတာပဲဗျို့။ ​မြောက်​​တောင်​​မြောက်​ချင်​တယ်​။ login information ​တွေ​ရော account information မှတ်​မိ​နေ​သေး​လို့ ​တော်​​သေးတာ​ပေါ့ဗျာ။ နို့မို့ ​ရေစုန်​​မျော​တော့မလို့။ “