Sony AF8 OLED vs A1 OLED ဘာတွေကွာခြားနေသလဲ

0
526

CES 2018 ပွဲမှာ မျက်စိကျစရာ concept TV ကတော့ မြေပြင်ပေါ်မှာရှိသမျှထဲမှာ အပါးလွှာဆုံးသော တီဗွီအသစ်တွေပါ။ အဲဒီထဲကတစ်ခုကတော့ Sony ရဲ့ second range OLED TVs တွေဖြစ်တဲ့ AF8 seriesပါပဲ။ TV expert တွေနဲ့ Trusted Reviews မှ John Archer တို့ကတော့ Sony A1 OLED နဲ့ ဘယ်လိုတွေကွာခြားမလဲဆိုတာ လေ့လာခဲ့ပါတယ်။

AF8s တွေကတော့ A1 OLED နဲ့ အတော်လေးကို ဆင်တူပါတယ်။ ဒါပေမယ့်လည်း ဘယ်နေရာကိုကြည့်ရမလဲဆိုတာ သိတယ်ဆိုရင်တော့ ကွဲပြားနေတာလေးတွေ ရှိပါတယ်။

ပထမဆုံးအနေနဲ့သတိထားမိမှာကတော့ AF8 ဟာ အတော်လေးကိုပါးလွှာပြီး မျက်နှာပြင်တစ်လျှောက် စပီကာမပါဝင်ပါဘူး။ A1 ကတော့စပီကာပါဝင်ပါတယ်။

AF8 OLED

Eagle Magpie

A1 ရဲ့ ထောင့်ချိုးကို ကျွန်တော်ကတော့ အပြစ်မမြင်ပါဘူး။ ဒါပေမယ့် ၀ယ်မဲ့သူတွေကတော့ အပြစ်မြင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ၀ယ်ယူမယ့်သူတွေကို ဒေသများစွာအထိ ဆွဲဆောင်နိုင်ဖို့အတွက် Sony ဟာ straightforward vertical ဒီဇိုင်းကို ဖန်တီးခဲ့တာပါ။

မျက်နှာပြင်ကဒေါင်လိုက်ဖြစ်တာမို့ A1 ရဲ့ ထောင့်တွေမှာ အထောက်အပံ့လိုပါတယ်။ AF8 ကတော့ သူ့ရဲ့ဖရိန်တွေဟာ သင့်ရဲ့ပရိဘောဂတွေမှာ အခန့်သားထိုင်နိုင်ပါတယ်။

အဓိကကောင်းမွန်ချက်ကတော့ ထိုင်ကြည့်မယ်ဆိုရင် အဲဒါကိုမမြင်လောက်တဲ့အထိ ဖြစ်သွားပါတယ်။ AF8 မှာ A1 မှာ အသုံးပြုခဲ့တဲ့ theme ကို ဆက်လက်အသုံးပြုထားပြီးတော့ သင့်ကို တီဗွီမျက်နှာပြင်ကပုံတွေအကြား နစ်မျောသွားစေပါတယ်။

AF8 ကတော့ A1 မော်ဒယ်လ်တွေကို acoustic screen နည်းပညာအသုံးပြုပြီးတော့အသံထုတ်ပေးခြင်းအားဖြင့် ထွက်ပေါ်လာတာပါ။ ဒါကြောင့် စတူရီယိုပတ်လည်အသံထွက်ဖို့အတွက် မျက်နှာပြင်ကို တုန်ခါစေပါတယ်။ ဒါဟာ အသံကိုပေါင်းစပ်တဲ့နည်းပညာမှာ ဆန်းသစ်မှုတစ်ခုပါ။

A1မှာ bass speaker ကိုသူ့ရဲ့ အထောက်အပံ့တွေမှာ ထည့်သွင်းထားတာကြောင့် AF8 ကတော့အသံပိုင်းဆိုင်ရာမှာ နည်းမယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့် Sonyကတော့အတူတူဖြစ်အောင်စီမံထားပါတယ်။

အနောက်ကအထောက်မပါပေမယ့်လည်း AF8 ရဲ့ အနက်ကို ကောင်းကောင်းလေးလျှော့ချထားပါတယ်။ desktop stand configurationမှာတော့ AF8 ရဲ့ footprint ဟာ 255mm ပါ။ ဒါဟာ floor-standing mode ကိုအသုံးပြုထားတဲ့ A1 ထက် 84mm နည်းသွားပါတယ်။

သင့်တီဗွီကိုနံရံကပ်ချင်တယ်ဆိုရင်တော့ AF8 က 76mm လောက်သာနေရာယူပါလိမ့်မယ်။ A1 ကတော့ 107mm ဖြစ်ပါတယ်။ ဒါကြောင့် AF8 ကို LCD တွေလိုပဲ အဆင်ပြေအောင် လုပ်ဆောင်ထားတာပါ။ A1 ကတော့ နံရံကပ်ဖို့အတွက် အဆင်သိပ်မပြေဘူးထင်မိပါတယ်။ AF8ကတော့ Sony ရဲ့ တကယ့်အစစ်အမှန် နံရံကပ် OLED TV ဖြစ်ပါတယ်။

AI OLED

Sony ရဲ့OLED အမျိုးအစားနှစ်ခုရဲ့ နောက်ထပ်ခြားနားချက်ကတော့ AF8 ဟာ ၆၅ နဲ့ ၅၅လက်မ နှစ်မျိုးသားရနိုင်ပါတယ်။ A1 ထဲမှာ ၇၇ လက်မမော်ဒယ်လ်ရမလားဆိုတာ မသိရသေးပါဘူး။

A1 နဲ့ AF8 ကြားက Picture performance ကတော့ အဓိကပြောစရာပါပဲ။ Sony ဟာ CES မှာ သူ့ရဲ့တီဗွီအသစ်ကို ကျွန်တော်နဲ့ နဖူးတွေ့ဒူးတွေ့တွေ့ခွင့်ပေးခဲ့ပါတယ်။

နည်းနည်းတော့ရှက်စရာပါပဲ။ သူ့ရဲ့ OLED TV ထွက်ရှိမှုဟာ လုပ်ရပ်ကောင်းဖြစ်ပေမယ့်လည်း AV ဖန်တွေအတွက်ကတော့ Sony အနေနဲ့ true second OLED generationကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာသိချင်နေကြပါပြီ။ AF8 ဟာ A1နဲ့စွမ်းဆောင်ရည်တူမယ်ဆိုရင်တော့ ဈေးကလည်းသက်သာတဲ့အတွက် A1 ရဲ့ ဈေးကြီးမှုကြောင့် လက်တွန့်နေကြတဲ့သူတွေကတော့ OLED ဖန်တွေအနေနဲ့ဝမ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။

ပြောရာမလိုတာတစ်ခုကတော့ AF8 ကို တကယ်သုံးကြည့်ပြီးမှ အသေးစိတ်အချက်အလက်တွေကိုသိရမှာမို့ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။