Mac အတွင်းမှာ ကိုယ်ပိုင် chip ထည့်သွင်းဖို့ Apple ပြင်ဆင်နေ

0
1713

Apple ဟာ ဒီနှစ်အဆုံးပိုင်းမှာ Mac သုံးမျိုးလောက်အနည်းဆုံးထုတ်လုပ်နိုင်ဖို့အတွက် custom processor ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ အသေးစိတ်တော့မသိရသေးပေမယ့်လည်း အသစ်ထွက်ရှိမယ့် လက်ပ်တော့နဲ့ desktopတွေမှာ ထည့်သုံးသွားမှာပါ။

Apple ဟာသူ့ရဲ့ဖုန်း၊ တက်ဘလက်နဲ့၊ wearable တွေအတွက် custom chip တွေကို အသုံးပြုထားပေမယ့်လည်း Mac အတွက် အခုမှစလုပ်မှာပါ။ 2016 မှာတုန်းက Touch Bar ပါဝင်တဲ့ high-end MacBook Pro မှာတာ့ Touch Bar နဲ့ Touch ID ကို run ဖို့အသုံးပြုထားတဲ့ chip လေးပါဝင်ခဲ့ပါတယ်။ Apple ဟာ iMac Pro အတွင်းမှာလည်း custom chip  ကို ထည့်သွင်းထားပါတယ်။ သူကတော့ အသံ၊ ကင်မရာပိုင်းနဲ့ကုဒ်ဖွက်ခြင်းတွေကို ဆောင်ရွက်ပေးပါတယ်။

ဒါကြောင့်Mac တွေအတွက် ကိုယ်ပိုင် chip တွေကိုအသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့်တခြားလုပ်ငန်းတွေကို မှီခိုနေရမယ့်အစား Apple ကို hardware နဲ့ softwareပေါင်းစပ်ပြီး စိတ်ကြိုက်ကိုင်တွယ်နိုင်သွားပါတယ်။ အရေးပါတဲ့တစ်ခုကတော့ Mac အတွင်းက core processor အဆင့်အထိ လုပ်ဆောင်သွားမှာပါ။

iPhone ၊ iPadတို့နဲ့အတူ Apple ဟာ ပြိုင်ဘက်တွေထက်သာလွန်တဲ့ ပရိုဆက်ဆာတွေကို ဖန်တီးနိုင်ကြောင်း ပြခဲ့ပါတယ်။ ဒါပေမယ့် Intel ကနေ Apple chipe ကို ပြောင်းလဲဖို့အတွက်ကတော့ အခက်အခဲတွေအများကြီး ရှိပါတယ်။ ဒါကြောင့် မကြာခင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် တွေ့မြင်ရမယ်ဆိုတာကတော့ အသေအချာပါပဲ။

Aung Phyo Oo (Myanmar Mobile App)