iPhone SE 2 တွင် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာနိုင်

0
1936

Apple ဟာ entry-level စမတ်ဖုန်းအသစ်တစ်လုံးကို လုပ်ဆောင်နေတယ်လို့ သောကြာနေ့သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။

ဒီဖုန်းကိုတော့ ဒီနှစ်နွေအစောပိုင်းလောက်မှာ ထွက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

အဲဒီဖုန်းဟာ iPhone SE လို အရင်တုန်းကဖုန်းတွေရဲ့လမ်းစဉ်အတိုင်းသာဆိုရင် ဈေးသက်သာပြီးတော့ အရွယ်အစားလည်း သေးငယ်နိုင်ပါတယ်။ ၂၀၁၆ မှာထွက်ရှိခဲ့တဲ့ iPhone SE ကတော့ ဒေါ်လာ ၃၄၉ နဲ့ ရောင်းချခဲ့ပြီးတော့ iPhone 6/6Plus တို့ထက် ကိုင်ရတာအဆင်ပြေတဲ့ form factor ကိုကြိုက်နှစ်သက်တဲ့ သုံးစွဲသူတွေရဲ့ဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ခဲ့တာပါ။

iPhone SE 2 ကတော့ အနောက်ဘက်မှာဖန်ကိုအသုံးပြုထားပြီးတော့ ကြိုးမဲ့အားသွင်းစနစ်ကိုတော့ ထည့်သွင်းထားနိုင်ပေမယ့် iPhone X လိုတော့ 3D-sensing နည်းပညာကို အသုံးမပြုနိုင်လောက်ကြောင်း တင်ပြထားတာကို တွေ့ရပါတယ်။ ဒီနှစ်အစောပိုင်းက Tekz24 ကလည်း လာမယ့်မော်ဒယ်လ်တွေမှာ ဖန်အကာကို အသုံးပြုထားနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ဖူးပါတယ်။

ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ စမတ်ဖုန်းတွေကတော့ အနောက်ဘက်မှာ ပလတ်စတစ်၊ ဖန်ကို အသုံးပြုထားပြီးတော့ လျှပ်စစ်သံလိုက်လှိုင်းတွေ လွယ်ကူစွာစီးဆင်းနိုင်အောင် ပြုလုပ်ထားလေ့ရှိပါတယ်။

Apple ရဲ့ iPhone SE ကတော့ တစ်နှစ်အကြာမှထွက်ရှိလေ့ရှိတဲ့ ရာသီစက်ဝန်းအတိုင်း လိုက်ပါမှာမဟုတ်ပါဘူး။ ၂၀၁၇တုန်းက update မလုပ်ဆောင်ခဲ့တာကို ကြည့်ပြီးတော့ ဒီလိုတွက်ချက်လိုက်တာပါ။ ဒါပေမယ့်လည်း မတ်လလောက်မှာတော့တွေ့မြင်ရနိုင်ပါတယ်။

iPhone SEကတော့ သူ့ရဲ့ resolution ၊ ဒီဇိုင်း၊ မြန်ဆန်မှု၊ မမ်မိုရီပမာဏ စတာတွေကို အခြားဖုန်းတွေနဲ့ ယှဉ်နိုင်တဲ့အနေအထား ရှိပါတယ်။ iPhone SE 2 ရဲ့ အနောက်ဘက်ဖန်သားပြင်ကတော့ ကြိုးမဲ့အားသွင်းစနစ်ကြိုက်တဲ့ဖန်တွေအတွက်ကတော့ လုံးဝကို ဆွဲဆောင်နေမှာ အသေအချာပါပဲ။