ဒေါ်လာ ၅မီလျံလောက်တန်ကြေးရှိတဲ့ flamethrower တွေကို ရောင်းချခဲ့တဲ့ Elon Musk

0
1739

Flamethrowerst အတွက် ဈေးကွက်ကြီးရှိနေပါတယ်။ Elon Musk ရဲ့ Boring Company ဟာ အခုရေ ၁၀၀၀၀ လောက်ကိုရောင်းချခဲ့ပြီးတော့ စတင်ရောင်းခဲ့တဲ့နေ့မှာ အဲလောက်ရောင်းခဲ့ရတာပါ။

သူဟာ တွစ်တာပေါ်မှာ အရောင်းနှုန်းတွေကိုတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ၂၀၀၀၀ လောက်ရောင်းချခဲ့ပြီးတော့ ၁၀၀၀၀ လောက်ကျန်နေပါသေးတယ်။

သင်မမေးခင် မသိဘူးလို့ ပြောပါမယ်။ Elon Musk ရဲ့ flamethrower တွေက အစစ်လားဆိုတဲ့မေးခွန်းပါ။ အစစ်လို့ထင်ရပါတယ်။ ဒါပေမယ့် တရားဝင်ဝယ်လို့ရလားဆိုတာလည်း မသိပြန်ပါဘူး။

Twitter video is loading

အော်ဒါတင်ပြီးတော့ ဒေါ်လာ၅၀၀နဲ့အခွန်၊ ပို့ခတွေပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာလည်း မသိပါဘူး။ flamethrower episode ကတော့ ဟာသထက်ကိုပိုပါတယ်။ ဒါပေမယ့် Elon Musk ကတော့ သူ့ရဲ့ဟာသကိုအတည်ယူခဲ့ပါတယ်။ ဒါကြောင့် အရေအတွက် ၁၀၀၀၀ ကို ရောင်းချနိုင်ခဲ့တာ မငြင်းနိုင်ပါဘူး။

Boring flamethrower ရဲ့ ဈေးကွက်ထဲမှာမရောက်သေးဘူးဆိုရင် အရင်တွစ်တာကို စစ်သင့်ပါတယ်။ GIF တောင်မြင်နိုင်ပါသေးတယ်။

Boring Company အတွက် ဒီဟာရောင်းပြီးရင်ဘာတွေထွက်လာမလဲ။ မမှန်းရဲပါဘူး။ အတည်ပြောတာပါ။ လူသားတွေရဲ့ရှင်သန်မှုကို နည်းနည်းကြောက်လာပါပြီ။

Aung Phyo Oo (Myanmar Mobile App)