အင်တာနက်ပေါ်က ပျောက်ကွယ်သွားသင့်တဲ့ နောက်ဆုံးပေါ် AI fake porn

0
1160

Daily Sport ကနေ Page 3 မော်ဒယ်လ်တွေရဲ့ကိုယ်နဲ့ ဆယ်လီတွေရဲ့ခေါင်းကို ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ပုံတွေတင်ခဲ့တဲ့ ၁၉၉၀ ခုနှစ်များဆီကအကြောင်း မှတ်မိဦးမလား။ ဒါဟာ ပုံအတုတွေထုတ်ပြီးတော့ အသရေဖျက်တာပါ။

၂၀၁၈ ရဲ့ အဲဒီလိုမျိုးအဖြစ်ကတော့ AI pornography ဖြစ်ပြီး ဒါကနည်းနည်းလေး ပိုလွန်ပါတယ်။ အတော်လေးလွန်တယ်လို့များ ဆိုရမလား။

Deepfake ဆိုတာကတော့ သရုပ်ဆောင်အမျိုးသမီးတွေတွေရဲက မျက်နှာတွေကို ဆယ်လီတွေရဲ့မျက်နှာအဖြစ် ဖြတ်ညှပ်ကတ်လုပ်ဆောင်ထားတဲ့ အပြာဇာတ်ကားတွေပါ။ subscriber ပေါင်းကလည်း ၁၅၀၀၀ ရှိနေပါပြီ။

အဲဒီလိုမျက်နှာပြောင်းထားတဲ့ဗွီဒီယိုတွေရဲ့ဇာတ်ကောင်တွေကတော့ Daisy Ridley ၊ Katy Perry နဲ့ Taylor Swift တို့ကို အသုံးပြုထားသလို machine learning algorithm ၊ bespoke software နဲ့ ထိပ်တန်း GPU ကိုအသုံးပြုထားပြီးတော့ အတုအယောင်တွေ ဖန်တီးထားတာ ဖြစ်ပါတယ်။

Deepfakes ကတော့ အခမဲ့ဖြစ်ပြီး သုံးစွဲရလွယ်ကူတဲ့ desktop application ဖြစ်တဲ့ FakeApp ကိုတောင် ထုတ်လုပ်ပြီး ဘ၀သစ်စတင်နေပါပြီ။အဲဒီ app ရဲ့ဖန်တီးသူကတော့ သူတို့အနေနဲ့ ခလုတ်တစ်ချက်အတွင်း အလုပ်အားလုံးပြီးမြောက်သွားစေနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ပြောပြပါတယ်။

“လက်ရှိဗားရှင်းကတော့ အတော်လေး အစကောင်းတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် လာမယ့်ရက်တွေမှာ streamline လုပ်ဖို့အထိ စိတ်ကူးထားပါတယ်”

“တကယ်တော့ သုံးစွဲသူတွေအနေနဲ့ ကွန်ပျူတာမှာ ဗွီဒီယိုတစ်ခုကိုရွေးချယ်ပြီးတော့ အများသုံး libraryတစ်ခုက neural network ကိုဒေါင်းလုတ်ဆွဲ၊ ခလုတ်တစ်ချက်နဲ့ မျက်နှာကိုလဲပေးနိုင်လောက်တဲ့အထိ လုပ်ဆောင်ချင်တာပါ”

ဒီဗွီဒီယိုဟာ ဆယ်လီတွေနဲ့တင် ရပ်မနေပါဘူး။ သူတို့ရဲ့ ခရက်ရှ်တွေကိုတောင် ထည့်သွင်းဖို့ကြိုးစားပေးနေကြပါတယ်။အတုဆိုတာ ခွဲဖို့ခက်ပါတယ်။စိတ်ပူတာကတော့ ဒီဗွီဒီယိုတွေဟာ ကောင်းသထက်ကောင်းလာပြီးတော့ အတုနဲ့အစစ် ခွဲရတာ ခက်သထက်ခက်လာပါပြီ။

University of Virginia ရဲ့ အသုံးချကျင့်ဝတ်ဌာနမှ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Deborah Johnson ကတော့ “လုပ်ပြီးခဲ့တဲ့အဆင့်တွေ၊ ဒါမှမဟုတ် ယုံကြည်လောက်တဲ့အဆင့်တွေနဲ့ ငြင်းဆန်လို့ရပါတယ်။ ကျွန်တော်တို့ အတုနဲ့အစစ်မခွဲနိုင်သေးတဲ့အခြေအနေကို လေ့လာနေပါတယ်။ ဒီလိုမျိုး အရင်တုန်းက မလုပ်ခဲ့ဖူးပါဘူး” လို့ ပြောခဲ့ပါတယ်။

“ဒါဟာလူတိုင်းအတွက် အသုံးပြုနိုင်သလို အသုံးလည်းပြုကြပါလိမ့်မယ်။ ဒါဟာ အစိုးရအထိ လုပ်ဆောင်ရမယ့်ကိစ္စပါ။ ယုံကြည်မှုနဲ့ စိတ်ချရမှုတစ်ခုလုံးဟာ ဒီအရာလေးအပေါ်မှာ ဆုံးဖြတ်ကြတော့မှာပါ။”

ဒီဟာကို အသုံးပြုကြမယ့်သူတွေဟာ အပြာဇာတ်ကားထက် ပိုကြောက်စရာကောင်းတာကို စဉ်းစားရမှာပါ။ ဒါကို ခြိမ်းခြောက်မှု၊ ငွေညှစ်မှုအတွက် အပြစ်မရှိသူတွေကို သက်သေအမှားတစ်ခုအနေနဲ့ အသုံးချလာနိုင်လို့ပါ။