ဘတ်ဂျက်စမတ်ဖုန်းနှိုင်းယှဉ်ချက် Honor 7X vs ASUS Zenfone Max Plus (M1)

0
1833

middle-range ဖုန်းတွေလိုက်ရှာနေတာလား။ ဒါဆိုရင်တော့ အဆင်ပြေမယ့်ဖုန်းနှစ်လုံးကို ကြည့်လိုက်ရအောင်။

မကြာသေးခင်က launch လုပ်ထားတဲ့ Honor 7X ဟာ ယူအက်စ်မှာ အတော်လေးအောင်မြင်မှုရရှိထားပါတယ်။ သုံးရက်တာကာလအတွင်းမှာပဲ Amazon ရဲ့ အရောင်းရဆုံးစာရင်းကို ထည့်သွင်းခံလိုက်ရပါတယ်။

အံ့သြစရာတော့မရှိပါဘူး။ Honor 7X ဟာ တန်ဖိုးလည်းမြင့်တာကိုး။ ဒီတော့ ၀ယ်သင့်သလား။ ဒါမှမဟုတ် 18:9 display နဲ့ ဘတ်ဂျက်စမတ်ဖုန်းကို ရှာချင်သေးလား။ ASUS ဆိုရင် အတော်လေးခိုင်တဲ့ အချက်အလက်တွေနဲ့ Zenfone Max Plus (M1) ကို ယူအက်စ်အတွက် ယူဆောင်လာတော့မှာပါ။

ဒီတော့ အဲဒီဖုန်းနှစ်လုံးကို ယှဉ်လိုက်ရအောင်။

အပြင်ပန်း

စမတ်ဖုန်းနှစ်လုံးဟာ ဘတ်ဂျက်စမတ်ဖုန်းတွေဖြစ်ပြီး 18:9 aspect ratio display နဲ့အလူမီနီယမ်ကိုယ်ထည်တွေနဲ့ဆိုတော့ ပရီမီယမ်ဆန်နေပါတယ်။ ကိုင်ရတာလည်း အတော်လေး ကောင်းမွန်ပါတယ်။

Honor 7X မှာတော့ 5.93-inch IPS LCD display ကို 1080 x 2160 resolution (407ppi) နဲ့ဖြစ်ပြီး Zenfone Max ကတော့ 5.7-inch display ကို FHD+ resolution (424ppi) နဲ့ တွေ့မြင်ရမှာပါ။

မော်ဒယ်လ်နှစ်ခုစလုံးမှာ အနောက်ဘက်က fingerprint sensor ကို တွေ့မြင်နိုင်ပြီးတော့ 3.5mm headphone jack လည်း ထည့်ထားပါတယ်။

အတွင်းပိုင်း

Honor 7X မှာတော့ octa-core Kirin 659 processor ၊ 2.36GHz ၊ 3GB RAM နဲ့ 256GB အထိချဲ့သုံးနိုင်တဲ့ 32GB storage တို့ပါဝင်ပါတယ်။ Zenfone Max Plus (M1) ကတော့ octa-core MediaTek MT6750T ၊ 1.5GHz ၊ 3GB RAM ၊ 256GB အထိချဲ့သုံးနိုင်တဲ့ 32GB built-in storage တို့ကိုအသုံးပြုထားပါတယ်။ စာရွက်ပေါ်ကအချက်အလက်တွေကို ဆုံးဖြတ်မယ်ဆိုရင်တော့ Honor 7X ဟာ Zenfone Max Plus (M1) ထက်ပိုကောင်းနေသလိုပါပဲ။ ဒါပေမယ့်လည်း သိပ်တော့မသိသာပါဘူး။

Zenfone Max Plus (M1) ရဲ့ အကြီးမားဆုံးသော အားသာချက်ကတောာ့ ဘတ်ထရီကြီးပါပဲ။ 4,130 mAh ကို အသုံးပြုထားပြီးတော့ ASUS ဟာ ဗွီဒီယိုကြည့်မယ်ဆိုရင် ၁၃နာရီခံပြီးတော့ ၀ိုင်ဖိုင်ချိတ်သုံးမယ်ဆိုရင်တော့ ၂၁နာရီ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ Honor 7X ကတော့ 3,340 mAh ကို အားထားရတာမို့ တစ်ရက်လောက်တော့ ခံသင့်ပါတယ်။

ဘတ်ဂျက်ဖုန်းတွေထဲမှာတော့ Zenfone Max Plus ဟာ face unlock function ကိုအသုံးပြုထားတာမို့ ကွဲထွက်နေပါတယ်။ Honor 7X မှာတော့ OTA update ကို သုံးလအတွင်း ရနိုင်တော့မှာပါ။

မကောင်းတာတစ်ခုကတော့ Android 7.0 Nougat ကို ချက်ချင်းသုံးအနေနဲ့ ရနိုင်ပြီးတော့ Android 8.0 Oreo ကိုမရခြင်းပါပဲ။ မကြာခင်ရနိုင်မှာဖြစ်ပါတယ်။

ကင်မရာ

ကင်မရာနှစ်လုံးစနစ်ကို အသုံးပြုတာချည်းပါ။ Honor 7X မှာ 16-megapixel နဲ့2-megapixel ၊ phase detection autofocus ၊ ကျောဘက်က LED flash တို့ပါဝင်ပြီးတော့ Zenfone Max Plus (M1) မှာ16-megapixel နဲ့ 8-megapixel ၊ phase detection autofocus နဲ့ LED flash တို့ကိုအသုံးပြုထားပါတယ်။

Honor 7X ပေါ်က ဆယ်လ်ဖီတွေကိုတော့ အရှေ့ကင်မရာ 8-megapixel နဲ့ဖြစ်ပြီးတော့ ဆယ်လ်ဖီချစ်သူတွေကတော့ Zenfone Max Plus ရဲ့ 16-megapixel ကို ကြိုက်ကြမှာပါ။

တန်ဖိုး

Honor 7X ကိုဝယ်မယ့်သူတွေကတော့ Amazon မှာ ဒေါ်လာ၁၉၉ နဲ့ ရနိုင်မှာပါ။ ASUS Zenfone Max Plus ကတော့ ဒေါ်လာ၂၂၉ ဆိုတော့ ပိုဈေးကြီးပါတယ်။ဘတ်ထရီပိုကောင်း၊ ကင်မရာပိုကောင်းတာမို့ တန်တယ်လို့တော့ ဆိုရမှာပါ။ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဖေဖော်ဝါရီလောက်မှာ ၀ယ်နိုင်ပါပြီ။