ဆယ်လ်ဖီအကြောင်းတွေချည်း ပါဝင်တဲ့ Apple ရဲ့ နောက်ဆုံးထွက် iPhone X ကြော်ငြာ

0
1740

Apple ဟာ iPhone X အတွက် ရိုက်ကူးထားတဲ့ကြော်ငြာတစ်ခုကို တင်ခဲ့တဲ့အခါမှာ ကင်မရာရဲ့ ဆယ်လ်ဖီကောင်းကောင်းရိုက်ကူးနိုင်မှုကို အသားပေးထားတဲ့ Muhammad Ali ရဲ့ စကားသံတွေနဲ့သာ လွှမ်းမိုးထားခဲ့ပါတယ်။

Ali ရဲ့ စကားလုံးတွေကတော့ ဆီလျော်ပါတယ်။ အနှိုင်းခံနိုင်စွမ်း၊ ထူးခြားဆန်းပြားမှု ဆယ်လ်ဖီရိုက်ကူးတဲ့အခါစိတ်ကျေနပ်မှု ပေးစွမ်းနိုင်ခြင်းတို့ ရှိတာအမှန်ပါပဲ။ ဒါပေမယ့် ဆယ်လ်ဖီဟာ ကိုယ့်ကိုကိုယ်ကြေညာတဲ့သွင်ပြင်တစ်ခု၊ အနှစ်သာရမရှိတဲ့တန်ဖိုးတစ်ခုအဖြစ် ဝေဖန်ခံနေရတာမို့ Ali ရဲ့ စကားလုံးတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် အရေးပါကြောင်း ဆွဲဆောင်လိုက်တာပါ။ ဒါကြောင့် ဆယ်လ်ဖီရိုက်လိုက်ပါ။ သင်ဟာ အရေးပါကောင်းမွန်သွားပါလိမ့်မယ်။

iPhone X ဟာ အကောင်းဆုံးဆယ်လ်ဖီကင်မရာ ဟုတ်မဟုတ်ဆိုတာကတော့ ငြင်းခုံနေကြဆဲပါပဲ။