မလေးရှားနိုင်ငံသားတယောက် ဖုန်းအားသွင်းနေရင်း ဓာတ်လိုက်သေ

0
1134

မိုဘိုင်းဖုန်း​တွေ Elecronic devices ​တွေ အားသွင်း​တော့မယ်​ဆို ကျ​နော်​တို့အလုပ်​သင့်​ဆုံးက​တော့ စိတ်​မချရတဲ့​တွေ့ကရာအားသွင်းကြိုး​တွေ၊ ကြိုးအစုတ်​​တွေ၊ ချိုးယွင်း​နေတဲ့ ကြိုး​တွေ အတတ်​နိုင်​ဆုံး မသုံးတာပါပဲ။ အရင်​ကလည်း ဒီလိုဖြစ်​ရပ်​​တွေကြုံခဲ့ဖူးကြပါပြီ။ စိတ်​မသက်​သာစရာပဲ။

 

သတင်းဌာန​တွေနဲ့ ရဲအရာရှိရဲ့ အဆိုအရ ” အသက် ၃၅နှစ်။ ​​သာမန်​လုပ်​သားတဦးပါပဲ။ သူ့သူငယ်​ချင်းရဲ့အိမ်​မှာ ည ၁၁ခွဲ​လောက်​မှာ သတိလစ်​​နေခဲ့ပါပြီ။ ​ဘေးနားမှာလည်း သူ့ဖုန်းရှိပါတယ်​။ အားသွင်းကြိုး နဲ့ ပလပ်ပါ​က်ကြားဆက်ကြိုး​​​extention ​တွေလည်းရှိ​နေတာပါ။ တခြား​သောဘာ​သော ဒဏ်​ရာအနာတရတခုမှ မရှိဘဲ ရုတ်​ချည်း​သေဆုံးသွားခြင်းဖြစ်​ပါတယ်​။ ”

 

ဖုန်းဟန်းဆက်​ထုတ်​လုပ်​သူ​တွေက​တော့ ထုံးစံအားဖြင့်​ ခွင့်​ပြုချက်​မရှိထားတဲ့ ပြင်ပ​ဖုန်းအပိုပစ္စည်း​တွေ တပ်​ဆင်​သုံးစွဲတာ၊ ဝယ်​ယူသုံးစွဲတာမျိုး အားမ​ပေးကြပါဘူး။ ​ဘေးကင်းစိတ်​ချရဖို့ အာမခံချက်မရှိ က​ချော်​ကချွတ်​ ပစ္စည်း​တွေမို့ပါ။ ဆို​ပေမယ့်​လည်း တကယ်​တရားဝင်​ထုတ်​ ဖုန်းပစ္စည်း​တွေကျ​တော့လည်း ​ဈေး​တွေ​ခေါင်​ခိုက်​​နေတာဆို​တော့ ​ဈေးနည်းတာ​ရွေးသုံးကြတာ အပြစ်​အဆိုသာပါဘူး။ အဓိကက​တော့ အသက်​ကို ဥာဏ်​​စောင့်​စေဖို့ လိုပါတယ်​။