ပုံမှန်သမရိုးကျစက်ဘီးတွေထက်ကို ပိုအဆင်ပြေမယ့် Flash E-bike လျှစ်စစ်စက်ဘီးကိုတီထွင်ခဲ့ပါပြီ။ လျှစ်စစ်မော်တာသုံးနည်းပညာကို အသုံးပြုထားပြီး တောင်တက်လမ်းကြမ်းတွေနဲ့ ခရီးဝေးဝေးတွေကို စီးနင်းသွားလာနိုင်ပါလိမ့်မယ်။ ညဘက်တွေမှာ လုံခြုံဘေးကင်းဖို့ ပေလေးရာအကွာက အလွယ်တကူသတိပြုနိုင်မယ့် မီးအလင်းတန်းထုတ်စနစ်တွေ ဒီ E-bike မှာပါဝင်မှာပါ။
ဝပ် ငါးရာ လျှစ်စစ်မော်တာကို သုံးထားပြီး အားပြန်လည်ဖြည့်သွင်းလို့ရတဲ့ စနစ်ပါ။ ခရီးတိုတွေ မြို့ပတ်တွေဆိုGas ဖိုး ဓာတ်ဆီဖိုး ချွေတာစေနိုင်မှာပါ။ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုမဖြစ်စေပါဘူး။ တနာရီကို ၂၅မိုင်နှုန်းအထိ သွားနိုင်တဲ့ ဘီးပါ။
လျှစ်စစ်ဆိုင်ကယ်အသေးစားတွေထက် အားသာချက်ကတော့ moving vehicle စာရင်းမဝင်တဲ့အတွက်ကို မောင်းသူလိုင်စင်မလိုပါဘူး။ ဆိုင်ကယ်တွေလို နေရာမရွေးပဲ လူသွားလမ်းအပါအဝင် နေရာတိုင်းမှာ စီးနင်းနိုင်မှာပါ။
ခြေနင်းနေရာကနေ လက်ကိုင်ဘားပေါ်က dial ကိုနှိပ်ပြီး မော်တာစနစ်ကို နူးညံ့စွာကူးပြောင်းနိုင်ပါတယ်။ မော်တာနှုန်းကတော့ လျင်မြန်နှုန်း အဆင့်လေးဆင့်ရှိပါတယ်။ ကြိုက်နှစ်သက်ရာအမြန်နှုန်းနဲ့ စီးနင်းနိုင်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ နင်းမလား။ ခရီးဝေးဝေးကို မော်တာနှုန်းနဲ့ ဒိုးမလား။ ကိုယ့်ရွေးချယ်မှုပါပဲ။
Flash ရဲ့ ဥက္ကဌ Huang က ” စက်ဘီးကို လူတွေပြန်ပြီးအာရုံစိုက်စီးဖြစ်ကြဖို့ မျှော်လင့်ပါတယ်။ Preorder တွေကို စပြီးလက်ခံနေပါပြီ။ Preorder ကို ဒေါ်လာ 1000 ဖြစ်ပြီး ပုံမှန်ကတော့ ဒေါ်လာနှစ်ထောင်နဲ့ ဖြန့်ချိမှာပါ။
လျှပ်စစ်စက်ဘီး E-bike တွေကို လူတွေပိုပြီး စိတ်ဝင်စားလာစေချင်လို့ပါ။ U.S မှာ ဒီနှစ်ထဲ စမိတ်ဆက်တင်သွင်းပြီး နှစ်ကုန်ပိုင်းလောက်မှာ ဥရောပဘက်ကို မိတ်ဆက်ပါမယ်။ လူကြိုက်များတာနဲ့အမျှ စက်ဘီးရပ်နားရာနေရာတွေမှာ စက်ဘီးကို အားပြန်သွင်းနိုင်မယ့် Electric charger တွေထားရှိသွားမှာဖြစ်ပါတယ်။ ”