Facebook ​ပေါ်ကို က​လေးငယ်​​တွေရဲ့ ဓာတ်​ပုံ​တွေတင်​ရင့် က​လေးမိဘ​တွေ ပြစ်ဒဏ်ပေးခံရတော့မည်

0
1469

သု​တေတနတခုပြုစုမှုရဲ့ အဆိုအရ က​လေးငယ်​​တွေ ရှယ်​ဖွယ်​ဖြစ်​​စေမယ့်​ ဓာတ်​ပုံ​တွေ အွန်​လိုင်း​ပေါ် အလွန်​အကျွံတင်​ရင်​ အနာဂတ်​မှာ မိမိက​လေး​တွေရဲ့ စိတ်​ပိုင်းဆိုင်​ရာကို ဒဏ်ရာ​အထိအရှဖြစ်​​စေမှာလို့ ဆိုပါတယ်​။

ပြင်​သစ်​နိုင်​ငံသား​တွေအတွက်​​တော့ ကျူးလွန်​မိရင်​ ဥပ​ဒေအရကို တရားစွဲဆိုခြင်းခံရ​တော့မှာပါ။Guardian သတင်းစာ နဲ့ အင်​တာဗျူးမှာ Manchester Metropolitan University ရဲ့ ပ​ရော်​ဖက်​ဆာ Nicola Whitton က

“ကျ​နော်​မြင်​တာ​က​တော့ က​လေး​တွေရဲ့ပုံ​တွေကို ဆိုရှယ်​မီဒီယာမှာ အလွန်​အကျွံတင်​တာက ဒီက​လေး​တွေ သိတတ်​နားလည်​တဲ့အရွယ်​​ရောက်​လာလို့ပြန်သိရ​ရင်​ ကိုယ်​​မွေးတဲ့​နေ့ကစပြီး ကိုယ့်​ဘဝကြီးအ​​ကြောင်း ဘယ်​သူ့ဆီမဆို လှစ်​ဟပြ​နေတဲ့ပုံစံမျိုး သူတို့ သိပ်​စိတ်​ပျက်​သွားမှာပဲ။ မိဘ​တွေအတွက်​ ​ပျော်​ရွှင်​မှုဖြစ်​နိုင်​​ပေမယ့်​ က​လေး​တွေအတွက်​​တော့ ဟုတ်​ချင်​မှဟုတ်​မှာပါ။ သူတို့အတွက်​ သင့်​​တော်​မ​တော်​ အရင်​စဉ်းစားရမှာပဲ။ သိသင့်​တာက ကိုယ့်​က​လေး​တွေဆို​ပေမယ့်​ ကိုယ်​မဟုတ်​တဲ့ တခြား​သောလူသားတ​ယောက်​။ ကိုယ့်​စိတ်​နဲ့ကိုယ်​ဖြစ်​တည်​မှုရှိ​နေတဲ့သူ​တွေ။ သူတို့ နားလည်​တဲ့အရွယ်​မှာ ပြန်​သိလိုက်​ရလို့ ​မိဘ​တွေဆီ​ကျေးဇူးတင်​လိုက်​တာဆိုတာမျိုး​တော့ မဖြစ်​နိုင်​လှဘူး ထင်​ပါရဲ့” လို့ဆိုပါတယ်​။

 

“နည်း​နည်း​တော့ ပင်​ပန်းမှာ​ပေါ့​လေ။ က​လေး​တွေအရွယ်​​ရောက်​လို့ သူတို့က တင်​​စေချင်​လား မတင်​​စေချင်​လား ဆိုတာ ​ဆွေး​နွေးလို့ရတဲ့အချိန်​​မ​ရောက်​​သေးခင်​အထိ​တော့ မတင်​သင့်​​သေးဖူးလို့​တော့ ကျ​နော်​ဆိုချင်​ပါတယ်​။ ” သူက ထပ်​​ပြောပါတယ်​။

London School of economics က ပ​ရော်​ဖက်​ဆာ Sonia Livingston ကလည်း”ကိုယ့်​က​လေး​တွေနဲ့ အရင်​​ပွင့်​လင်း​အောင်​ စကား​ပြောရပါမယ်​။ ဘာ​ပုံ​လေး​တော့တင်​ချင်​တယ်​။ ​ဘာ​ကြောင့်​တင်​ချင်​တယ်​။ ဘယ်​သူ့ကိုမြင်​​စေချင်​လို့ ဆိုတာမျိုး​ပေါ့​လေ။ ခွင့်​ပြုချက်​​တောင်းရမယ်​။ ဒါဆိုရင်​​တော့ မတင်​ဖို့ မပြုဖို့ ဥပ​​ဒေအတင်းအကျပ်​ထိန်းချုပ်​စရာ လို​တော့မယ်​မထင်​ပါဘူး။ ”

 

2015 မှာ Nominet က ​လေ့လာထားတဲ့ စစ်​တမ်းအရ ဗြိတိန်​နိုင်​ငံက မိဘ​တွေဟာ အသက်​ငါးနှစ်​​အောက်​က​လေး​တွေရဲ့ ဓာတ်​ပုံ​တွေကို အွန်​လိုင်း​ပေါ် တနှစ်​ကို ပုံ ၂၀၀ ​လောက်​ တင်​ဖြစ်​ကြတယ်​လို့ဆိုပါတယ်​။ ဒီလိုဆိုရင်​ ဒီ​က​လေး အသက်​ငါးနှစ်​အရွယ်​​ရောက်​ပြီဆို ပုံ ၁၀၀၀ တင်​ပြီးသားဖြစ်​​နေပြီဆိုတဲ့ သ​ဘောပါပဲ။

 

ပြင်​သစ်​အစိုးရက​တော့ ဥပ​ဒေနဲ့ ကြပ်​ကြပ်​မတ်​မတ်​ privacy law ထားရှိပ်ါတယ်​။ မိဘ​တွေဟာ မိမိက​လေးရဲ့ အိ​နြေ္ဒသိက္ခာကို ထိခိုက်​​စေတဲ့ ဓာတ်​ပုံ​တွေ အွန်​လိုင်း​ပေါ်တင်​ရင်​ ​ငွေဒဏ်​ သို့ ​ထောင်​ဒဏ်​​ အပြစ်​​ပေးခံရမှာပါ။ က​လေး​တွေရဲ့ခွင့်​ပြုချက်​မပါပဲ ပုံ​တွေတင်​ခဲ့ရင်​ ​ပေါင်​သုံး​သောင်းခွဲ သို့ ထိုက်​တန်​မယ့်​ ​ထောင်​ဒဏ်​ကျခံရမှာဖြစ်​ပါတယိ။

ဒီကိစ္စအ​ပေါ် အားလုံးရဲ့အမြင်​ကိုလည်း ​မျှ​ဝေခဲ့ကြပါဦး။ ကျ​နော်​နိုင်​ငံမှာ​ရော က​လေးငယ်​​တွေရဲ့ ပုံ​တွေ အလွန်​အကျွံ အွန်​လိုင်း​ပေါ်တင်​တာမျိုး ကန့်​သတ်​ထားသင့်​လားဗျ။