Colgate E1 စမတ်သွားပွတ်တံ

0
1837

Apple ကုမ္ပဏီရဲ့မူပို်င်​ပါ။ သွား​သေချာတိုက်​ဖို့ဆို သွားတိုက်​ရမယ့်​ zone ဆယ့်​​ခြောက်​​နေရာကို သိပါသလား။ မသိရင်​လည်း မပူပါနဲ့။ Colgate E1 စမတ်​သွားပွတ်​တံ ထွက်​လာပ်ါပြီ။ သွားတိုက်​နည်းအမှန်​အတိုင်း သွားနဲ့ခံတွင်းကို အထိ​ရောက်​ဆုံး ကာကွယ်​​ပေးမှာပါ။

 

APPLE ကုမ္ပဏီက ထုတ်​တာဖြစ်​ပြီး သွားတိုက်​မှတ်​တမ်း Data ကို iOS app ဖြစ်​တဲ့ Colgate Connect app နဲ့ သိမ်းဆည်းမှတ်​သားထားမှာပါ။ Apple Watch နဲ့ တွဲဖက်​အသုံးပြုရမှာပါ။

 

Bluetooth နဲ့ချိတ်​ဆက်​ထားတဲ့ လက်​ကိုင်​ sensor ​တွေက​နေ တ​နေ့သွားနှစ်​ခါတိုက်​တဲ့ စံချိန်​​စံနှုန်းကို ​ကိုယ့်​သွား​တွေ ပုလဲလိုဖြူ​ဖွေးလာ​စေဖို့ ​နေ့စဉ်​အကဲဖြတ်​​ပေးမှာပါ။ လူငယ်​​တွေအတွက်​ “Go Pirate” ဆိုတဲ့ သွားအချိန်​ကြာကြာပိုတိုက်​​လေ coin ​တွေပိုရမယ့်​ game လည်း ပါဝင်​ပါ​သေးတယ်​။

 

နေ့စဉ်​သွားတိုက်​မှတ်​တမ်း Data ကို သွားဆရာဝန်​ဆီ​ပေးပို့တိုင်​ပင်​​ဆွေး​နွေးလို့လည်း ရပါ​တယ်​။ Apple Store မှာ ​ဒေါ်လာ 99.99 နဲ့ ဝယ်​ယူရရှိနိုင်​ပါပြီ။ သွားကျန်းမား​ရေးကို အထူးဂရုစိုက်​ဖို့ မ​မေ့ကြပါနဲ့။