လုပ်ငန်းခွင်မှာ အချိန်ပိုဆင်းနေတဲ့ ​​​ဂျပန်​လူမျိုး​တွေကို Drone နဲ့ အသိ​ပေးပြီး အ​လုပ်​ဆင်းခိုင်းဖို့ ပြင်​ဆင်

0
1430

ဂျပန်​လူမျိုး​တွေဆိုရင်​ လူ​တွေအ​တော်​​များများ​လေးစားဦးညွှတ်​ကြပါတယ်​။ လူသူသိပ်​မသိတဲ့အချက်​တခုက​တော့ ဂျပန်​မှာအလုပ်​​တွေ အဆမတန်​လုပ်​ကြရပြီး အလုပ်​ဒဏ်​ပိ​​သေကြရတဲ့အခါ လူအ​သေအ​ပျောက်​ရှိတဲ့အထိပါပဲ။ ဂျပန်​လုပ်​ငန်းခွင်​​တွေရဲ့ ​လေးပုံတပုံမှာ အလုပ်​ဝန်​ထမ်း​တွေဟာ တလကို နာရီရှစ်​ဆယ်​နဲ့အထက် အချိန်​ပို​ဆင်း​နေကြရပါတယ်​။ ဂျပန်​လို “Karoshi” လို့ ​ခေါ်ပါတယ်​​။ အလုပ်​ဒဏ်​ပိ​သေဆုံးခြင်း လို့ ​အဓိပ္ပါယ်​ရပါတယ်​။

 

သူတို့ ဒီပြသနာကိုကိုင်​တွယ်​​ဖြေရှင်းဖို့ Drone ​တွေကို အသုံးပြု​တော့မှာဖြစ်​ပါတယ်​။သ​ဘောကရိုးရှင်းပါတယ်​။ ရုံးမှာဥာဉ့်​နက်​အထိအလုပ်​လုပ်​ကြတဲ့သူ​တွေကို program ထည့်​သွင်းထားတဲ့ Drone ​တွေနဲ့ တပ်​လှန့်​ပြီး အိမ်​ပြန်​ခိုင်းဖို့ပါ။ အလုပ်လုပ်ချိန်ပြီးလို့ ရုံးဆင်းချိန်​​ရောက်​တာနဲ့ ရုံးတ​လျှောက်​ Drone ယာဉ်​​တွေကိုပျံသန်းခိုင်းပြီး စ​​ကော့တလန်​​တေးသွားဖြစ်​တဲ့ “Auld lang Syne” ကို တရုံးလုံး စူးစူးဝါးဝါးကျယ်​​လောင်​စွာမြည်​သွား​အောင်​ လုပ်​ဖို့ဖြစ်​ပါတယ်​။

 

တကယ့်​​အ​ဖြေက ဒီနည်းလမ်းမဟုတ်​ဘူးလို့ ယူဆတဲ့သူ​တွေလည်း ရှိပါတယ်​။ အိမ်​ပြန်​​ရောက်​ပြီးမှ တညလုံးပါက် အ​လုပ်​လုပ်​​နေတာလည်းဖြစ်​နိုင်​တာပဲ။ ဘယ်​သူမှအတပ်​မ​ပြောနိုင်​ဘူး​လေ။

BBC ရဲ့အဆိုအရ တကယ့်​ပြသနာက ဂျပန်​နိုင်​ငံရဲ့​နေသားကျ​နေတဲ့ လုပ်​ငန်းခွင်​ယဉ်​​ကျေးမှုပါ။ ဂျပန်​လုပ်​ငန်းခွင်​​တွေဟာ ဝန်​ထမ်း​တွေအကြား ​သေ​သေရှင်​ရှင်​ပြိုင်​ဆိုင်​ကြဖို့ဆိုတဲ့ စိတ်​အခံကို ထည့်​သွင်း​ပေးထားတာဖြစ်​ပါတယ်​။ အလုပ်​သမားဝန်​ထမ်း​တွေဟာ မလူးသာ မလွန့်​သာဘဲ အလုပ်အလွန်အကျွံလုပ်ရတဲ့ ​​စနစ်​ဆိုးထဲ ​ရောက်​​နေတာပါ။

 

ဂျပန်​နိုင်​ငံမှာ လုပ်​ငန်းခွင်​ နဲ့ ဘဝ သဟမျှတ​ပျော်​ရွှင်​မှု စံပုံစံ ​သွေလွဲ​နေခဲ့ပ်ါပြီ။တက္ကသိုလ်​ပါ​မောက္ခတဦးက BBC ကို ယခုလိုဆိုပါတယ်​။

” ဒရုန်း​တွေက အလုပ်​ဖြစ်​မယ်​များထင်​လား။ အမှားကြီးပါ။ ကုမ္ပဏီ​တွေက အလုပ်​ဒဏ်​ပိ​​သေကြရတဲ့ ပြသနာကို ​သူတို့​​​ဖြေရှင်း​​နေကြတယ်​အထင်​ခံရရုံ အ​ပေါ်ယံသက်​သက်​နည်းလမ်း​တွေရှာပြ​​နေတာပါ။ ကျ​နော့်​အထင်​က​တော့ ​လာ​နောက်​​နေတဲ့ ရယ်​စရာတခုလိုပ်ါပဲ။