အခုလူငယ်တွေကို မပျော်မရွှင်ဖြစ်လာစေတဲ့ မြစ်ဖျားခံရာက ဖုန်း နဲ့ ကွန်ပျူတာ ကိုသုံးပြီး ဆိုရှယ်မီဒီယာအပေါ်မှာ အလွန်အကျွံအချိန်ဖြုန်းတာတွေ၊ ဂိမ်းတအားဆော့တာတွေကြောင့်ပါပဲ။ “Screen” ပေါ် ဖြုန်းနေတဲ့အချိန်များလွန်းလှပါတယ်။
အသက် ၁၃နှစ်ကနေ ၁၈နှစ်အရွယ် ဆယ်ကျော်သက်တွေကို စစ်တမ်းကောက်ယူရာမှာ “screen time” ကို အကန့်အသတ်နဲ့ သတိထားသုံးစွဲတဲ့သူတွေက အလွန်အကျွံသုံးစွဲသူတွေထက် ဘဝကိုပိုပြီးပျော်ရွှင်ကြတာ တွေ့ရပါတယ်။ ဒီအတွက် ဘဝကိုပိုနေပျော်လာဖို့ဆို “Screen time” ကို ပုံမှန်၂ နာရီ ထက်ပိုပြီးအသုံးမပြုဖို့ လိုပါတယ်လို့ သုတေတနစစ်တမ်းအရ ဆိုပါတယ်။
ကယ်လီဖိုးနီးယားက San Diego State University က သိပ္ပံပညာရှင်တွေကတော့ ကိုယ်လက်ကျန်းမာရေးလုပ်တာ နဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပိုမိုအချိန်ပေးတာမျိုး လုပ်ပေးရမှာပါ လို့ ဆိုကြပါတယ်။ အားကစားလုပ်တာ၊ စာဖတ်တာ ၊ ဒါတွေနဲ့လည်း ဖုန်းထဲမျောနေတဲ့ စိတ်အာရုံကို ပြောင်းပေးသင့်တယ်လို့ ဆိုထားပါတယ်။ စိတ်မချမ်းမြေ့တာ ဘဝကိုနေမပျော်တာတွေကို မဖြစ်စေတော့ပါဘူး။
Social media ဆိုတာ အတိုင်းအတာနဲ့အသုံးပြုတတ်ဖို့လိုပါတယ်။ ကျနော်တို့ဖြစ်နေတဲ့ ပြသနာက အကျိုးမရှိ စိတ်စွမ်းအင်အလွယ်တကူကုန်ဆုံးစေတတ်တဲ့ social media မှာ အချိန်ကုန်ခံလွန်းတာပါ။
ဒီအတွက် social media အချိန်အဆ နဲ့ ချင့်ချိန်အသုံးပြုပြီး ကိုယ့်ခန္ဓာ ရုပ်အား စိတ်အား တက်စေမယ့် အားကစားလိုက်စားတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ စာဖတ်၊ ပန်းချီဆွဲတာ စသဖြင့် ကိုယ့်ဘဝပျော်ရွှင်မှုအတွက် ကိုယ့်လုပ်ဆောင်မှုတွေကို ကိုယ်တွယ်သွားတတ်ဖို့ အရေးကြီးပါတယ်။