GOOGLE ကုမ္ပဏီမှာ ၁၃ နှစ်တာလုပ်ကိုင်လာခဲ့တဲ့ Engineer Steve Yegge ဟာ အလုပ်ကနုတ်ထွက်ခဲ့ပါပြီ။ ဖန်တီးထိုးဖောက်ဖို့ ကိုယ့်လမ်းကိုယ်ထွင်ဖို့ အစွမ်းမရှိတော့တဲ့ အတော်စိတ်ပျက်လာလို့ ထွက်လာခဲ့တာ ဆိုပါတယ်။
Yegge က GOOGLE ကို “ရှိပြီးသားမှာပဲ ငြိမ်ကုပ်နေပြီး အသစ်ထပ်ထွင်ဖို့တော့ လတ်ဆတ်မှုမရှိတော့တဲ့ ကွန်ဆာဗေးတစ်သမားတွေ” လို့ အပြင်းအထန်စွပ်စွဲပါတယ်။
” ကျနော့်အတွက်ဆိုးဝါးဆုံးပြသနာကတော့ GOOGLE ဟာ စွန့်စားဖို့ဆိုတာကို သူတို့လုံးလုံးမနှစ်သက်တော့တာပဲ။ customer-focus ထားပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်အတိုင်း ကိုယ့်လမ်းကိုယ်ဖောက်ဖန်တီးထုတ်လုပ်ဖို့တော့မစဉ်းစားဘဲ တခြားကုမ္ပဏီတွေရဲ့လျှောက်လမ်းအတိုင်း ပြိုင်ဆိုင်ဖို့လောက်ပဲ အားထုတ်နေတာပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလုံး GOOGLE က ထုတ်လုပ်ခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြည့်ပါလား။ FACEBOOK ကို တုပဖို့ GOOGLE PLUS ဖန်တီးတယ်။ AWS ပုံစံတူ GOOGLE CLOUD ကိုလုပ်တယ်။ AMAZON ECHO လိုမျိုး GOOGLE HOME ကို လုပ်တယ်။ WHATSAPP လိုပုံစံမျိုး ALLO ကို ထုတ်တယ်။ Android Instant Apps နဲ့ Google Assistant စသဖြင့် တခြားကုမ္ပဏီတွေရဲ့လမ်းကြောင်းအတိုင်း လိုက်ပြိုင်ဖို့ပဲ စဉ်းစားနေခဲ့တာပါ။ ” လို့ Yegge က ဆိုပါတယ်။
Yegge ဟာ ” Google ဟာ အကောင်းဆုံးလုပ်ငန်းခွင်တခုပါ။ ဒါပေမယ့် ကျနော့်အတွက်တော့ မဟုတ်တော့ပါဘူး။ ဘာစိတ်ဝင်စားစရာမှမရှိတော့လို့ပါ။ ” တဲ့။
သူဟာ 2011 ကလည်း GOOGLE အပေါ် ခါးသီးမှုတချို့ရှိခဲ့ပ်ါတယ်။ GOOGLE+ မှာ တင်ခဲ့တဲ့ သူ့ရဲ့ post တခုမှာ GOOGLE ကို အတော်ချိုးချိုးဖဲ့ဖဲ့ပြောထာထးတာတွေ လူတွေကြားထဲ ပျံ့နှံ့ခဲ့ပါသေးတယ်။