Samsung Galaxy S9 ရဲ့ စမတ်ဖုန်း မျက်နှာပြင် အသုံးပြုနေပုံ အွန်လိုင်းမှာပျံ့နှံ့

0
820

next-gen Samsung Galaxy S9 အကြောင်းတော့ များများစားစားမပြောတော့ပါဘူး။ အဲဒီဖုန်းဟာ beta testing အဆင့်ကို ရောက်နေကြောင်း Weibo ပေါ်မှာတင်ထားတဲ့ ဗွီဒီယိုတစ်ခုက သက်သေပြနေပါတယ်။ အဲဒီဖုန်းရဲ့မျက်နှာပြင်ကို ဗွီဒီယိုထဲမှာ စမ်းသပ်ပြထားပါတယ်။ သိသာပါတယ်။ တရုတ်နိုင်ငံမှာ ရိုက်ထားတာပါ။ ပေါက်ကြားတဲ့ဓါတ်ပုံတွေကိုမြင်ခဲ့ရပြီးနောက်မှာတော့ ဘယ်ဟာမှ မယုံရတော့သလို ခံစားသွားရပါတယ်။

MWC ကတော့ တဖြည်းဖြည်းနီးလာပြီးတော့Samsung ကလည်း သူ့ရဲ့ S9 duo ကို ပြသတော့မှာပါ။ သူ့မှာ Qualcomm ရဲ့ Quick Charge 2.0 ကို အသုံးပြုထားမလားဆိုတာ သိချင်နေပါပြီ။ အသုံးပြုထားမယ်ဆိုရင်တော့ super slo-mo ကို Isocell အသုံးပြုထားတဲ့ 3-stack image sensor နဲ့အသုံးပြုခွင့်ရမှာမို့ အရမ်းမိုက်မှာပါ။ အတွင်းပိုင်းဒီဇိုင်းကလည်း S8 ရဲ့ ဘတ်ထရီပမာဏကို အသုံးပြုထားနိုင်ပါတယ်။
ဖေဖော်ဝါရီလမှာ Launch လုပ်မယ့်ပွဲအပြီးမှာ မတ်လဖြန့်ချိမှုကို စတင်မှာပါ။ Metal 12 Build ဖြစ်မလားဆိုတာလည်း သိချင်လှပါပြီ။ ကင်မရာ၊ screenprotector တို့ကို ဘယ်လိုပြင်ဆင်ထားမလဲ၊ Exynos ၊ Snapdragon 845 ဘယ်လိုမြန်မလဲဆိုတာလည်း စိတ်ဝင်စားနေပါပြီ။

3.5mm headphone jack ၊ အနောက်ဘက်မှာတပ်ထားတဲ့ fingerprint sensor ၊ 18.5:9 display ၊ ကင်မရာနှစ်လုံးနဲ့ ပိုမိုကောင်းမွန်တဲ့ iris recognition ကိုလည်းတွေ့မြင်ကြရမှာပါ။

Video