Gadget Trending

ပျောက်ကွယ်တော့မယ့် အခြေနေရောက်နေတဲ့ Navdy ရဲ့ head-up display

Navdy ရဲ့ Head-up display စနစ်ကတော့ Kickstarter ရဲ့ အောင်မြင်မှုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကားအတွင်းပိုင်းပစ္စည်းရဲ့ ပိုင်ရှင်ဟာ သူ့ရဲ့ HUD ဟာ နောက်အပတ်တွေထဲမှာ လုံးဝအလုပ်မလုပ်နိုင်တော့ဘူးလို့ သတိပေးထားပါတယ်။ အဲဒီ startup လေးဟာ ၂၀၁၄ခုနှစ်မှာ ဖန်ငွေရှာတဲ့ဆိုက်ကတစ်ဆင့် launch လုပ်ခဲ့တာဖြစ်ပြီးတော့ စစချင်းပထမတစ်ပတ်မှာပဲ တစ်မီလျံဒေါ်လာရခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဆင်မပြေတော့ပါဘူး။

၂၀၁၇နောက်ပိုင်းမှာ သူဟာ ပိုင်ဆိုင်မှုတွေကို ရောင်းထုတ်တော့မယ်လို့ သတိပေးချက်ထုတ်ခဲ့ပါတယ်။ အကြောင်းရင်းကိုမပြောခဲ့ဘဲ ဒေါ်လာ ၇၉၉ ကနေ ဒေါ်လာ ၄၉၉အထိလျှော့ချလိုက်ပါတယ်။ ဒါပေမယ့်လည်း Navdy မျှော်မှန်းထားသလောက် မရခဲ့ပါဘူး။

နောင်တစ်ချိန်မှာလည်း ပိုဆိုးလာနိုင်ချေသာ ရှိပါတော့တယ်။ ပိုင်ရှင်ဆီကိုရောက်လာတဲ့ အီးမေးလ်တစ်စောင်မှာဆိုရင် Navdy ဟာ အကြွေးတွေမဆပ်နိုင်တော့ကြောင်း၊ အကြွေးပေးဖို့ ရောင်းချပေါင်နှံနေရကြောင်းပါဝင်ပါတယ်။ အဲဒီမှာ Navdy ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနေတဲ့ အကန့်အသတ်ရှိတဲ့ဘတ်ဂျက်တွေလည်း ပါဝင်နေပြီး ဘာကိုမှလုပ်ဆောင်နိုင်တော့မယ့်ပုံ မပေါ်ပါဘူး။ “အရောင်းလုပ်ငန်းက ဆက်လက်လုပ်ဆောင်နေပေမယ့်လည်း Navdy ရဲ့ ၀န်ဆောင်မှုတွေကို ဘတ်ဂျက်ကမလိုက်နိုင်တော့ပါဘူး။”

ဒါကြောင့် feature တွေဟာ အလုပ်လုပ်မှာမတော့ပါဘူး။ အနှေးနဲ့အမြန်ပါပဲ။ “တစ်ဆင့်ချင်းလမ်းညွန်မှုကိုပြသတဲ့ featureနဲ့ အသံထိန်းချုပ်မှုတွေဟာ ရပ်တံ့သွားနိုင်ပါတယ်။” လို့ သတိပေးထားပါတယ်။ “လုံးဝကို သုံးစားမရတော့တာအထိ ဖြစ်သွားနိုင်ပါတယ်။” ဒီလိုဖြစ်လာမှုဟာ “နောက်အပတ်တွေထဲမှာ” စတင်လောက်မယ်လို့ ပြောထားပါတယ်။


လက်ရှိဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်ပေးဖို့အတွက် ပိုင်ဆိုင်မှုတွေကို တစ်ယောက်ယောက်က ၀ယ်မှအဆင်ပြေတော့မှာပါ။ အာမခံနိုင်တဲ့ရလဒ်ကတော့ ဘယ်နေရာမှ ရှာမရသေးပါဘူး။ ဖြစ်လာမယ်ဆိုရင်တောင်မှ အခုဖြစ်နေတဲ့ရောင်းအားတွေက အလုပ်ဖြစ်ဖို့ မသေချာပါဘူး။

head-up display ဟာ luxury ကားမော်ဒယ်လ်တွေမှာ သုံးလာကြပေမယ့်လည်း ရေစီးကြောင်းနဲ့ယှဉ်ပြောရမယ်ဆိုရင် နည်းပါးနေတုန်းပါ။ ကားထုတ်လုပ်သူတွေရဲ့ အသုံးပြုမှုကို မရရှိသေးတာ ဖြစ်ပါတယ်။ လုပ်ဆောင်ပေးမှုကတော့ ကားရဲ့မှန်မှာ လမ်းကြောင်းလေးတွေကို ထိုးဖောက်မြင်ရတဲ့ panel အသေးစားလေးနဲ့ ဖော်ပြပေးတာပါ။

အဲဒီမှာ အမြန်နှုန်းတွေ၊ လမ်းကြောင်းညွှန်ပြချက်တွေ၊ မီဒီယာအချက်အလက်တွေကိုလည်း မြင်နိုင်ပါတယ်။ အချက်အလက်တွေကိုတော့ စမတ်ဖုန်းကနေ Bluetooth နဲ့ချိတ်ဆက်ပြီး ထုတ်ပြပေးတာပါ။ အသံကိုတော့ ကားရဲ့မီဒီယာစနစ်ကနေ အသုံးပြုထားပါတယ်။ ဒါပေမယ့် စမတ်ဖုန်းကိုမှီခိုနေတဲ့ဝန်ဆောင်မှုကတော့ လက်ရှိအခက်အခဲတစ်ခုပါပဲ။

Google Maps ဒါမှမဟုတ် အခြားသောလမ်းညွှန်စနစ်တွေကို အသုံးပြုခြင်းထက် Navdy က သူ့ရဲ့ဝန်ဆောင်မှုကို ပေါင်းစည်းပေးထားတယ်လို့ ဆိုချင်ပါတယ်။ ဒါပေမယ့် နည်းပညာကတော့ သူ့ကိုပြန်သတ်နေပါပြီ။ ဒီလုပ်ဆောင်ချက်တွေကို ဆက်သုံးဖို့ အဆင်မပြေတော့ပါဘူး။ Navdy ကိုလက်ရှိမှာ ပြင်ဆင်ဖို့လည်း အဆင်မပြေတော့ဘူး ဖြစ်နေတာပါ။

Qualcomm ၊ Harman နဲ့ အခြားသူတွေကလည်း Renault နဲ့ ချိတ်ဆက်ပြီးသားဆိုတော့ Navdy ရဲ့ ပိုင်ဆိုင်မှုဟာ မျှော်လင့်ချက်မဲ့နေပါပြီ။ ဒါကြောင့် လက်ရှိပိုင်ရှင်ကိုပဲ တွေ့မြင်ရနိုင်နေပြီး ဘယ်အချိန်မှာ အသက်ပြန်လည်ဝင်လာမလဲဆိုတာ အာမခံချက် မပေးနိုင်တဲ့အခြေအနေပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org