လကမ္ဘာ​ပေါ်မှာ ​ မိုဘိုင်းဖုန်းတာဝါတိုင်​ တည်​​ဆောက်​​တော့မည်

0
1836

အခုသိပ္ပံ​ခေတ်​မှာ တီထွင်​ဆန်းသစ်​မှု​တွေက စိတ်​ဝင်​စားလို့ မကုန်​နိုင်​​အောင်​ပဲ။ ​မောင်းသူမဲ့ယာဉ်​​တွေရှိ​နေပြီ။ solar system ထဲမှာ ဂြိုဟ်​အသစ်​​တွေ ရှာ​ဖွေ​တွေ့ရှိလာရပြီ။ ကွမ်​တန်​မက္ကင်းနစ်​ကို သုံးပြီး အရာဝတ္ထု​တွေကို အာကာကအပြင်​ဘက်​ထိ ပို့လွှတ်​နိုင်​ခဲ့ပြီပဲ​လေ။ 

ပြောင်းလဲတိုးတက်​လာတယ်​ဆိုတာ အစဉ်​အဆက်​က လူ​တွေရဲ့သဘာဝပါပဲ။ အခုက ဂျာမဏီကုမ္ပဏီတခုရဲ့အားထုတ်​မှု ။ လကမ္ဘာ​ပေါ်မှာ ဆဲလ်​ဖုန်းတာဝါတိုင်​ တပ်​ဆင်​ကြဖို့ပါ။လ​ပေါ်မှာတင်မကပဲ​ ကမ္ဘာ နဲ့ လ ကိုပါ နက်​ဝက်​​တွေ ချိတ်​ဆက်​နိုင်​​တော့မှာပါ။

 

Part-time Scientists ဆိုတဲ့ ကုမ္ပဏီဟာ လူ​​မောင်းနှင်​ဖို့မလိုတဲ့ အာကာသယာဉ်​တခုကို လကမ္ဘာ​ပေါ်မှာ Apollo 17 ယာဉ်​အ​ခြေစိုက်​​နေရာနားမှာ အ​ခြေချ​စေ​တော့မှာပါ။ အ​ကြောင်းက 2018 အကုန်​မှာ ဆဲလ်ဖုန်း​​​တာဝါတိုင်​ အပြီးသတ်​ တပ်​ဆင်​နိုင်​ဖို့ပါ။ ဒီဇိုင်းပုံစံ နဲ့ နည်းပညာကိုပါ ပြင်​ဆင်​ပြီးပါပြီ။

 

IFLScience ရဲ့အဆိုအရ communications ​တွေ​အတွက်​ LTE နည်းပညာကို အသုံးပြုသွားကြမှာပါ။ Telecommunication ကုမ္ပဏီ Vodafone နဲ့လည်း လ​ပေါ်မှာ LTE base station ​တွေ တည်​​ဆောက်​​ပေးဖို့ ချိတ်​ဆက်​စီစဉ်​ပြီးပါပြီ။ အကျိုး​ကျေးဇူး​တွေက​တော့ အခြား​သော data relay system ​တွေထက်​ စွမ်းအင်​သုံးတာ​လျှော့ချ​စေနိုင်​မှာပါ။ အာကာသယာဉ်​ရဲ့ ဘက်​ထရီ​အား​တွေ ဖြုန်းတီးမှုမဖြစ်​ပဲ data အ​မြောက်​အများကို ပို့လွှတ်​နိုင်​မှာပါ။

 

Part-time Scientists ရဲ့ CEO ဖြစ်​သူ Robert Boehme က”အဓိကစဉ်းစားဖြစ်​တာက​တော့ ​နောင်​လာမယ့်​ အနာဂတ်​အာကာသစွန့်​ဦးတီထွင်​သမား​တွေအတွက်​ ​ငွေကုန်​​ကြေးကြသက်​သာပြီး ရိုးရှင်း​စေမယ့်​ re-usabel in-space infrastructure တခုကို တည်​​ထောင်​​ထား​ပေးခဲ့ချင်​တာပါ။ ပထမဆုံးအ​နေနဲ့​ပေါ့​လေ။ ”

ဒီအာကာယာဉ်​ကို​တော့ “Alina” လို့အမည်​​ပေးထားပ်ါနယ်​။ ဒီတာဝါအတွက်​လိုအပ်​တဲ့ LTE နည်းပညာ ကို VODAFONE ကုမ္ပဏီက ဖြည့်​ဆည်း​ထောက်​ပံ့​​ပေးသွားမှာပါ်။

 

Part-time Scientists ကုမ္ပဏီရဲ့ lead engineer Karsten Becker က Rovers ​တွေကို high definition cameras ​တွေနဲ့ sensors ​တွေကို တပ်​ဆင်​​ပေးထားမှာလို့ ဆိုပ်ါတယ်​။ သူက”လကမ္ဘာ​ပေါ်က​နေ scientific data ​တွေကို ရယူကာ LTE က ​ထောက်​​ပံ့​ပေးမယ့်​ မြန်​နှုန်းမြင့်​ကွန်​နက်​ရှင်​​ကြောင့်​ rovers ​တွေကို Alina နဲ့ အမြန်​ဆုံးပြန်​ဆက်​သွယ်​နိုင်​​စေပြီး ဒီအ​ရေးကြီး​ data ​တွေကို ကမ္ဘာ​ပေါ်ပြန်​ပို့လွှတ်​​ပေးမှာပါ။ ” လို့ဆိုပါတယ်​။

 

VODAFONE ရဲ့ CEO က သူတို့ရဲ့ system ဟာ Elon Musk ရဲ့ SpaceX ကို launch လုပ်​တဲ့အချိန်မှာ အဆင်​သင့်​လည်​ပတ်​ပြီးဖြစ်​​နေမှာပါလို့ ထပ်​မံဆိုခဲ့ပါ်​တယ်​။