မျက်နှာပြင်အောက်က လက်ဗွေစနစ်ပါဝင်တဲ့ ပထမဆုံးဖုန်းကို စတင်ရောင်းချ

0
120

ဒီလအစောပိုင်းမှာမြင်ခဲ့ရတဲ့ Vivo ဖုန်းဟာ တကယ်ဖြစ်လာပါပြီ။ ဒါပေမယ့် ရဖို့တော့မလွယ်သေးပါဘူး။
မျက်နှာပြင်အောက်က လက်ဗွေစနစ်ပါဝင်တဲ့ ပထမဆုံးဖုန်းမှာ နာမည်ရှိသလို မွေးနေ့လည်း သတ်မှတ်ပြီးပါပြီ။ Vivo X20 Pluss UD ကို တရုတ်နိုင်ငံမှာ ဇန်န၀ါရီ၂၄ ကစတင်ရောင်းချနေပါပြီ။ CES ပွဲမှာတစ်ခါမြင်ရပြီးတော့ Vivo ဟာ လက်ဗွေစနစ်ကို မျက်နှာပြင်အောက်မှာ ထားပြီးပြသခဲ့တာပါ။ home ခလုတ်လည်းမပါဝင်တော့တဲ့အတွက် lock screen ကို ထိလိုက်တာနဲ့ ဖုန်းကိုဖွင့်နိုင်ပြီပဲ ဖြစ်ပါတယ်။ Vivo ကတော့ Clear ID လို့ နာမည်ပေးထားပါတယ်။

Vivo က ဈေးကွက်ထဲမှာ အသစ်အဆန်းဖြစ်ပြီးတော့ ဆန်းသစ်မှုအသစ်ကို ချပြခဲ့ပေမယ့် ၂၀၁၈ မှာ ခေတ်စားလာနိုင်ပါတယ်။ လက်ရှိမှာတော့ ဖုန်းတိုင်းဟာ physical လက်ဗွေစနစ်ကို ဖိရတာချည်းဖြစ်ပါတယ်။
Apple iPhone X ကတော့ ခြွင်းချက်ပါ။ သူဟာ Face ID ကိုအသုံးပြုထားပြီးတော့ လက်ဗွေစနစ်လုံးဝမပါတော့ပါဘူး။
iPhone X နဲ့ Samsung Galaxy S8 တို့ဟာ sensor တွေကို အောက်မှာမြှုပ်ထားမယ်လို့ သတင်းထွက်နေပြီးတော့ မဖြစ်လာခဲ့ပါဘူး။ Galaxy S9 ကတော့ Synaptics နဲ့ ပူးပေါင်းပြီးတော့ ဒီနည်းပညာကို ပြသနိုင်မယ့်အခွင့်အရေးရှိပါတယ်။


Vivo X20 Plus UD ကတော့ X20 Plus ရဲ့ ဗားရှင်းတစ်မျိုး ဖြစ်ပါတယ်။ ဘောင်ပျောက်ဒီဇိုင်းနဲ့ 6.43 လက်မ AMOLED display ၊ Snapdragon octa-core processor ၊ကင်မရာနှစ်လုံး၊ 4GB RAM ပဲ သုံးနိုင်ပါတယ်။ လက်ဗွေစနစ်ကတော့ ထူးခြားတဲ့ feature ပဲ ဖြစ်ပါတယ်။
Vivo ဟာX20 Plus UD ကို ဇန်န၀ါရီ ၂၄ရက် တရုတ်မှာ ကြေညာသွားမှာဖြစ်ပြီး အခြားဒေသတွေလည်း ရနိုင်မလားဆိုတာကတော့ မသိရသေးပါဘူး။