ဖိလစ်ပိုင်မှာ ဖေ့စ်ဘုတ် ကို အလွဲသုံးစားလုပ်​ပြီး ​တောတွင်းတိရစ္ဆာ​န်​တရားမဝင်​ကုန်​ကူးမှု​တွေ ထကြွ​သောင်းကျန်းလျက် ရှိ

0
1769

Facebook ​ကြောင့်​ပဲ ကမ္ဘာတဝှမ်းကလူ​တွေ ရွာတခုလို အချင်းချင်းဆ​​က်​သွယ်​နီးစပ်​နိုင်​ခဲ့တာ အားလုံးကိုယ်​​တွေ့အသိပဲ​ပေါ့​လေ။ စီးပွား​ရေးလုပ်​ငန်း​တွေ လူသိများ​အောင်​ ​ကြေငြာမလား၊ ကိုယ့်​ Brand Image ကို မြှင့်​တင်​ချင်​လား၊ Facebook နဲ့တင်​ လိုအပ်​သလိုအလွယ်​တကူဖြစ်​​နေပါပြီ။

အခုဆိုးဝါး​​နေတဲ့ အဖြစ်​အပျက်​တခုက​တော့ Facebook ကို မ​လျော်​မကန်​အသုံးချပြီးေ​တာတွင်းတိရစ္ဆာန်​​တွေကို တရားမဝင်​ကုန်​ကူး​နေတဲ့ ကိစ္စပဲ။ ဖိလစ်​ပိုင်​နိုင်​ငံမှာပါ။Facebook ကို ​ဈေးကွက်​တခုအ​နေနဲ့ အသုံးပြုပြီး ကိုယ်​ကျိုးအတွက်​ ဥပ​ဒေချိုး​ဖောက်​မှု​တွေ ကျူးလွန်​လာ​နေကြပါပြီ။

တောတွင်းတိရစ္ဆာန်​​တွေ တရားမဝင်​​ကုန်​ကူးမှု ​စစ်​​ဆေး​ထောက်​လှမ်း​ရေးကွန်​ရက်​ TRAFFIC ရဲ့ စစ်​တမ်း​ကောက်​ယူမှုအရ သုံးလအတွင်းမှာပဲ Facebook စာမျက်​နှာ​ပေါ်က ဂရု​တွေက​နေတဆင့်​ ​တောထဲက​နေ အန္တရာယ်ပြုဖမ်းဆီးထားကြတဲ့ ​​​​တွားသွားမျိုးစိတ်​သတ္တဝါ​တွေကို ​အ​ရေအတွက်ေ​ထာင်​နဲ့ချီပြီး ​ရောင်းဝယ်​​ဖောက်​ကားခဲ့ကြပါတယ်​။

ဒီစစ်​တမ်းရဲ့အဆိုအရ ဖိလစ်​ပိုင်​နိုင်​ငံ အစိုးရအာဏာပိုင်​​တွေရဲ့ ထိန်းသိမ်းစစ်​​ဆေးစိစစ်နိုင်​​မှုအားနည်းချက်​​ကြောင့်​ Facebook ဟာ အင်တာနက်ကိုအသုံးချပြီး ​​မသမာ​ရောင်းဝယ်​​​ဖောက်​ကားသူ​တွေရဲ့ သိပ်​​စိတ်​ကြိုက်​​တွေ့၊ ပစ်​မှတ်ထားလာခဲ့တဲ့ ပလက်ဖောင်း​​တခု ဖြစ်​လာခဲ့ပါပြီ။

TRAFFIC ကွန်​ရက်​ရဲ့ အ​ရှေ့​တောင်​အာရှ Program Officer ဖြစ်​သူ Serene Chg က”​Facebook ဂရု​တွေကို ​အချိန်ကာလတခု ​သတ်​သတ်မှတ်​​မှတ်​​စောင့်​ကြည့်​ခဲ့တာပါ။ ကျ​နော်​တို့ ဘယ်​လိုမှ လက်​ခံနိုင်​စရာမရှိ​​လောက်​​အောင်​ပဲ။ ​အ​ရေအတွက်​​ထောင်​ချီပြီး​တော့ကို တွားသွားသတ္တဝါ​မျိုးစိတ်​​တွေကို​ရောင်းဝယ်​​နေကြတာပါ။”

ဒီ​နေရာမှာ ​ပြောစရာရှိလာတာက Facebook messenger ပါ။ အ​ရောင်းအဝယ်​​တွေကို messenger က​နေ​ပြောဆိုတယ်​။ ​ဈေးညှိတယ်​။ အလုပ်​ဖြစ်​​နေကြတယ်​။ ​ရောင်းသူ ဝယ်​သူရဲ့ privacy ကို ထိန်းသိမ်း​ပေးထားတာ​ကြောင့်​ ဥပ​ဒေပြင်​ပ​ကုန်​ကူးမှုကို ​စောင့်​ကြည့်​​စစ်​​ဆေးရာမှာ အထစ်​အ​ငေါ့ရှိ​စေပါတယ်​။

တကယ်​​တမ်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့​တွားသွားမျိုးစိတ်​​တွေအကုန်​လုံးကို နိုင်​ငံရဲ့​ wildlife ဥပ​ဒေ 2001 အရ ကာကွယ်​​ပေးထားပြီးသားဖြစ်​ပါတယ်​။ တွားသွားသတ္တဝါ​တွေကို အိမ်​​မွေးထားချင်​ရင်​​တောင်​ ဥပ​ဒေအရခွင့်​ပြုချက်​ယူရပါတယ်​။

အောက်​ကပုံမှာ​တော့ Facebook ဂရု​တွေမှာ အများဆုံး​ရောင်းဝယ်​တတ်​ကြတဲ့ တိရစ္ဆာန်​အမျိုးအစား​တွေပါ။

သုံးလအတွင်းမှတ်​တမ်းအရ​ ​တွားသွားသတ္တဝါအရှင်ေ​တွကို ​ရောင်းဝယ်​ဖို့ေ ကြငြာထားတဲ့ ​ကြော်​ငြာ​ပေါင်း ၂၂၄၅ ခုရှိပြီး ခွင့်​ပြုချက်​နဲ့​ရောင်းဝယ်​တယ်​ဆိုလာသူက ၁၇ ခုသာ ရှိပါတယ်​။

ဖိလစ်​ပိုင်​ရဲ့ Biodiversity Management Bureau က​တော့ တွားသွားသတ္တဝါ​တွေကို စီးပွားဖြစ်​​​ရောင်းဝယ်​ဖို့ ဘယ်​တုန်းကမှ ခွင့်​ပြုမိန့်​မထုတ်​​ပေးခဲ့ဖူးဘူး လို့ယတိပြတ်​ဆိုပါတယ်​။

ရောင်းသူ ဝယ်​သူ​တွေအချင်းချင်း တရားဝင်​စာချုပ်​စာတမ်း​တော့ အပ်​ချမတ်​ချ မရှိ​ကြောင်း အပြန်အလှန်​​နားလည်​မှုယူကာ ဥပ​ဒေမဲ့ ပြုမူခဲ့ကြတာပါ။ ​တောထဲက ဒီတိရစ္ဆာန်ေ​လး​တွေကို ဖမ်းယူခဲ့​ကြောင်း သူတို့ ဝန်​ခံခဲ့ပါတယ်​။

လေ့လာစစ်​​ဆေးမှု​​ ​​တွေ အဆိုအရ နိုင်​ငံအတွင်း အလျင်​အမြန်​ကြီးထွားလာ​နေတဲ့ ဒီလို​တရားဥပ​ဒေချိုး​ဖောက်​​ ​ရောင်းဝယ်​မှုကို ​လျော့နည်းပ​ပျောက်​လာ​စေဖို့ စုံစမ်းစစ်​ဆေးမှု နဲ့ တရားဥပ​ဒေအရ တင်းကြပ်​ခိုင်​မာမှုကို တိုးမြှင့်ထိန်းချုပ်​ဖို့လိုပြီး ပူး​ပေါင်း​လိုက်​နာနိုင်​​စေဖို့ လိုပါတယ်​လို့ ဆိုပါတယ်​။

TRAFFIC ကွန်​ရက်​ဟာ ​တောတွင်းတိရစ္ဆာန်ေ​တွကို ဥပ​​ဒေချိုး​ဖောက်​ ​ရောင်းဝယ်​​ဖောက်​ကား​နေခြင်းကို ရပ်​တန့်​ပစ်​ဖို့ Facebook နဲ့ ဆက်လက်​​ပူး​​ပေါင်း​ဆောင်​ရွက်​သွားမှာဖြစ်​ပါတယ်​။