Rock & Roll သမားများအတွက် အဆင်ပြေဆုံး Fusion လျှပ်စစ်ဂစ်တာ

0
1736

hard-core ရော့ကာတစ်ယောက်အနေနဲ့ ကျွန်တော့ရဲ့gear လေးဟာ rock and roll အတွက် အဆင်သင့်ဖြစ်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။ နေ့တိုင်းလိုလို rock and roll လုပ်ရတာကို ကြိုက်တဲ့သူတစ်ယောက်ပါ။ သင်ရော အဲလိုပဲလား။ ဒါဆိုရင်တော့ Fusion Guitar ကို တစ်ချက်ရှိုးကြည့်ပါ။

maple နဲ့ rosewood အသားနှစ်မျိုးနဲ့ပြုလုပ်ထားတဲ့ ဂစ်တာကို ဒေါ်လာ၉၉၉ နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဂစ်တာကတော့ လျှပ်စစ်ဂစ်တာတစ်မျိုးဖြစ်ပြီးတော့ ဘတ်ထရီအပြည့်ပါတဲ့ ဟော်လိုကိုယ်ထည်ပါဝင်ပါတယ်။ ဘတ်ထရီတွေကတော့ 20-watt amp ဖြစ်ပြီး စပီကာကတော့ လေးထောင့်ပုံစံဖြစ်ပါတယ်။ အလေးချိန်ကတော့ ၈ပေါင်ဖြစ်ပြီး အများစုကတော့ ကိုယ်ထည်ကြောင့် ဖြစ်ပါတယ်။ တစ်ခါအားသွင်းထားရင် ၆နာရီလောက် သုံးနိုင်ပါတယ်။

Yamahaa Transacoustic လို Fusion မှာလည်း amp နဲ့ စပီကာပါဝင်ပြီိး သင့်ရဲ့သံစဉ်တွေကို သံကုန်ဟစ်နိုင်ပါတယ်။ iPhone နဲ့ချိတ်ဆက်ပြီးတော့လည်း အသံဖမ်းယူထားနိုင်ပါသေးတယ်။ အဲဒီဂစ်တာဟာ iPhone 7, 7 Plus, 6, 6 Plus, 5/SE နဲ့ iPhone Touch Gen 5 တို့နဲ့ကိုက်ညီပြီးတော့ iPhone X shieldကတော့ ထုတ်တော့မှာပါ။ P.A. out အပြင် amp အတွက် standard 1/4-inch jack နဲ့ headphone အတွက် 3.5mm jack တွေလည်း ပါဝင်ပါတယ်။ အပေါ်ဘက်က စပီကာအသေးကတော့ built-in monitor အဖြစ်နဲ့လုပ်ဆောင်ပေးပါတယ်။

ဒေါ်လာ၉၉၉ နဲ့ ဂစ်တာကိုရနိုင်ပြီးတော့ ထိန်းတဲ့ကြိုး၊ အိတ်လေးကိုလည်း ရနိုင်ပါသေးတယ်။ Android နဲ့တော့ အဆင်မပြေသေးပါဘူး။

ကျွန်တော်ဟာ ဂစ်တာသမားကောင်းတစ်ယောက်မဟုတ်ပေမယ့်လည်း gear ခေါင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသုံးသပ်ချက်ရေးတဲ့အခါမှာ အပြည့်အစုံမဖြစ်တာ စိတ်မကောင်းပါဘူး။ ဂစ်တာလောကကဆရာကြီးတွေကတော့ ကျွန်တော်ဖန်တီးထားတဲ့ ဗွီဒီယိုတွေကို ကြည့်ပြီးတော့အပျော်တမ်းဂစ်တာသမားအနေနဲ့နားလည်ပေးစေချင်ပါတယ်။ ဒီဂစ်တာဟာ ဂစ်တာတီးသင်နိုင်ပါတယ်။ ဒီလိုသင်ချင်တယ်ဆိုရင်တော့ အရှေ့နဲ့ အလည်ခေါင်မှာ learning app ကို run ပြီးတော့ headphone တပ်လိုက်တာနဲ့ ရလဒ်တွေကို ကြာရမှာဖြစ်ပါတယ်။ looping နဲ့ noodling လုပ်ဖို့အကောင်းဆုံးပါပဲ။ Garage Bandလို tool ရဲ့အကူအညီတွေနဲ့ သီချင်းပုံကြမ်းတွေကိုလည်း မိုးထိအောင် ပျံသန်းပစ်လို့ ရသွားပါပြီ။ Fusion ကို သုံးကြည့်တဲ့အချိန်မှာတော့ traditional all-in-one guitar တွေထက် ပိုကောင်းတာကို တွေ့ရပါတယ်။ ဂစ်တာသမားတွေကို နေရာနည်းနည်း သယ်ရတာအဆင်ပြေပြေနဲ့ ကုန်ကျစရိတ်သက်သာပြီးတော့ ကောင်းမွန်တဲ့ခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ အတော်လေးမြန်မြန်ဆန်ဆန်တီးနိုင်တယ်ဆိုရင်တော့ loop တွေနဲ့ ဒီဂျစ်တယ် trick အလန်းတွေကို လုပ်ဆောင်နိုင်မှာပါ။

built-in iPhone dock နဲ့ပတ်သတ်ပြီးတာ့ နည်းနည်းတော့ အပြစ်တင်ချင်ပါတယ်။ ကျွန်တော်ဖြစ်စေချင်သလောက်တော့ မဖြစ်လို့ပါ။ Fusion experience ကောင်းကောင်းရဖို့အတွက် iPhone app အတော်များများရှိပေမယ့်လည်း စနစ်ကြီးတစ်ခုလုံးကို ကောင်းမွန်သွားစေနိုင်တဲ့ဟာမျိုးတော့ မတွေ့ခဲ့ပါဘူး။ amplification နဲ့ internal amp တို့ကအသံတွေကို ကြိုက်နှစ်သက်တဲ့အတွက် များသောအားဖြင့် app တွေကို မသုံးဖြစ်ပါဘူး။

Fusion လို ပစ္စည်းမျိုးဝယ်ဖို့ ဂစ်တာသမားတွေကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ amp ကောင်းကောင်း၊ Stratocaster ရဲ့ analog အသံနဲ့ချိတ်ထားတဲ့ ဂစ်တာတွေကတော့ သီချင်းစတူရီယိုအတွက် အမြဲတမ်းတံခါးဖွင့်ထားပေမယ့် ပိုကောင်းတဲ့amp ဂစ်တာတွေကတော့ ရောင်းဖို့ခက်ခဲပါတယ်။ အရင်တုန်းက Vox Guitar Organ ကို သတိရစေပါတယ်။ တီးတဲ့သူတစ်ယောက်အနေနဲ့ကတော့တကယ့်ကို ရင်းနှီးထားသင့်တယ်လို့ဆိုချင်ပါတယ်။

ဒေါ်လာ၁၀၀၀ တန် Fusionကတော့ ဈေးကြီးတယ်လို့ ဆိုရမှာပါ။ beginner ရဲ့ Telecaster ကိုတော့ ဒေါ်လာ၂၀၀ နဲ့ ၀ယ်ယူနိုင်နေပါတယ်။ နေ့စဉ်သုံးအတွက်ဆိုရင်လည်း နည်းနည်းတော့ ထူးဆန်းနေလောက်ပါတယ်။ တကယ်လို့ သင့်အတွက် အခန်းကျယ်ထဲမှာ amplification သက်သက်မတပ်ဘဲတီးနိုင်တဲ့ဟာလိုချင်နေသူ ဒါမှမဟုတ် gadget ချစ်သူဆိုရင်တော့Fusionက သင့်အတွက်ကွက်တိပါပဲ။

ဒါမှမဟုတ်ရင်လည်း digital Line 6 amp ဒါမှမဟုတ် Roland Go:Mixer ၊ အခြားသောခြောက်ကြိုးတပ်တွေကလည်း ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ဒါပေမယ့် ဈေးနဲ့တန်အောင် စိတ်ခံစားမှုများများစားစား ပေးနိုင်တာကတော့ Fusion ပါပဲ။