Honor View 10 နဲ့ OnePlus 5T – ဘတ်ဂျက်စမတ်ဖုန်းများအားယှဉ်ကြည့်ခြင်း

0
2156

Honor နဲ့ OnePlus တို့ကတော့ ဘတ်ဂျက်flagshipစမတ်ဖုန်းတွေအနေနဲ့ အားပြိုင်နေကြပါတယ်။

ထွက်ရှိလာချိန်မှစပြီး OnePlus 5T ဟာ ဘတ်ဂျက်စမတ်ဖုန်းအနေနဲ့ အတော်လေး ကျေနပ်စရာကောင်းပတယ်။ ထိပ်တန်းလုပ်ဆောင်ချက်တွေနဲ့ ထိပ်တန်းအချက်အလက်တွေကို ဈေးနည်းနည်းနဲ့ပေးထားတာမို့ Samsung တို့လို ထိပ်တန်းbrand တွေကိုတောင် ပြိုင်ဆိုင်နိုင်တဲ့အနေအထားတစ်ခုပါ။ 5T ဟာ ယှဉ်ပြိုင်ခံရမယ်ဆိုတဲ့အကြောင်းကိုတော့ မေ့လျော့နေဟန်တူပါတယ်။ Honor က သူ့ရဲ့ View 10 နဲ့ ဒီအတွေးကို ပြောင်းလဲပေးလိုက်ပါတယ်။ ဈေးအတူတူမှာ ပိုကောင်းလာပါတယ်။

အဲဒီဖုန်းတွေဟာ စာရွက်ပေါ်ကအချက်အလက်တွေအရ အတူတူဖြစ်ပြီး တစ်လုံးကို ဒေါ်လာ၅၀၀ လောက်ရှိပါတယ်။ ဒီတော့ ဘာတွေကွဲပြားပြီး သင့်ကိုဝယ်ယူဖို့ ဆွဲဆောင်ကြမှာလဲ။ ကြည့်လိုက်ရအောင်။

OnePlus 5T မှာ ဘာတွေပိုကောင်းသလဲ

အကြာကြီးချန်ပီယံဖြစ်နေသည့်အားလျော်စွာ OnePlus 5T ကတော့ အားသာချက်တွေရှိပါတယ်။ အလူမီနီယမ်ကိုယ်ထည်ဒီဇိုင်းနဲ့ အနောက်ဘက်မှာ ကွေးညွတ်ထားခြင်းက Honor View 10 ပြားပြားလေးထက် ကိုင်ရတာအဆင်ပြေပါတယ်။ ဖုန်းနှစ်လုံးတို့မှာ 18:9 aspect ratio ကိုအသုံးပြုထားပေမယ့် 5T ဟာ သုံးစွဲသူအများစုကြိုက်နှစ်သက်တဲ့ AMOLED panel ကို အသုံးပြုထားပြီးတော့ ambient display လိုမျိုး power-saving feature နဲ့ ကာလာစုံလင်တာကို တွေ့ရပါတယ်။

OnePlus သုံးစွဲသူတိုင်းကတော့ အသံခလုတ်နားလေးက alert slider ကို ၀န်ဆောင်မှုတစ်ခုအနေနဲ့ အသုံးပြုနိုင်မှာပါ။ သူကတော့ သုံးစွဲသူတွေကို display မဖွင့်ဘဲ audio profile တွေကို ခုန်ကူးနိုင်စေမှာပါ။ အတော်လေးအဆင်ပြေတယ်လို့ဆိုရမှာဖြစ်ပြီး View 10 မှာတော့ အဲလို feature မရှိပါဘူး။

Software ကတော့ OnePlus 5T ဟာကို အကြိုက်တွေ့ကြမှာပါ။ Android Nougat software ကို အသုံးပြုထားပေမယ့်လည်း (Oreo မကြာခင်ထွက်လာမည်) OxygenOS firmware ကတော့ Huawei EMUI ထက် stock Android ပိုဆန်ပါတယ်။ lock screen အတွက်လည်း မြန်ဆန်တဲ့ facial recognition ကို ဆောင်ကြဉ်းပေးပါတယ်။

Honor View 10 က ဘာတွေပိုကောင်းသလဲ

Honor ကိုလည်း အထင်မသေးလိုက်ပါနဲ့။ ကွေးညွတ်မထားပေမယ့်လည်း View 10 ရဲ့ hardware တွေကို ကောင်းမွန်စွာတည်ဆောက်ထားပြီး ပြားကပ်နေတဲ့အတွက် ကိုင်ရတာကောင်းပါတယ်။ နှစ်လုံးစလုံးမှာ ဆင်းကဒ်နှစ်ကဒ်ထိုးဖြစ်ပေမယ့် View 10 မှာသာ microSD ထည့်သွင်းနိုင်တာပါ။ OnePlus 5T ကတော့ အဆင်မပြေပါဘူး။

View 10 မှာ Huawei ရဲ့ neural processing unit (NPU) ကိုAI အတွက်အသုံးပြုထားလို့ ဓါတ်ပုံတွေအရည်အသွေးနဲ့ ဘာသာစကားပြန်ဆိုမှုတွေမှာ တိုးတက်ကောင်းမွန်စေပါတယ်။ NPU ဟာ အချိန်ကြာလာလို့ ဖုန်းနှေးကွေးသွားခြင်းကို ကူညီသက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။ Honor View 10 ကတော့ ကင်မရာနှစ်ခုကို OnePlus 5T ထက်သာအောင် သုံးစွဲထားပါတယ်။ 16MP နဲ့ 20MP တို့ကို အသုံးပြုတာခြင်းတူပေမယ့်  5T ရဲ့ secondary sensor ကတော့ အမှောင်ကျတဲ့အခြေအနေမှာသာ အသုံးပြုနိုင်ပြီး အသုံးမ၀င်သလို ဖြစ်နေပါတယ်။ View 10 ရဲ့ monochrome sensor ကတော့ အသေးစိတ်တွေကို ပြတ်သားစွာတွေ့မြင်နိုင်ပြီး ဓါတ်ပုံတွေကိုဟန်ချက်ညီမျှစေပါတယ်။

လူတိုင်းအတွက် ဖြစ်ချင်မှဖြစ်မှာဆိုပေမယ့် View 10 မှာ အသုံးပြုထားတဲ့ EMUI software ကတော့ အရင်ကထက် ပိုရင့်ကျက်လာတယ်လို့ဆိုရမှာပါ။ lock screen app နဲ့ optional floating navigation dock တို့လိုအသုံးဝင်တဲ့ tool လေးတွေအပြည့်ပါပဲ။ Android Oreo software ကိုအခြေခံထားပြီးတော့ PIP video နဲ့ notification dot တွေကိုလည်း ယူဆောင်လာပါတယ်။

ဆင်တူနေတဲ့အချက်များ

Feature ပိုင်းအရဆိုရင် စွမ်းအားမြင့် အချက်အလက်တွေကို အသုံးပြုထားကြပါတယ်။ OnePlus 5T မှာ Qualcomm ရဲ့ လူကြိုက်များတဲ့ Snapdragon 835 chipset ၊ Honor View 10 ကတော့ Huawei ရဲ့ကိုယ်ပိုင် Kirin 970 ကို သုံးထားပါတယ်။ performance ပိုင်းမှာတော့ ရုန်းကန်နေရတာမျိုး မရှိပါဘူး။ View 10 ရဲ့ NPU ကတော့ ရေရှည်အတွက် ပိုကောင်းနိုင်ပါတယ်။ 18:9 display ၊ USB-C နဲ့ မြန်ဆန်တဲ့ fingerprint sensor တို့လိုမော်ဒန်ဒီဇိုင်းတွေ မြင်ရမှာပါ။ တစ်ခုပါပဲ။ အလူမီနီယမ်ကိုယ်ထည်နဲ့ ကိုက်ညီတဲ့ အားအမြန်သွင်းစနစ်ကိုတော့ နှစ်ခုလုံးမှာ မတွေ့ရပါဘူး။ ရေစိုခံ၊ ဖုန်ဝင်ခံတွေလည်း မမြင်ရပါဘူး။ ဖြုတ်လို့ရမယ့် ဘတ်ထရီလည်း မတွေ့ရပါဘူး။

သင့်အတွက် အကိုက်ညီဆုံးက

သင့်ဖုန်းမှာ အကျိုးသက်ရောက်မှုများနိုင်တဲ့ Software ကို ဦးစားပေးဖို့ စဉ်းစားကြည့်ပါမယ်။ stock Android ကြိုက်သူတစ်ယောက်၊ Pixel 2 ၀ယ်ဖို့လည်း ငွေမလုံလောက်။ ဒါဆိုရင် OnePlus 5T ပါ။

EMUI ကိုကြိုက်တယ်ဆိုရင်တော့ Honor View 10 ကို ၀ယ်လိုက်ပါ။ Android Oreo ကို တစ်ခါတည်း အသုံးပြုနိုင်မှာပါ။

Flagship အဆင့် လုပ်ဆောင်ချက်တွေကို ဈေးသက်သာစွာနဲ့ရနိုင်မယ့်ဖုန်းတွေဖြစ်တာမို့ ဈေးဝယ်သူတွေအတွက် အတော်လေးအဆင်ပြေနေပါတယ်။ ဘယ်ဖုန်းကိုပဲဝယ်ယူသည်ဖြစ်စေ အကောင်းဆုံး ဆုံးဖြတ်ချက်ချပြီးမှ ၀ယ်ယူပါ။