ဒေါ်လာ ၈၀၀ တန် LCD screen အသုံးပြုထားတဲ့ 2018 iPhone

0
544

mid-range အတွက်ဆိုလည်း များပါသေးတယ်။

KGI မှ Ming-Chi Kuo ဟာ စက်တင်ဘာလမှာထွက်မယ့် iPhone သုံးလုံးအကြောင်းကို ခန့်မှန်းချက်ရေးသားခဲ့ရာမှာ ဒေါ်လာ၇၀၀နဲ့၈၀၀ ကြားက 6.1လက်မ LCD screen တစ်လုံးပါဝင်မယ်လို့ ရေးသားခဲ့ပါတယ်။ စစချင်းကတော့ ဒေါ်လာ၆၅၀နဲ့၇၅၀ လောက်သာ ရှိခဲ့ပါတယ်။

လက်ရှိ iPhone X အကြောင်းကို ဖော်ထုတ်ခဲ့တာမို့ သိပြီးလောက်ပါပြီ။ ဒီနှစ်အလယ်လောက်မှာ ဈေးလျှော့မရောင်းဘဲ ထုတ်လုပ်မှုကိုရပ်တံ့မှာဖြစ်ကြောင်း ပြောခဲ့တာပါ။

iPhone X ရဲ့ ဒီဇိုင်းအယူအဆတွေကို ဒီမော်ဒယ်လ်မှာ ထည့်သွင်းလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။ Apple ဟာ ရောင်းအားတက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီ ၆.၁လက်မမော်ဒယ်လ်လေးရဲ့ရောင်းအားဟာ နောက်ထပ်ဖုန်းအသစ်နှစ်လုံးရဲ့ရောင်းအား တစ်ဝက်လောက်အထိ ရနိုင်ဖို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်အလယ်လောက်အထိ ခန့်မှန်းထားတာကတော့ ၈၀မီလျံကနေ ၉၀မီလျံအတွင်း ဖြစ်ပြီးတော့ ၂၀၁၇တုန်းက  ၇၅မီလျံကနေ ၈၀မီလျံအထိ ခန့်မှန်းထားတတာပါ။

mid-range ဖုန်းတွေမှာတော့ stainless steel အစား အလူမီနီယမ်ကို အသုံးပြုနိုင်ပြီးတော့ 3GB RAM နဲ့ 4GB RAM ကို အသုံးပြုနိုင်ပါတယ်။ ပရီမီယမ်ပစ္စည်းတွေကတော့ အနောက်ကင်မရာနှစ်လုံးနဲ့ OLED display တွေကို ၅.၈လက်မနဲ့၆.၅လက်မ နှစ်မျိုးထုတ်နိုင်ပါတယ်။