ဆက်မထုတ်ဖြစ်ခဲ့တဲ့ Apple ရာဇ၀င် ရဲ့ ထုတ်ကုန်တွေ

0
581

၂၀၁၈ ခုနှစ်မှာ မထင်မှတ်ပဲ iPhone X ကို ဆက်ထုတ်ဖြစ်တော့မှာ မဟုတ်ဘူး လို့ သတင်းသဲ့သဲ့ကြားလာရပါတယ်။ အိုင်ဖုန်း ချစ်သူတွေအတွက်တော့ အဲဒီ သတင်းကို မမှန်ပါစေနဲ့ လို့ ဆုတောင်းခဲ့ကြပါသေးတယ်။ အနည်းဆုံးတော့ update ကလေး ဆက်မပေးတာမျိုးပဲ ဖြစ်ပါစေလို့ ဆုတောင်းခဲ့ကြပေမယ့် Apple ရဲ့ ရာဇ၀င်မှာ အဲဒီလိုမျိုး ဆက်လက်မထုတ်ဖြစ်ခဲ့တဲ့ ထုတ်ကုန်တွေ က ရှိနေနှင့်တာမို့လို့ မီဒီယာတွေ ရေးတဲ့ သတင်းတွေ က ၈၀ ရာခိုင်နှုန်းလောက် မှန်ကန်ဖို့များနေပါတယ်။ ဒါကြောင့် iPhone X ကိုလည်း ဘိုင်ဘိုင့် လို့ ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ Apple ရဲ့ သမိုင်းထဲက ဆက်လက် မထုတ်ဖြစ်တော့တဲ့ ထုတ်ကုန်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

The Power Mac G4 Cube
ပွဲဦးထွက် မိတ်ဆက် : 2000
ဆက်မထုတ်ဖြစ် : 2001
ဒီဇိုင်း က Apple ရဲ့ ဆန်းသစ်တီထွင် ဒီဇိုင်းပညာရှင် ဂျော်နသန်အိဗ် ရဲ့ ဒီဇိုင်းပါ။ ဒီဇိုင်းလက်ရာ နဲ့ ပါဝင်တဲ့ Specs တွေရဲ့ ဖွဲ့စည်းမှုကောင်းပေမယ့် ဟက်ဟက်ပက်ပက် ကြိုဆိုမှု မခံခဲ့ရတဲ့ ဒီဇိုင်း ဖြစ်ပြီး ရုံးအတွင်းထဲမှာ လည်း အိဗ် ရဲ့ ကြက်သားကင်စက် လို့ နာမည်ပြောင်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ နောက်ပိုင်းမှာ Mac Mini ရဲ့ ကနဦး ရှေ့ပြေး ဒီဇိုင်း ဖြစ်လာခဲ့ပါတယ်။

 

The iSight
ပွဲဦးထွက် မိတ်ဆက် : 2003
ဆက်မထုတ်ဖြစ် : 2006
စတင်မိတ်ဆက်စဉ်တုန်းက iChat AV service နဲ့ အသုံးပြုခဲ့တာပါ။ web camera လောက တစ်ခေတ်ဖြစ်လာမယ် လို့ တင်ကြိုခန့်မှန်းထားခဲ့တဲ့ Apple ရဲ့ ကင်မရာ တစ်ခု ပဲ ဖြစ်ပါတယ်။ အဏုကြည့်မှန်ပြောင်း တစ်ခု နဲ့တောင် ဆင်တူနေပြီး နောက်ပိုင်းမှာတော့ Apple မားဘားဘုတ်တွေမှာ ချိတ်ဆက်ထားတဲ့ internal camera အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

The QuickTake
ပွဲဦးထွက် မိတ်ဆက် : 1994
ဆက်မထုတ်ဖြစ် : 1997
ကင်မရာလောက မှာ စောစောစီးစီး ခြေကုပ်စယူခဲ့ပေမယ့် ကုမ္ပဏီ ရဲ့ စတော့ရှယ်ယာတွေ တောက်လျှောက်ကျဆင်းနေခြင်း နဲ့ အတူတူ မှေးမှိန်ပျောက်ကွယ်သွားခဲ့တဲ့ ထုတ်ကုန်ပါပဲ ။ စတိဗ်ဂျော့ဘ် တကြော့ပြန်ရောက်ရှိလာချိန်ရောက်တော့လည်း အိုင်ဖုန်း၊ အိုင်ပက် အပါအ၀င် တခြား ထုတ်ကုန်တွေကြောင့် ဒီကင်မရာ ပရောဂျက်ဟာ အပယ်ခံဖြစ်ခဲ့ရပါတယ်။ မီးခိုးရောင် ကိုယ်ထည်နဲ့ QuickTake ရဲ့ 0.3 Megapixel ဆိုတာ ဒီနေ့ခေတ်မှာတော့ လူရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲဒီခေတ်အခါတုန်းက တော့ တော်တော်ကောင်းပြီး တန်းမြင့်ကင်မရာ အမျိုးအစား တစ်ခု ဖြစ်ခဲ့တဲ့အပြင် SnapShot တွေအတွက် အားထားခဲ့ရတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။

The Black MacBook

ပွဲဦးထွက် မိတ်ဆက် : 2006
ဆက်မထုတ်ဖြစ် : 2008
အနက်ရောင်နဲ့လည်း ဖြစ်တယ်။ ရှေ့ပြေး MacBook လည်း ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အချစ်မခံရတဲ့ ထုတ်ကုန်တစ်ခုပါ။ ကိုယ်ထည်တစ်ခုလုံး အလူမီနီယမ် နဲ့ တည်ဆောက်ထားပြီး Dark Knight of MacBooks လို့ တင်စားခေါ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီ အဆင်အပြင်ကိုပဲ အခြေခံပြီး ဘော်ငွေရောင် Mac Book တွေကို ထုတ်လုပ်တဲ့အခါမှာတော့ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။

The LaserWriter
ပွဲဦးထွက် မိတ်ဆက် : 1985
ဆက်မထုတ်ဖြစ် : 1988
Aldus ရဲ့ PageMaker ကို စတင်ထုတ်လုပ်တဲ့ နှစ်မှာပဲ မိတ်ဆက်ခဲ့တဲ့ Laser Writer ဟာ တကယ်တမ်းမှာ PageMaker ရဲ့ Desktop Publishing ဈေးကွက်ကို ရယူဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အရွယ်အစား က တော်တော်ကြီးပါတယ်။ ကမ္ဘာပေါ်မှာ အစောဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ လေဆာပရင်တာ တွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ခဲ့ပါတယ်။

Final Cut Express
ပွဲဦးထွက် မိတ်ဆက် : 2004
ဆက်မထုတ်ဖြစ် : 2011

အပျော်တမ်း ရိုက်ကူးတည်းဖြတ်ထုတ်လုပ်ရေးတွေအတွက် ထုတ်လုပ်ခဲ့တဲ့ Final Cut စီးရီး ဟာ Final Cut Pro X မှာတင် နိတ္ထိတန်ခဲ့ပါတယ်။ အပျော်တမ်းလို့သာ ရည်ရွယ်ခဲ့ပေမယ့် တော်တော်လေးကောင်းတဲ့ Tools တွေ ပါဝင်ခဲ့တဲ့ အပြင် ရောင်းတန်း တည်းဖြတ်ဆော့ဖ်ဝဲ တွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် တချို့ တည်းဖြတ်သမားတွေ ဟာ နည်းပညာ အထောက်အပံ့ဘာတစ်ခု မှ မရရှိတော့တာတောင် Final Cut စီးရီး ကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလျက်ရှိနေသေးတယ် လို့ သိရပါတယ်။

The Apple Standard Keyboard
ပွဲဦးထွက် မိတ်ဆက် : 1987
ဆက်မထုတ်ဖြစ် : 1990
ရိုးရှင်းလွယ်ကူတဲ့ ကီးဘုတ်တွေရဲ့ အစ လို့တောင် ပြောလို့ရတဲ့ Standard Keyboard တွေကို ထုတ်လုပ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ Apple Fan တွေကို သီးသန့် ဖြစ်စေချင်တဲ့ သဘောနဲ့ တခြား ဈေးကွက်ပေါ်လစီတွေကြောင့် ရပ်နားခဲ့ရတဲ့ ကီးဘုတ် တစ်ခုပဲ ဖြစ်ပါတယ်။ ကီးဘုတ် ဟာ အရမ်းမာလွန်းတယ် လို့လည်း အပြစ်တင်ခံခဲ့ရသေးပါတယ်။


The Xserve
ပွဲဦးထွက် မိတ်ဆက် : 2002
ဆက်မထုတ်ဖြစ် : 2011
အဖွဲ့အစည်း အဆင့်တွေမှာ အလုပ်လုပ်ဖို့အတွက် ရည်စူးခဲ့တဲ့ Server တစ်ခု ဖြစ်ခဲ့ပြီး Network ပိုင်း ကနေ ချိတ်ဆက်ပြီး အလုပ်လုပ်မယ့်သူတွေအတွက် ရည်ရွယ်ခဲ့ပါတယ်။

The Newton
ပွဲဦးထွက် မိတ်ဆက် : 1987
ဆက်မထုတ်ဖြစ် : 1988

နယူတန် ကိုတော့ သိပြီးကြမှာပါ။ Personal Assistant ခေတ်ဦးမှာ အတော်ကလေး လူကြိုက်များခဲ့ပါသေးတယ်။ ၁၉၈၈ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ နည်းပညာသမိုင်းမှာ ချစ်စရာကောင်းပြီး အသုံးဝင်တဲ့ Gadgets စာရင်းထဲမှာ ထိပ်ဆုံးက နေရာယူထားဆဲဖြစ်ပြီး အခုအချိန်ထိ လူကြိုက်များနေဆဲ Gadget တစ်ခုလည်း ဖြစ်ပါတယ်။ Screen မျက်နှာပြင်ပေါ်မှာ Handwriting လက်ရေးနဲ့ (ဒါမှမဟုတ် pen နဲ့ ) စတင်ရေးခြစ်မှု၊ စတင်တို့ထိမှု Touch နည်းပညာ ရဲ့ ခေတ်ဦး ပစ္စည်းဖြစ်ပြီး အခုနောက်ပိုင်း Apple UI တွေ၊ iOS services တွေမှန်သမျှဟာ Newton က ဆင်းသက်လာတာဖြစ်ပါတယ်။

The “Clamshell” iBook
ပွဲဦးထွက် မိတ်ဆက် : 1999
ဆက်မထုတ်ဖြစ် : 2001

အမှန်ပါပဲ။ Apple ဟာ ခေါက်ချိုးဖုန်း မိုဘိုင်းလောက ကို ၀င်ရောက်ခဲ့ပါသေးတယ်။ iBook လို့ အမည်ပေးခဲ့ပြီး ဖုန်းပြောဆိုတာ အပြင် Personal အကူအညီတွေကိုပါ ရရှိနိုင်စေဖို့ ရည်ရွယ်ခဲ့တာပါ။ အရောင် ၅ မျိုး နဲ့ စတင် ထုတ်လုပ်ခဲ့ပါတယ်။ iBook ကို စတင်ထုတ်လုပ်တဲ့အချိန်မှာ iPhone Project မရှိသေးပါဘူး။ အဲဒီအပြင်မှာ iPhone ထုတ်တဲ့အဖွဲ့က ရယူထားတဲ့ Project မဟုတ်တဲ့အပြင် ဆန်းသစ်တဲ့ ကိုယ်ပိုင် သီးသန့် နည်းပညာတွေ ပါရှိတဲ့အတွက် Developer အများစု က မျှော်လင့်ခဲ့ပေမယ့် ဂိုဒေါင်ထဲမှာ သာ ပြန်လည် သိမ်းဆည်းထားခဲ့ပါတယ်.။