ကမ္ဘာ့ ပထမဆုံး 512GB micro SD card ထွက်ပေါ်လာ

0
1795

သေးချင်သေးလိမ့်မယ် ဒါပေမယ့် microSD card တွေရဲ့ သိမ်းဆည်းနိုင်မှုစွမ်းအားကိုတော့ လျှော့မတွက်စေချင်ဘူး။ ပစ္စည်းအမျိုးမျိုး၊ စမတ်ဖုန်းနဲ့ တက်ဘလက်တွေအထိ စိတ်ကြိုက်သုံးစွဲနိုင်ပါတယ်။

SanDisk က 400GB microSD ဗားရှင်းကိုထုတ်လုပ်ပေးလိုက်ပြီးတော့ Samsung ကတော့ 256GB ကို ထုတ်ပေးထားပါတယ်။ ဒီလိုထုတ်ပေးလိုက်တာကတော့ သူတို့ရဲ့ 512GB microSD card မတိုင်ခင် အမြည်းကျွေးထားတာ ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ SanDisk နဲ့ Samsung ကို တိုက်ခိုက်ပြီးတော့ ပထမဆုံးသော 512GB ကို ကြေညာလိုက်တဲ့သူ ရှိနေပါတယ်။

ယူကေအခြေစိုက် company ဖြစ်တဲ့ Integral ကတော့ ကမ္ဘာ့အကြီးဆုံး microSD card ဖြစ်တဲ့ 512GB microSDXC V10 ၊ UHS-I U1 card ကို ကြေညာလိုက်ပါတယ်။

ဒီကဒ်ဟာ Video Speed Class 10 (V10) စံနှုန်းမီပါတယ်။ ဒါကြောင့် Full HD video အတွက်အမြန်ဆုံး ဒေတာကူးမှုကို ပေးစွမ်းနိုင်ပါတယ်။ အနည်းဆုံး 10MB/s write speeds ဖြစ်ပြီးတော့ Read speed ကတော့ 80MB/s ဆိုတော့ SanDisk 400GB microSD card မှာ 100MB/s read speed လို့ ကြေညာထားတာမို့ နည်းနေပါတယ်။

ဒါကြောင့် ပစ္စည်းတွေ၊ Android စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ အေးဆေးအလုပ်ဖြစ်ပါတယ်။

Integral 512GB microSD card ကိုတော့ နောက်လမှာ launch လုပ်မှာဖြစ်ပြီး ဈေးနှုန်းကတော့ မသိရသေးပါဘူး။ SanDisk 400GB card ကတော့ ဒေါ်လာ ၂၄၉.၉၉ ဖြစ်ပြီး Integral ကလည်း ဈေးလျှော့ရမှာမဟုတ်ပါဘူး။

Samsung ကတော့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေအတွက် 512 GB အတွက်ထုတ်လုပ်ဖို့ အဆင်သင့်ပဲဆိုတာ ကြေညာခဲ့ပါတယ်။ Galaxy S9 မှာတော့ 512GB storage တွေ ရလာနိုင်ပါတယ်။ Samsung ဟာ Galaxy S9 ကို 512GB နဲ့ ထုတ်မယ်ဆိုရင်တော့ Integral ရဲ့ထုတ်ကုန်ကို Galaxy S9 သုံးစွဲသူတွေက စဉ်းစားကြမှာ သေချာပါတယ်။