Xiaomi Mi 7 ရဲ့ စိတ်ဝင်စားဖွယ်ရာ အသေးစိတ်အချက်အလက်များ

0
1850

Xiaomi ရဲ့ 2018 flagship အကြောင်း သိထားသမျှလေးတွေဝေမျှပေးပါရစေ။

Xiaomi ရဲ့ Mi flagship ကတော့ ပေးလိုက်ရတဲ့ငွေနဲ့ရတဲ့တန်ဖိုးကောင်းမွန်နေတာကို မနှစ်က Mi 6 ကို ကြည့်လိုက်ရင် သိလိုက်ပါတယ်။ အဲဒီဖုန်းဟာ ပြိုင်ဘက်တွေထက် ဒေါ်လာရာနဲ့ချီသက်သာပြီးတော့ တူညီတဲ့ user experience ကို ပေးထားဆဲပါ။ Xiaomi ကလည်း ဒီဖော်မျူလာကို ပြောင်းမယ့်ပုံမပေါ်ပါဘူး။ Mi 7 ကိုလည်း ထိပ်တန်း hardware တွေနဲ့ ဒေါ်လာ၅၀၀ အောက်ဈေးနဲ့ ရောင်းချသွားနိုင်ပါတယ်။

Mi 7 မှာ Snapdragon 845 နဲ့ အားဖြည့်ထားနိုင်

ဒီဇင်ဘာလတုန်းက Snapdragon 845 platform ကို Qualcomm က ကြေညာထားတာဆိုတော့ ဖြစ်နိုင်ပါတယ်။ Qualcomm ကလည်း သူ့ရဲ့ Hexagon digital signal processor အတွက်AI ကို အတော်လေအားထားနေရပြီးတော့ Kryo 385 CPU ထက် လုပ်ဆောင်နိုင်ရည် ၁၀-၂၀% ၊ Adreno 630 GPU ထက် ၃၀% ပိုကောင်းလာမယ်လို့ ကြွေးကြော်ထားပါတယ်။

Xiaomi ဟာ Qualcomm ရဲ့ နောက်ဆုံးထွက် hardware တွေကို အသုံးပြုနေတဲ့ ထုတ်လုပ်သူတစ်ယောက်မို့ ဒီနှစ်လည်း အစဉ်အလာကို ချိုးဖျက်မှာမဟုတ်လောက်ပါဘူး။ Xiaomi ရဲ့စီအီးအို Lei Jun ကတော့ Qualcomm ရဲ့ နှစ်စဉ်ကျင်းပတဲ့ နည်းပညာကွန်ဖရင့်ကိုတက်ရောက်ခဲ့ပြီးတော့ Mi 7 ကို Snapdragon 845နဲ့ပွဲထုတ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကင်မရာတွေက ကွဲပြားမှုကို ယူဆောင်လာနိုင်

Xiaomi ရဲ့ 2018 ဦးတည်ချက်ကတော့ ကင်မရာအပိုင်းပါ။ မနှစ်ကတုန်းက ထုတ်လုပ်သူအနေနဲ့ ဘတ်ထရီသက်တမ်းကို ဦးစားပေးခဲ့ပြီးတော့ Redmi Note 4 နဲ့ Mi A1 တို့လို တစ်ခါအားသွင်းတာနဲ့ နှစ်ရက်လောက်ခံတဲ့ဖုန်းတွေ မိတ်ဆက်ခဲ့ပါတယ်။

Xiaomi မှာ ဘာတွေရှိနေသလဲဆိုတာ အသေးစိတ်မသိရသေးပေမယ့် စိတ်ဝင်စားစရာတော့ကောင်းနိုင်ပါတယ်။ Mi 6 ကို ကင်မရာနှစ်လုံးနဲ့ပြောင်းလဲခဲ့ပြီး ဒီနှစ်မှာလည်း ဒီအတိုင်း ရှိနိုင်ပါတယ်။ telephoto lens ကို ဆက်လက်မြင်ရနိုင်ပါသေးတယ်။


18:9 Samsungထုတ် display ကို ထည့်သွင်းနိုင်

18:9 form factor က ခေတ်စားလာတဲ့ စံနှုန်းတစ်ခုဖြစ်တာမို့ Xiaomi ကလည်း first-gen Mi Mix မှာ စတင်မိတ်ဆက်လိုက်တာကို ဂုဏ်ယူရမှာပါ။ မနှစ်က Mi 6 မှာတော့အဲဒီလိုမဟုတ်တာမို့ Mi 7 မှာတော့တွေ့မြင်နိုင်မှာပါ။

Mi 7 မှာ 18:9 Samsung panel ကို အသုံးပြုမယ်လို့ သတင်းတွေကြားရပါတယ်။ မျက်နှာပြင်အရွယ်အစား၊ resolution ကို မသိရသေးပေမယ့်လည်း ၆လက်မအရွယ်ဖြစ်နိုင်ပါတယ်။ Xiaomi ဟာ Quad HD panel ကို မိတ်ဆက်ဖို့ လုပ်ထားပါတယ်။ ဒါပေမယ့် Mi 7 မှာ ပြောင်းလဲနိုင်ပါတယ်။

3D face recognition ကလည်း key feature ဖြစ်နိုင်

Mi 7မှာ face unlock feature ပါနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ Xiaomi ဟာ facial recognition နည်းပညာကို အသုံးပြုဖို့ fingerprint sensor ကိုလည်း ဖြုတ်ထားနိုင်ပါတယ်။

Xiaomi ရဲ့ စီအီးအို Lei Jun ဟာ Mi Mix 2 ကို မနှစ်က ပြသစဉ်မှာ အရှေ့ကင်မရာ module ကို ဘောင်ပါးဒီဇိုင်းနဲ့ပေါင်းစပ်ပြီးတော့ ထုတ်လုပ်ခဲ့တာပါ။ iPhone X လိုအဟိုက်လေးလည်း ပါဝင်ပါတယ်။ facial recognition ကိုလည်း ဖုန်းကို unlock လုပ်ဖို့အတွက်အသုံးပြုနိုင်တာမို့ Mi 7ရဲ့အရှေ့မှာလည်းအလားတူပုံစံ မြင်ရမှာပါ။

3.5mm jack မရှိတော့

Xiaomi ကိုမနှစ်က ဘတ်ထရီသက်တမ်းတိုးမြှင့်ဖို့အတွက် headphone jack ကိုဖြုတ်လိုက်ပါတယ်။ Mi 7မှာ ပြန်ထည့်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ 3.5mm jack ကိုဖြုတ်တာရှက်စရာဖြစ်ပေမယ့်လည်း ကြိုးမဲ့နားကြပ်တွေဆီချီတက်နေကြတဲ့ လုပ်ငန်းစံနှုန်းကိုတော့ ကျော်လွန်လို့လည်း မရပြန်ပါဘူး။

MWC မှာ မြင်ရမလား

Mi 7 ကိုမြင်ရမလားဆိုတာကတော့ တရားဝင်ကြေညာထားတာ မရှိသေးပါဘူး။ Mi 7 ကို ပြသဖို့ နေရာတစ်ခုအဖြစ်လည်း သုံးနိုင်ပါတယ်။ Xiaomi ဟာ အာရှဈေးကွက်ကို ဦးတည်ထားပေမယ့် နှစ်နှစ်လောက်ကလည်း Mi 5 နဲ့ ကမ္ဘာ့စင်မြင့်ကို ပြသခဲ့ပါတယ်။ နောက်လမှာလည်း အဲဒီလိုဖြစ်မလား စိတ်ဝင်စားစရာပါပဲ။